Saturday, May 3, 2014

Excel For iPad

Windows platform ကမ္ဘာတစ်ဝှမ်းကို လွှမ်းမိုးနိုင်ခဲ့တဲ့ အချက်တွေထဲမှာ Microsoft Office software ရဲ့ အောင်မြင်မှုကလည်း ကြီးကြီးမားမား ကဏ္ဍကနေ ပါဝင်နေခဲ့ပါတယ်။

Microsoft Office ရဲ့ တွင်ကျယ်လာမှုဟာ ကုမ္ပဏီရုံးလုပ်ငန်း စာရင်းအင်း လုပ်ကြသူတိုင်း မဖြစ်မနေ တတ်ကျွမ်းထားရမယ့် Qualification တစ်ခုအဖြစ် လိုအပ်လာပါတယ်။
Office suit ထဲမှာ နာမည်အကြီးဆုံးကတော့ "Excel" ဖြစ်ပါတယ်။ 1985 ခုနှစ်က စခဲ့တဲ့ Excel 1.0 ဟာ အခုဆိုရင် Excel 2013 တိုင်ခဲ့ပါပြီ။ ပထမဦးဆုံး Excel 2.2 ကို Mac အတွက် ရေးသားပေးခဲ့ပါတယ်။

Excel program နဲ့ ပက်သက်တဲ့ အဖုအထစ် ဇာတ်လမ်းလေးတွေ စတိဗ်နဲ့ ဘေလ်ဂိတ်ကြားမှာ ရှိခဲ့ဖူးတာကို စတိဗ်ဂျော့ အကြောင်း ရေးသားထားတဲ့ "နည်းပညာတစ်ဖက် အနုပညာတစ်ဖက်နှင့် လူသား" စာအုပ်ရဲ့ 'စတိဗ်ဂျော့နဲ့ ဘေလ်ဂိတ်' အခန်းမှာ အနည်းငယ် မြည်းစမ်းနိုင်ပါလိမ့်မယ်...

Apple ဟာ Microsoft ရဲ့ "Excel" နဲ့ ဆင်တူတဲ့ "Numbers" ကို ရေးသားခဲ့ပေမယ့် သိပ်မအောင်မြင်ခဲ့ပါဘူး။ ယခုတော့ စတိဗ်ဂျော့ကြီးလည်း မရှိတော့၊ Apple နဲ့ Microsoft ရဲ့ သဘောထားတွေ ပြောင်းလဲလာပြီလို့ ယူဆရပါတယ်။ ဒါကြောင့်မို့ အခုဆိုရင် Microsoft Office Suit ကို Mac OS အတွက် (version 2011) နဲ့ iPad အတွက် (version 2013) ကို iOS platform မှာ ပြန်လည် မြင်တွေ့ရမှာဖြစ်ပါတယ်။

iPad Applications (Word, Excel, PowerPoint) တွေကိုတော့ Apple Store မှာ Free Download ရယူနိုင်ပြီး Mac OS အတွက်တော့ SG$299 နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။

iPad App အနေနှင့် (Word, Excel, PowerPoint) တို့ကို Free ရယူခွင့် ပေးထားသော်လည်း Activation ကိုတော့ ချုပ်ကိုင်ထိန်းသိမ်းထားပါတယ်။ "Activate" လုပ်မှသာ မိမိဆောင်ရွက်ထားတဲ့ File များကို iPad အတွင်းမှာ Save နိုင်မှာ ဖြစ်ပါတယ်။
Activate လုပ်ဖို့ အတွက် ဆိုရင်တော့ "Microsoft Office 365 plan" ကို တစ်နှစ်စာ $99 နှင့် ဝယ်ယူထားဖို့ လိုအပ်ပါတယ်။

