Saturday, November 16, 2013

iOS 7.0.4 Update

iPhone, iPad, iPodTouch တို့အတွက် Update ပေးလာတဲ့ iOS 7.0.4 မှာ ကြီးကြီးမားမား ပြောင်းလဲထားတာမျိုး မပါပဲ OS ပိုမိုကောင်းမွန်စေဖို့ Bug တွေကို ပြုပြင်ခြင်းနှင့် အသုံးပြုသူ အချို့ ရင်ဆိုင်နေရတဲ့ FaceTime Call fail ဖြစ်တဲ့ ပြဿနာတွေကို ပြုပြင်ထားပြီး minor update လုပ်ထားခြင်းသာ ဖြစ်ပါတယ်..


Apple ဟာ Fourth generation iPodTouch အတွက်လည်း FaceTime  ပြဿနာကို ဖြေရှင်းပြီး iOS 6.1.5 အနေနဲ့ ထုတ်ပေးထားပါတယ်။ Apple TV အတွက် version 6.0.2 ကို update ပေးထားသော်လည်း ဘာတွေ ပြောင်းလဲသွားတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

iOS 7.0.3 ထွက်ပြီးလို့ ရက်သတ္တ သုံးပါတ်အကြာမှာ ထပ်ထွက်လာတဲ့ 7.0.4 မှာ iCloud Key-Chain support လုပ်ထားပါတယ်။ iOS 7.0.4 ကို update လုပ်ချင်တယ် ဆိုရင်တော့ iTunes ကနေဖြစ်စေ iDevice ရဲ့ Settings ထဲကနေဖြစ်စေ update လုပ်နိုင်ကြပါပြီ..




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

11 comments :

  1. iphone 5s ကို 7.0.4 တင်လိုက်တာ internet ဖွင့်ရင် 3G မတက်တော့ဘူး။ E ပဲဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲပြောပြပါဦး။

    ReplyDelete
  2. အစ်ကိုရေ အခုမှ အစ်ကိုဆိုဒ်ထဲကိုရောက်ဖြစ်တာပါ ။ အခု ကျွန်တော့်ဆီမှာ ipad တစ်ခုရှိတယ်အစ်ကို အဲဒီကောင်ကို ios 7.0.4 ကို အင်တာနက်ကနေ update လုပ်လိုက်မိတာ အခုတော့ recover mode ပဲဖြစ်နေတယ်အစ်ကို itune နဲ့ချိတ်ဖို့ ပြနေတော့ ကျွန်တော်လည်း ကွန်ပျူတာနဲ့ချိတ်လိုက်တယ်အစ်ကို itune ကနေပြီးတော့ restored ipad ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်တာ
    သူ့အလိုလို ဒေါင်းတယ် ဒါပေမယ့် failed ဖြစ်ဖြစ်ပြီးတော့ အစကနေ ပြန်လုပ်နေရတယ် ။ ဘယ်လိုလုပ်ရမလဲ မသိ လို့
    ဖြစ်နိုင်ရင် လုပ်နည်းလေးနဲ့ လိုအပ်ချက်လေးတွေကို ပြောပြပေးပါလို့ ကျေးဇူးတင်စွာနဲ့ အကူအညီတောင်းခံအပ်ပါတယ် အစ်ကို
    အော် ကျွန်တော့် ipad က ipad 1 လို့ ကျွန်တော်က ထင်ထားတာ ဒါပေမယ့် itune နဲ့ချိတ်လိုက်တော့ ipad 2 လို့ပေါ်နေတယ်အစ်ကို version 5.1.1 တင်ထားတယ်အစ်ကို sim ထည့်လို့ရတယ် အစ်ကို

    ReplyDelete
    Replies
    1. connection ကြောင့် fail ဖြစ်နေတာပါ၊ connection ကောင်းတဲ့အချိန်မှ လုပ်ပေါ့။

      Delete
  3. ကျေးဇူးပါ အစ်ကို အခုလို မအားတဲ့ကြားက ပြန်ဖြေပေးလို့ ။အဆင်ပြေတဲ့အချိန်လေး ကျွန်တော့်ကို ဆက်လက်လုပ်ဆောင်ရမယ့် လုပ်နည်းလေးရှိရင်း ပြောပြပေးပါလို့အကူအညီ တောင်းပါတယ်။ အစ်ကို itune နဲ့ ကွန်ပျူတာမှာချိန်ပြီးရင် ဆက်ပြီးတော့ ဘယ်လိုတွေ လုပ်ရမယ်။ ပြီးတော့ ipsw လား အစ်ကို သူရဲ့farmware ကို ဘယ်လို့လုပ်ဖို့လိုအုံးမလဲအစ်ကို ကျွန်တော်မသိလို့
    ပါ စမ်းတ၀ါးဝါးနဲ့အခုလျှောက်လုပ်သလို ဖြစ်နေတယ် အစ်ကို ကျေးဇူးတင်လျှက် ။

