iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ...
ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...
- မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
- ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
- "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။
ယူနီကုဒ် ဖတ်နိုင်ရန်အတွက်...
- မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/x4at+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
- ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
- "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။
**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**
ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။
ယခုကဲ့သို့ မြန်မာဖောင့်ကို သွင်းယူပြီးသော်လည်း "Safari Browser" တွင် မြန်မာဆိုက်များအား ဖတ်ရှုရာတွင် မြန်မာစာ မပေါ်သေးပါ။ မြန်မာလို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပါ..
Safari Browser တွင်ပြင်ဆင်နည်း
- ပထမဦးစွာ "Safari" ကို ဖွင့်ပြီး မြန်မာဆိုက် တစ်ခုကိုဖွင့်ပါ၊ ထိုနောက် ကို နှိပ်ပြီး ပုံကို ရွေးလိုက်ပါ။
- Location ကို Bookmarks တွင်ထားပါ။ အမည်ကို "Zawgyi Force" ဟု ပေးပြီး "Save" လုပ်ပေးလိုက်ပါ။
- Bookmark icon ကို နှိပ်၍ "Bookmarks" ထဲက "Edit" ကို နှိပ်ပါ။
- "Zawgyi Force" ကို ရှာပါ၊ တွေ့ရင် Address နေရာတွင် အောက်ပါ code များကို Copy ကူးယူ၍ Replace လုပ်ပါ။
javascript:(function () {var css = document.createElement("style");css.type = "text/css"; css.innerHTML = "body,html,p,textarea,input,* {font-family: 'Zawgyi-One' !important}";document.body.appendChild(css); for (k = 0; k < document.getElementsByTagName('frame').length; k++) { document.getElementsByTagName('frame')[k].contentDocument.body.appendChild(css);} })();
- "Save" လုပ်ပါ။
- အသုံးပြုနည်းကတော့ မြန်မာစာ မပေါ်သော မည်သည့် ဆိုက်ကိုမဆို အရင်သွားပြီးတာနဲ့ "Bookmarks -> Zawgyi Force" ကို နှိပ်လိုက်ပါ။
အခုဆိုရင် မြန်မာစာများ အလိုလျှောက် ပြောင်းလဲသွားပြီး Safari Browser တွင် မှန်ကန်စွာ ဖတ်ရှုနိုင်ပါပြီ။
Video Tutorial
မြန်မာစာ ရေးနိုင်ရန် ကီးဘုတ်အတွက်တော့ ကျွန်တော်တို့ ဆက်လက် မျှော်လင့်ကြပါဦးစို့...
ယခုကဲ့သို့ မြန်မာစာကို အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ဖန်တီးပေးသူ "ကိုသန့်သက်ခင်ဇော်" နှင့် Safri တွင် ဖတ်နိုင်ရန် လမ်းပြပေးသော "ကိုထိန်လင်းရွှေ (ကိုစေတန်)" တို့ကို အထူးအထူးပင် ကျေးဇူးတင်ရှိပါတယ်...
ဤသတင်းကို ကနဦး ရေးသားပေးသူ "ကိုစေတန်" နှင့် ညကြီးမင်းကြီး ကျွန်တော် အိပ်ယာဝင်ခါနီးမှ FB တွင် Tag လုပ်ပြီး သတင်းပေးလာသူ သူငယ်ချင်း "ကိုကမ္ဘာ့ဖျာ" တို့ကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်။
ကျွန်တော်တို့လို iDevice သုံးစွဲကြသူများ အနေနှင့်လည်း Developer များကို အားပေးကူညီကြတဲ့ အနေနဲ့ App များကို ဝယ်ယူသုံးစွဲကြပါလို့ "မိုးသိကြား" ဘလော့ခ်မှနေ၍ လေးလေးနက်နက် တိုက်တွန်းလိုက်ပါရစေ.... Special Credit to : ကိုစေတန် (blog.saturngod.net) အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
အဆင်ပြေပါတယ်အကို အရမ်းကျေးဇူးတင်ပါတယ်။
ReplyDeleteအဆင်ပြေပါတယ်အကို အရမ်းကျေးဇူးတင်ပါတယ်။
ReplyDeleteစာလုံးမမှန်ဘူးဖြစ်နေပါတယ် ဘယ်လိုလုပ်ရမလဲမသိဘူဒ ကူညီပါအုံး
ReplyDeleteကျွန်တော်တို့ အားလုံးဆီမှာတော့ အဆင်ပြေနေပါတယ်...
Deleteပထမ ဦးစွာကျေးဇူးတင်ကြောင်းပြောပါရစေ...install လုပ်ရုံနဲ့တော့ အဆင်မပြေပါ...Zawgyi Force နည်းကိုသုံးရပါသည်...
