iOS 7 ထွက်လာပြီးနောက်ပိုင်း Hacker တွေက Jailbreak Tool ကို အားလုံးအတွက် မထုတ်ပေးနိုင်ခင်မှာ Apple က iOS ကို version တစ်မျိုးပြီး တစ်မျိုး Update လုပ်လာတာ အခုဆ်ုရင် iOS 7.0.4 ဖြစ်သွားပါပြီ။
ဒါဟာ Apple က Jailbreak မလုပ်နိုင်အောင် အဟန့်အတား ဖြစ်စေဖို့ လုပ်ဆောင်နေတာလည်း ဖြစ်နိုင်သလို တည်ငြိမ်ပြီးပြည့်စုံတဲ့ iOS ဖြစ်အောင် ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်..
တစ်ကယ်တော့ Hacker တွေရဲ့ လက်ထဲမှာ iOS 7 ထွက်ကတည်းက Jailbreak လုပ်နိုင်နေပါပြီ၊ အဲဒီအချိန်ထဲကသာ Jailbreak Tool ကို အများသုံးနိုင်လောက်အောင် အချောသတ်ပြီး ထုတ်ပေးခဲ့ရင် အခုဆို အဲဒီ Tool က သုံးစားလို့ရမှာ မဟုတ်တော့ပါဘူး။ အချောသတ် Tool တစ်ခုဖြစ်ဖို့ လနဲ့ချီပြီး ကြာတတ်တာကြောင့် Hacker တွေက အခုချိန်ထိ ထုတ်မပေးသေးပါဘူး။ Apple နဲ့ Hacker တွေရဲ့ ကစားပွဲတစ်ခုပါပဲ...။
iOS 7.0.4 ထွက်လာတဲ့အခါမှာ Jailbreak လုပ်ရန် စောင့်စားနေကြတဲ့သူများက iOS 7.0.4 ကို တင်လိုက်ရင် Jailbreak လုပ်ဖို့ အဆင်ပြေပါ့မလား၊ စိတ်ချရပါ့မလား ဆိုတဲ့ မေခွန်းတွေ ပေါ်ပေါ်က်လာခဲ့ပါတယ်။
"MuscleNerd" Jailbreak ဆရာကြီးက သူရဲ့ Twitter မှာ iOS 7.X.X ကိုသုံးနေပြီး Jailbreak ကိုစောင့်နေကြသူများ အနေနှင့် iOS 7.0.4 ကို ယောင်ပြီး တက်သွားမိခဲ့ရင်တောင် Jailbreak လုပ်နိုင်ပါသေးတယ် လို့ အသိပေးလိုက်ပါတယ်။ iOS 7.0.4 ဟာ Jailbreak အတွက် ဘာအနှောက်ယှက်မှ မရှိပဲ သည်းခံနိုင်ဖို့ လေ့ကျင့်ခန်းသာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
အကိုခင်ဗျား....
ReplyDeleteညီလေးကို ကူညီပါဦးခင်ဗျား.. ညီလေးဖုန်းက iphone 4 ပါခင်ဗျား ios 7.0.4 firmware 04.12.09 ဖြင့်ပါတယ်ခင်ဗျား...
ios 7.0.4 တင်ပြီး App Store ဖွင့်လိုမပါဘူးခင်ဗျား ဒါကြောင့် ios 6.0.3 ကိုပြန်ဆင်းခြင်ပါတယ်ခင်ဗျား...
iTunes Error 3194 ဖြင့်နေပါတယ်ခင်ဗျား အကိုပြောသလိုနှစ်နည်း စလုံးလိုက်လုပ်လည်းမရပါဘူးခင်ဗျား ကူညီပါအုံးခင်ဗျား ....အားကိုးလျှက်ညီလေး...ခင်မောင်ချင်း
လောလောဆယ် အခြေအနေအရ iOS 7+ ကနေ downgrade လုပ်ဖို့ဆိုတာ လုံးဝမလွယ်သေးပါဘူး။ လက်ရှိ iOS ကိုသာ Restore ပြန်လုပ်ပါ။ AppStore ကို ဝင်လို့မရတာ connection နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ကြိုးစားကြည့်ပါဦး။
Deleteအကိုခင်ဗျား.....
