Apple iDevice များရဲ့ IMEI number ကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေထဲကမှ iDevice များ အားလုံးအတွက် သင့်တော် လွယ်ကူမည့် စစ်ဆေးနည်းအချို့ကို ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်...
မိမိ Device ရဲ့ IMEI number ကို Unlock / iCloud remove လုပ်လိုတဲ့အချိန်မှာ မှန်မှန်ကန်ကန် သိရှိထားမှသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
IMEI number ကို စစ်ဆေးနိုင်တဲ့ နည်းလမ်းများမှာ About Menu, Dial, SIM Tray, iPhone Box, iTunes တို့တွင် ရှာဖွေ သိရှိနိုင်ပါသည်။
About Menu :
Home screen ရှိ Settings -> General -> About - IMEI ကို တွေ့နိုင်ပါသည်။
Dial :
Phone ကိုဖွင့်ပြီး Keypad တွင် *#06# ဟု ရိုက်ထည့်ပြီး Call နှိပ်ပါ။
IMEI number ကို တွေ့မြင်ရပါလိမ့်မည်။
SIM Tray :
SIM card ထည့်ရန် Tray ကို ဖွင့်၍ serial no. နှင့် IMEI တို့ကို စစ်ဆေးနိုင်ပါသည်။
iPhone Box :
iPhone ဗူးခွံ၏ ကျောဘက်နေရာတွင်လည်း IMEI number ကို တွေ့နိုင်ပါသည်။
iTunes :
Device ကို iTunes နှင့်ချိပ်ပြီး Detail ကို နှိပ်လိုက်သည့်အခါတွင်လည်း IMEI number ကို တွေ့မြင်ရပေလိမ့်မည်။
မိမိ Device ရဲ့ IMEI number ကို အထက်ပါနည်းလမ်းများ အသုံးပြု၍ မှန်ကန်စွာ ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်... အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် မိုးသိကြား
0 comments :
Post a Comment