Activate မလုပ်ပဲ အသုံးပြုနိုင်တဲ့ နောက်ထပ်တစ်နည်းကတော့ Microsoft ရဲ့ Cloud service တစ်ခုဖြစ်တဲ့ "OneDrive" မှာ Sign Up လုပ်ပါ။ Storage 7GB အထိ Free ရနိုင်ပါတယ်။

iPad နှင့် Office ကို သုံးတဲ့အခါ Sign In ဝင်လိုက်တာနဲ့ မိမိဖန်တီးထားတဲ့ file တွေကို OneDrive မှာ Save ထားနိုင်ပြီး အချိန်မရွေး ပြန်လည် ဖွင့်ယူ ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။
(သို့သော် "Activate" မဖြစ်သေးတဲ့အတွက် Offline အနေနှင့်တော့ အသုံးမပြုနိုင်ပါ)

>> OneDrive SignUp လုပ်ရန်

"Microsoft Office 365 plan" ရှိထားသူများကတော့ "Activate" ဖြစ်နေပြီး File များကို မိမိ iPad မှာပင် Save လုပ်ထားနိုင်တဲ့အတွက် Offline ပင်အသုံးပြုနိုင်ပါလိမ့်မည်။


**Excel Hack**
အပေါ်တွင် တရားဝင် အသုံးပြုနိုင်သော နည်းလမ်းများကို ဖော်ပြပေးခဲ့ပြီးနောက် ယခုတစ်ခါ "Microsoft Office 365 plan" မရှိပဲ 'Excel' ကို Activate လုပ်ပြီး မိမိ၏ iPad မှာတွင် File များကို သိမ်းဆည်းထားနိုင်မည့် နည်းလမ်း နှစ်သွယ်ကို ဖော်ပြလိုက်ပါတယ်။

1. Flex အသုံးပြုခြင်း (ပထမနည်း)
လိုအပ်ချက်: Jailbreak ဖြစ်ထားရပါမည်။ Flex သွင်းယူထားရန်။

လုပ်ငန်းစဉ်
၁) Flex ကို ဖွင့်၍ "Patches" တွင် "+" နှိပ်ကာ 'Excel' ကို ထည့်ပါ။


၂) 'Title' တွင် "Excel Activation Patch" ဟု အမည်ပေးပါ။ (သို့) မိမိ နှစ်သက်ရာ။


၃) 'Units' အောက်ရှိ "Add Units.." ကို နှိပ်ပါ။ "Excel" ကို ထပ်နှိပ်ပါ။

၎) Search box တွင် " isSubscriptionValid " နှင့် " setButtonActivate:(id) " ကို ရှာ၍ ထည့်ပါ။


၅) ထို့နောက် 'Patch Editor' ထိ ရောက်အောင် back နှင့် ပြန်သွားပြီး " isSubscriptionValid " တွင် "True" ဟု Set လုပ်ပါ။




၆)'Patches' တွင် "Excel Activation Patch" ဘေးတွင် အမှန်ခြစ် ရွေးပြီး သုံးနိုင်ပါပြီ



**How to use Flex Video Tutorial**




2. Add Hack file (ဒုတိယနည်း)
ယခုနည်းလမ်းကတော့ ပိုမိုလွယ်ကူနိုင်ပါလိမ့်မည်။ ပေးထားသော .deb file ကို iFunBox အသုံးပြု၍ Install လုပ်ပါ။
ထို့နောက် Reboot လုပ်ပါ။

>> Download excelhack.deb >> .Deb file သွင်းယူနည်း

ယခုဆိုရင် "Excel" ကို "Microsoft Office 365 plan" မရှိပဲ Activate လုပ်နိုင်ပြီး မိမိ၏ iPad မှာပင် သိမ်းဆည်းထားနိုင်ပါပြီ။
"Word" နှင့် "PowePoint" အတွက် နည်းလမ်းကိုမူ ရှာဖွေနေကြဆဲဖြစ်လို့ လောလောဆယ်မှာတော့ "OneDrive" နှင့်သာ မှေးပြီးသုံးထားနိုင်ပါသည်။




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား စေတနာထားသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Facebook Comments

0 comments :

Post a Comment