ReplyDeleteတကယ်ကျေးဇူးတင်တယ်ဗျာ share ဘို့လည်းကူးသွားပါတယ် Mogok နဲ့ လည်းဖတ်လို့တော့အဆင်ပြေတယ်
MMkeyboard ကို app store ကနေ 1$ လောက်ပေးဝယ်ပြီး pro ကို စမ်းကြည့်ပါတယ် ဖွင့်လိုက်တာနဲ့ပြန်ပြန်ပိတ်သွားတယ်ဗျာ ဘယ်လို လုပ်ရမလဲ ခင်ဗျာ
MMKeyboard, ZawgyiNote တို့က iOS 7 အတွက် support မလုပ်ပါဘူး။ ဒါကြောင့် ပိတ်ပိတ်သွားတာပါ..
Deletei use "sar" application it is ok !
Delete613 အတွက်ေ၇ာ အခုနည်းနဲ့ ၇နိုင်ပါသလား ခင်ဗျာ
ReplyDeleteအဆင်ပြေပါတယ်။ တိုးတက်အောင်မြင်ပါစေ။
ReplyDeleteThis comment has been removed by the author.
ReplyDeleteSuggestion:should be register with APPLE for Myanmar font&keyboard in all I O S devices ... So the world will know Myanmar are not behind the world Stage :)
ReplyDeleteIpad mini ရလား သိရင်ကူညီပေးကြပါအုံး အားလုံးကိုကျေးဇူးတင်တယ်
ReplyDeleteIn my facebook I can't see myanmar font when using ipad 2 with ios 7,though it's ok when surfing thithtoolwin.Any suggestion?I should admit I don't know how to do it anymore from step 4.
ReplyDeleteကျနော့်ဖုန်းမှာ Cocoa error 516. လို့ပေါ်နေတရ်ဗျာ ဘာဆက်လုပ်ရမလဲခင်ဗျ
ReplyDeleteဖောက်ပြီင်္းတော့ သောက်လိုက်ပါဗျာ အားလုံးအဆင်ပြေသွားမှာပါ... ဟဲ.. ဟဲ...
Deleteအဆင်ပြေပါတယ် ဒကာလေး ဒကားလေးတို့ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါယ် ကျန်းမာချမ်းသာ လိုအင်ဆန္ဒပြည့်ဝပါစေ
ReplyDeletethank you so much.now i can read myanmar fonts ,no need to use third party software.my os is ios7.0.4
ReplyDeleteno need to reboot and Zawgyi Force.thank you
ကျွန်တော့ဖုန်းက iphone5 -7.0.4 versionပါ can't fine safari broswer ပဲပြနေတယ်။မရသေးဘူး အစ်ကိုရေ ဘာဆက်လုပ်ရမလဲ
ReplyDeleteကူညီပေးပါဦး......
ကျေးဇူး ကမ္ဘာ ဗျို့။
ReplyDeleteအကို ကျနော်က iphone 5s ပါ zawgyione fontကို instill လုပ်ရင် cocoa error 516 ပေါ်နေလို့ ကူညီပါအုန်းခင်ဗျ
ReplyDeleteSame here bro. Can anybody give us the solution?
DeleteDeveloper reply me that no solution,bro.
Deleteios 6.1.5 အတွက် မြန်မာစာလေး လုပ်ပေးပါဦးဗျို.
ReplyDeleteHelp me pls, i have also error message cocoa 516 :(
ReplyDeleteHello, I cannot read myanmar font on ios7.1. Is it compatible with Ios7.1?
ReplyDeleteYes Me too tell me sir
Deleteကိုမိုး ကျနော့ဖုန်း ios 7.1 update ဖြစ်သွားလို့ jailbreak မရတော့ဘူး
ReplyDeleteမြန်မာစာပေါ်အောင် ကိုသန့်သက် ရဲ့ ios 7+ မှာမြန်မာလိုဖတ်ရှုနိုင်ပြီ က
zawgyione-font install လုပ်ဘို့ page not found ဖြစ်နေတယ် ပြန်တင်ပေးလို့ရနိုင်မလား ကူညီပါအုံး ကျေးဇူးတင်ပါတယ်
Geeksn0w ကိုသုံးပြီးတော့ jealbreak လုပ်ပါ ကိုမိုးသကြားလိုင်းပြောင်းသွားပါပြီးနောက်ထပ် post အသစ်တွေမတင်ပေးတော့ပါဘူး ဒီမှာလဲစိတ်မကောင်းချင်းများစွာဖြင့်
Deleteကိုရီး ညီဘလော့မှာ ရှယ်ပီး တင်လိုက့်တယ်နော်...စာလေးတွေတော့နည်းနည်းပြောင်းထားတယ်.. လေးစားလျှက်....
ReplyDeleteကောင်းပါပြီဗျာ..
Delete71. မြန်မာဖောင့်လိုချင်တဲ့သယ်ရင်းတွေ http://kosaimonyo.blogspot.com/ အဲမှာလာယူကျပါနော်...
ReplyDeleteklwinoo638@gmail.com
ReplyDelete