ReplyDeleteအကိုပြောသလို Restore ပြန်လုပ်ပြီး AppStore ဖွင့်လိုရသွားပါတယ်ခင်ဗျား ကျေးဇူးတင်ပါတယ်ခင်ဗျား
တစ်ခုလောက် ကူညီပြီး ဖြေရှင်းပေးပါဦးခင်ဗျား ညီလေးဖုန်က iphone 4 ပါခင်ဗျား ios 7.0.4 firmware 04.12.09 ခင်ဗျား
ညီလေး jailbreak လုပ်တာအောင်မြင်စွာ ရရှိခဲပါတယ်ခင်ဗျား jailbreak လုပ်ပြီးမြန်မာစာ နှင့်ကီးဘုတ်ထည့်ခြင်လိုလုပ်လိုက်တာ
ညီလေးနောက်ဆုံးRestart SpringBoard ကိုနှိပ်ပေးလိုက်ဒါ ဖုန်း Restare ကျပြီး Logo မှာရပ်နေပါတယ်ခင်ဗျား ...ကျေးဇူးပြု၍
ဘယ်လိုလုပ်ရမယ်ဆိုဒါ ပြောပြပေးပါဦးခင်ဗျား ....အားကိုလျှက် ညီလေး ခင်မောင်ချင်း
iPhone 4 iOS 7+ ရဲ့ Jailbreak က Tethered JB ဖြစ်လို့ power Off, Reboot လုပ်တိုင်း Apple logo မှာရပ်နေတတ်ပါတယ်။ ဒီအခါမှာ Tether Boot လုပ်ပေးဖို့ လိုပါတယ်။ ဒီတော့ Jailbreak လုပ်ဖို့ ပေထားတဲ့ ဖိုင်တွေထဲမှာ အဲဒီဖိုင်ပါ ပါလိမ့်မယ်။ ဘာနဲ့ လုပ်ထားတယ် ဆိုတာ မသိတော့ ဘယ်ဖိုင်လို့ တပ်အပ်မပြောနိုင်ပါဘူး ဒါကြောင့်မို့ Jailbreak လုပ်ခဲ့တဲ့ Tutorial ကြည့်ပြီးတော့ပဲ ပြန်လုပ်ပါ။
DeleteThis comment has been removed by the author.
ReplyDeleteအကိုခင်ဗျား....
ReplyDeleteညီလေး....Restore ပြန်လုပ်ပြီး Jailbreak ပြန်လုပ်ပါတယ်ခင်ဗျား...အောင်မြင်ပါတယ်ခင်ဗျား..
ညီလေး..မြန်မာစာ နှင့်ကီးဘုတ် သွင်းခြင်လိုပါခင်ဗျား ios 5 က စာနဲ့ကီးဘုတ်ထည့်လိုရလားခင်ဗျား ညီလေးထည့်ကြည့်ဒါ ကီးဘုတ်မပေါ်ပါဘူးခင်ဗျား ...ကူညီပါဦးခင်ဗျား အားကိုးလျှက်..ညီလေး ခင်မောင်ချင်း
အကိုခင်ဗျား...
ReplyDeleteညီလေး တစ်ခုလောက်မေးပါရစေခင်ဗျား...
Jailbreak လုပ်ထားပြီးသော ios တွေမှာ မြန်မာစာ ထည့်လိုရလားခင်ဗျား..
ios 7.0.4 မှာ ရောထည့်လိုရလားခင်ဗျား zawgyi font နှင်ကီးဘုတ်ရနိုင်လားခင်ဗျား...
ios 7.0.4 မှာ ညီလေး zawgyi font 4.3 ထည့်လိုက်တိုင်း Restart SpringBoard နိုပ်ပေးလိုက်တိုင်း logo မှာရပ်နေတော့တယ်ခင်ဗျား
အဲ့ဒါ ကိုဘယ်လိုဖြေရှင်းရမလဲခင်ဗျား zawgyi font ကိုမထည့်ပဲ ကီးဘုတ်ကိုဘဲထည့်လိုရလားခင်ဗျား... ကူညီးပါဦးခင်ဗျား....
အားကိုးလျှက်...ညီလေး ခင်မောင်ချင်း
အကိုခင်ဗျား...
ReplyDeleteညီလေး Jailbreak လုပ်ပြီး ညီလေးဖုန်းရဲ AppStore ကိုဝင်လိုက်တော့ ...ညီလေးရဲ့အကုတ်က US ကုတ်ပါခင်ဗျား
ညီလေးဝင်လိုက်တော့ ဝင်ခွင့်မပြုဘူးခင်ဗျား thai အကုတ်ပဲဝင်ခိုင်းနေတယ်ခင်ဗျား ညီလေးက ထိုင်းမှာအလုပ်လုပ်နေဒါပါခင်ဗျား
Jailbreak မလုပ်ခင်ကဝင်လိုရတယ်ခင်ဗျား ..လုပ်ပြီးမှ ဝင်လိုမရတော့ဒါဘာဖြင့်လိုလဲမသိဘူးခင်ဗျား..
ios 7.0.4 အတွက် Jailbreak မှာဘယ်လိုသုံးပြုရမလည်းခင်ဗျား... Jailbreak ဖြင့်ပြီးညီလေးလိုက်လုပ်တာတစ်ခုမှ အဆင်မပြေဘူးခင်ဗျား...မြန်မာကီးဘုတ်လည်းမရဘူးခင်ဗျား ညီလေး ဘယ်လိုဆက်လုပ်ရမလည်းခင်ဗျား Jailbreak လုပ်ရမှာလား
Jailbreak မလုပ်ပဲဒီတိုင်းထားရမှာလားခင်ဗျား...ကျေးဇူးပြု၍ကူညီပါဦးခင်ဗျား...အားကိုးလျှက်...ညီလေးခင်မောင်ချင်း