အစား အသောက် ကောင်းကောင်းလေးတွေများ စားရ၊ သောက်ရရင် ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေကို သတိယတတ်တာ ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ ချစ်စရာကောင်းတဲ့ စိတ်ရင်းလေး တစ်ခုဖြစ်ပါတယ်။
လူတိုင်းလည်း ဖြစ်ဖူးကြမှာပါနော်...
ကျွန်တော်လည်း မြန်မာထဲက မြန်မာလူမျိုး တစ်ယောက်မို့ iOS နဲ့ ပက်သက်တဲ့ အသီးအပွင့် အကောင်းလေးတွေကို စားသုံးရတဲ့အခါ ကျွန်တော် ချစ်တဲ့ ခင်တဲ့ "မိုးသိကြား" ကို အားပေးတဲ့ စာဖတ်ပရိသတ်တွေကို အမြဲ သတိယနေမိပါတယ်...
အဲဒီလို အခါမျိုးတွေမှာ ကျွန်တော် မျိုမကျသလို အမြဲတမ်းခံစားရပါတယ်...
ဒါကြောင့်မို့ စာမရေးတော့ဘူးလို့ ပိုင်းဖြတ်ထားတဲ့ စိတ်ကို ပြန်လည် ဖြေလျှော့ရင်း တစ်ဖြည်းဖြည်းခြင်း ပြန်လည် ရေးသားသွားပါမယ်လို့ သတင်းကောင်း ပါးအပ်ပါတယ်...
ဒိုမိန်းသက်တမ်းကို ဆက်လက် မတိုးထားခဲ့တဲ့ အတွက် "moethagyar.info" ကို Google (သို့) အခြား တစ်စုံတစ်ယောက်က ဝယ်ယူသိမ်းဆည်းသွားခဲ့ပါတယ်။ ဒါကြောင့် ခုချိန်မှာ ပြန်လိုချင်ရင်တော့ အဆမတန် တန်ဖိုးပေးမှသာ ပြန်လည် ရရှိနိုင်တော့မှာ ဖြစ်ပါတယ်...
ဒီအတွက်ကြောင့် ကျွန်တော်ရဲ့ ဒိုမိန်း အမည်ကို မူရင်း "မိုးသိကြား" အမည်လည်း မပျက်စေပဲ "moethagyar" အစား (r) တစ်လုံးတိုးကာ "www.moethagyarr.info" ဟု ပြောင်းလဲထားလိုက် ပါတယ်။
စာဖတ်သူ မိတ်ဟောင်း မိတ်သစ်များအားလုံးကို "www.moethagyarr.info" မှ ကြိုဆိုရင်း အစဉ်အလာမပြတ် ဆက်လက်၍ ကြိုးစားရေးသားသွားပါဦးမည်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား
welcome bro
ReplyDeleteစေတနာကို လေးစားလျှက်ပါ ကိုမိုးသကြား.. ဆိုဒ်လေး ၃ ၄ လလောက် ဖွင့်မရတော့ ဟာတာတာနဲ့ ... iDevice တွေအတွက် တစ်ခုခု လိုနေသလိုလို
ReplyDeleteဒီဆိုဒ်ကြောင့် ios နဲ့ပတ်သက်တာတွေ လုပ်တတ်လာတယ် အကို post တွေကို များများတင်ပေးပါလို့ အထူးသဖြင့် jailbreak တွေကိုပေါ့ ကျေးဇူးတင်ပါတယ် အကို........
Deleteစာပြန်ရေးတဲ့အတွက် အလွန်ပဲဝမ်းသာလှပါတယ်။ iDevice နဲ့ပါတ်သက်ရင် မိုးသကြားက ပိုပြည့်စုံပါတယ်။ ကျေးဇူးတင်ပါတယ်
ReplyDeleteစာပြန်ရေးတဲ့အတွက် အလွန်ပဲဝမ်းသာလှပါတယ်။ iDevice နဲ့ပါတ်သက်ရင် မိုးသကြားက ပိုပြည့်စုံပါတယ်။ ကျေးဇူးတင်ပါတယ်
ReplyDeleteကျေးဇူးတင်ပါတယ်..
Delete