ပစ္စည်းတစ်ခုဟာ သုံးစွဲခဲ့တဲ့ သက်တမ်း ကြာမြင့်လာတာနဲ့ အမျှ သူရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတာဟာ သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်..
နေ့စဉ်ရက်ဆက် အချိန်တော်တော်များများ အသုံးပြုခြင်း ခံနေရတဲ့ Smart Phone တွေရဲ့ စွမ်းဆောင်ရည်ဟာ တစ်နှစ် နှစ်နှစ် အတွင်းမှာပဲ လျှင်မြန်စွာ ကျဆင်းသွားတတ်ပါတယ်။
iOS devices များမှာ ဆိုရင်တော့ OS version ကမြင့်လာတဲ့အခါမှာ hardware က မလိုက်နိုင်တော့တဲ့ အတွက် လေးလံနှေးကွေးတာမျိုး ကြုံရတတ်ပါတယ်။ နောက်တစ်ခါ Jailbreak လုပ်လိုက်ပြီး tweaks တော်တော်များများကို သွင်းယူ အသုံးပြုလိုက်တဲ့အခါမှာ စွမ်းဆောင်ရည် တစ်ဖြည်းဖြည်း နှေးကွေးလာတတ်တာကိုလည်း သတိပြုမိရင် သိရှိကြပါလိမ့်မယ်...
ယခုလို စွမ်းဆောင်ရည် နှေးကွေးသွားတဲ့ Jailbroken iDevices များအတွက် မြန်နှုန်းကို နှစ်ဆမက မြှင့်တင်ပေးမယ့် Tweak တစ်ခုဖြစ်တဲ့ "iOverclock 2" iOS 7 အတွက် အသစ်စက်စက် မကြာသေးမီ ရက်ပိုင်းကမှ ထွက်လာပါပြီ။
"iOverclock 2"
Phone CPU ရဲ့ စွမ်းဆောင်ရည်ကိုသာမက GPU ကိုပါ မြှင့်ပေးထားလို့ Gamer များ သဘောကျနှစ်ခြိုက်စေပါလိမ့်မယ်။ Overclock လို့ အမည်ပေးထားလို့ ဘက်ထရီ အစားပိုမြန်မှာလားလို့ မေးရင်တော့ "NO" ပုံမှန်အတိုင်းပဲ ရှိနေမှာပါ။
Description မှာ ဘက်ထရီ ပိုစားနိုင်တယ်လို့ safe side ယူပြီး ရေးထားပေမယ့် တစ်ကယ့်လက်တွေ့မှာ ဘက်ထရီ ပိုမစားကြောင်း လက်တွေ့ စမ်းသပ်ပြီးပြီလို့ "iOverclock 2" ရေးသား ဖန်တီးတဲ့ Developer က ဖော်ပြထားပြီး သူရေးခဲ့သမျှထဲမှာ "iOverclock 2" ဟာ အကောင်းဆုံး ဖြစ်လို့ ဂုဏ်ယူကြောင်း ပြောပြထားပါတယ်။
"iOverclock" ကို Themes တစ်ခုအဖြစ် ဖန်တီးထားပြီး ဘက်ထရီသက်တမ်းကို ထိန်းသိမ်းနိုင်ဖို့ CPU downclocking ကို ထိန်းချုပ်ထားသလို အဆင့်မြှင့်တင်ထားတဲ့ iOS version တွေမှာ iDevice ကို လိုအပ်သည်ထက် ပိုမို အားမသုံးရပဲ Full speed Run နိုင်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ (iPhone 4 နဲ့ iOS 7 ကို သုံးတဲ့ အချိန်မျိုးတွေမှာ မြန်ဆန်မှုက ပိုမိုထင်ရှားစေပါတယ်)
အထက်ပါ အကြောင်းအရာတွေကတော့ "iOverclock" ဖန်တီးသူ 'Hurtkay Mods' ရှင်းပြထားတာဖြစ်ပါတယ်..
ကျွန်တော့်ရဲ့ ကိုယ့်တွေ့ အဖြစ် Jailbroken iPad 2 iOS 7.0.4 မှာ တင်ကြည့်လိုက်တဲ့ အခါမှာတော့ internet connection တွေကအစ သိသိသာသာကြီးကို မြန်ဆန်လာပါတယ်၊ အလုပ်ထဲမှာ connection ကျတော့ အရင်က YouTube, Facebook video တွေကို ကြည့်လို့ကို မရပါဘူး။
ဒါပေမယ့် "iOverclock" ကို install လုပ်ပြီးချိန်မှာတော့ video loading က စောင့်တောင် မစောင့်ရပဲ quality ကောင်းကောင်းနဲ့ ကြည့်နိင်သလို တစ်ခါတစ်ရံ ထစ်ငေါ့နေတတ်တဲ့ Game တွေအပြင် မြန်မာကီးဘုတ်ကစလို့ အခြား App တွေပါ သုံးရတာ မြန်လာပါတယ်။
ဘက်ထရီ သက်တမ်းလား...? အသိသာကြီး မဟုတ်ဘူးလို့ ဆိုရပါလိမ့်မယ်....
>> "iOverclock 2" ကို သွင်းယူရန် <<
> Cydia -> Sources -> Edit -> Add တွင် http://apt.modmyi.com/ ကို source အဖြစ် သွင်းယူ၍ Install လုပ်ပါ။
Themes အဖြစ် ဖန်တီးထားသောအတွက် 'WinterBoard' application နှင့် တက်လာပါမည်။
> Home screen ရှိ 'WinterBoard' App မှသော်၎င်း Settings ထဲရှိ 'WinterBoard' မှတစ်ဆင့် သွားနိုင်ပါသည်။
> (iOS 6-) နှင့် (iOS 7+) themes နှစ်ခု ပါရှိပြီး မိမိ iDevice ၏ iOS version နှင့် ကိုက်ညီစွာ ရွေးပေးရန် လိုအပ်ပါသည်။
> ထို့နောက် 'Respring' လုပ်ပါ။
Themes ဟုဆိုသော်လည်း Graphic Interface ပြောင်းလဲသွားခြင်း မရှိပဲ ပြန်တက်လာသောအခါ နောက်ကွယ်ကနေ၍ အလုပ်လုပ်ပါလိမ့်မည်။
> အကြောင်းတစ်စုံတစ်ခုကြောင့် မသုံးချင်ပါက အမှန်ခြစ်ဖြုတ်ကာ 'Disable' ပြန်လုပ်နိုင်ပါသည်။ 'Respring' လုပ်ပါ။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား
0 comments :
Post a Comment