    ReplyDelete
  4. အစ်ကို ကျွန်တော် မျှော်နေမယ်နော် ။

    ReplyDelete
  5. အစ်ကို မအားလို့အား ကျွန်တော်မေးထားတာ မဖြေဖြစ်သေးတာ ။ အစ်ကို ကျွန်တော် နောက်ထပ် တစ်ခုမေးချင်သေးတယ် အစ်ကို
    ၁။ ipad မျက်နှာပြင်မှာ ပေါ်နေတဲ့ icon တွေကို ဖြုတ်ရတာ လွယ်ပေမယ့် ပြန်ဖော်ရင် ဘယ်လို့ဖော်ရတာလဲ အစ်ကို။
    ၂။ install လုပ်ထားတဲ့ software ကို မလိုချင်တော့လို့ ပြန်ဖြုတ်မယ်ဆိုရင် ဘယ်လိုဖြုတ်ရမလဲ အစ်ကို ။ အစ်ကို အရင်က ပြောဖူးရင်လည်း ကျွန်တော်က အခုမှ ၀င်ကြည့်ဖူးတာဆိုတော့ ဘယ်လိုမှ သဘောမထားဘဲ ပြန်လည်ရှင်းပြပေးရင်
    ကောင်းမှာပဲလို ကျေးဇူးတင်ရင်း အစ်ကို့ရဲ့ အွန်လိုင်းတပည့် ။

    ReplyDelete
    Replies
    1. Ko Htwe.. Easy iDevice Guide ဆိုတဲ့ စာအုပ်လေးကို sidebar မှာ တင်ပေးထားပါတယ်။ iDevice တွေကို စပြီးသုံးမယ့်သူတွေ အတွက် သိသင့်သိထိုက်တဲ့ အချက်တွေနဲ့ လုပ်နည်း လုပ်ဟန်တွေကို ဖော်ပြပေးထားပါတယ်၊ ကိုထွေး သိချင်တာတွေအားလုံး အဲဒီစာအုပ်ထဲမှာ တွေ့ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Download လုပ်ပြီး ဖတ်စေချင်ပါတယ်၊ ရှင်းပြရင်သိပ်ရှည်နေမှာ စိုးလို့ပါ။

      Delete
  6. အစ်ကို ရေ လုပ်နည်းလေး ရှင်းပြပေးပါအုန်း။ ကျွန်တော် update လုပ်လိုက်တာ ios 7.0.4 ကို itune မှာ အားလုံးပြည့်သွားပြီး ။
    ဒါပေမယ့် ipad မှာ connect ပုံစံနဲ့ itune ပဲပေါ်နေတယ် ဘယ်လိုဆက်လုပ်ရမလဲ မသိလို့ ရှင်းပြပေးပါ အစ်ကို

    ReplyDelete
    Replies
    1. iPad ကို ကွန်ပျုတာနဲ့ ချိပ်ပြီး၊ ကွန်ပျုတာ iTunes ကနေ Update ဆိုတာကို နှိပ်လိုက်ရင် iOS 7.0.4 ကို uPdate လုပ်သွားပါလိမ့်မယ်။

      Delete
  7. အစ်ကို ကျေးဇူးပါ ခင်ဗျာ အခု ios 7.0.4 ကတော့ တင်ပြီးသွားပြီ၊ ဒါပေမယ့် အသံကို ဖမ်းဖို့နဲ့ မိုက်ကရိုဖုန်းက အလုပ်မလုပ်တာလား မသိဘူးအစ်ကို အသံပြန်မကြားရဘူး ။ အဓိက ကတော့ ဗွီဒီယိုရိုက်ရင် အရင်က အသံကိုကြားရတယ်အစ်ကို။ အခု အသံမကြားရတော့ဘူး အစ်ကို hardware လား software လား မသိဘူး ဖြစ်နေတယ် ။ ipad မှာ General ထဲက microphone ကို ဖွင့်လိုက်ရင်လည်း ပြန်ပြောတဲ့ ကြောင်တို့ဘာတို့မှ မှိန်နေတယ် အစ်ကို hight light မဖြစ်ဘူး
    ဖြစ်နေတယ် ။ ဘာကြောင့်မှန်းမသိလို့မေးကြည့်တာပါအစ်ကို နည်းနည်းလောက်ရှင်းပြပေးပါအုံး ။ အော် အစ်ကိုတင်ထားတဲ့ သူငယ်တန်း ဖတ်စာအုပ်ကို ဒေါင်းပြီးတော့ ဖတ်နေတယ်အစ်ကို အဲ့ထဲမှာလည်း အသံနဲ့ပတ်သက်ရင်တော့ software ကို ပြင်ထားမပါဘူးနော် ။ ကျေးဇူးလည်းတင်ပါတယ်အစ်ကို အစ်ကိုတို့လို စေတနာရှင်ဆရာ တွေရှိလို့ ကျွန်တော်တို့လို လူတွေ
    အများကြီးမျက်စိပွင့်၊ နားပွင့်ဖြစ်တာ ကျေးဇူးတင်လျှက် ပါ အစ်ကို ။

    ReplyDelete
    Replies
    1. နားကျပ်တပ်ပြီး နားကျပ်က မိုက်ကရိုဖုန်းနဲ့ အသံစမ်းကြည့်ပါဦး၊ ပုံမှန်အားဖြင့် ဒီလိုမျိုးဆိုရင် Hardware ပြဿနာလို့ပဲ ကောက်ချက်ဆွဲရပါလိမ့်မယ်...

      Delete