Apple ရဲ့ နှစ်စဉ်ပြုလုပ်နေကျ WWDC 2014 ကို ယခုလာမယ့် ဂျွန်လ ၂ ရက်နေ့ (June 2nd) မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ iDevice (iPhone, iPad, iPodTouch) များ အတွက် မျိုးဆက်သစ် Operating System အသစ်ဖြစ်တဲ့ iOS 8 ကို ပွဲထုတ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်...
iOS 8 မှာ ထူးထူးခြားခြား ပြောင်းလဲ တိုးတက်လာမယ်လို့ မျှော်လင့်ထားတဲ့ Features တွေထဲက တစ်ခုကတော့ (Interactive Notifications) ဖြစ်ပါတယ်။
ယခုလက်ရှိ Notification Center ရဲ့ လုပ်ဆောင်ပုံက notification အသစ်တစ်ခု တက်လာတိုင်း Banner အနေနဲ့ iDevice ရဲ့ အပေါ်ထိပ်ပိုင်း နေရာမှာ ဖော်ပြလာပြီး အဲဒီ notification ကို tap လုပ်လိုက်တဲ့ အခါမှာတော့ သက်ဆိုင်ရာ Application ပွင့်လာပြီး တွေ့မြင် သိရှိနိုင်မှာ ဖြစ်ပါတယ်။
ပြီးတဲ့အခါမှာတော့ စောစောက ကျွန်တော်တို့ သုံးနေတဲ့ App ကို ပြန်သွားဖို့ အတွက် "Assistive Touch" ကနေ 'Home' ကို double tap လုပ်၍ App switcher မှ တစ်ဆင့် ပြန်လည် သွားရောက်ရပါတယ်။
ဥပမာ 'Safari' မှာ သတင်းများ ဖတ်နေစဉ် 'FaceBook' မှ notification တက်လာတဲ့ အခါမျိုး၊ Noti ကို နှိပ်လိုက်ပါက 'FaceBook' ရောက်သွားပြီး၊ ပြီးမှ 'Safari' တွင် ဖတ်လက်စကို လာပြန်ဖတ်သည့်အခါ Loading ပြန်စောင့်ရတာမျိုး ဖြစ်တတ်ပါတယ်။
iOS 8 မှာ ပါလာမယ်လို့ မျှော်လင့်ထားတဲ့ "Interactive Notifications" ကတော့ အဲဒီလို မဟုတ်ပဲ။ လက်ရှိသုံးနေတဲ့ App ကနေ ထွက်မသွားပဲ ပြန်လည် တုံ့ပြန်နိုင်အောင် အဆင့်မြှင့်ထားနိုင်ပါလိမ့်မယ်။
ဥပမာများအနေနှင့်:
Notification မှ (message, email) တို့ ဝင်လာတဲ့အခါ အသုံးပြုနေဆဲ App ကနေ ထွက်ဖို့ မလိုပဲ Quick Reply ပုံစံနှင့် လက်ရှိသုံနေတဲ့ App ပေါ်မှာတင် တိုက်ရိုက် စာပြန်နိုင်ခြင်း၊ ဖျက်ပစ်နိုင်ခြင်းတို့ကို လုပ်နိုင်ပါလိမ့်မယ်။
FaceTime calls ဝင်လာတဲ့ အခါမျိုးမှာလည်း "Accept / Decline" လုပ်မလား ရွေးချယ်နိုင်သလို iMessage နဲ့ စာပြန်နိုင်ခြင်း Callback reminder တို့ကိုလည်း Notification ထဲမှာပင် Set လုပ် (ပုံစံချ) ထားနိုင်ပါလိမ့်မယ်။
Interactive Notifications features အသစ်ကို အခြားနာမည်ကြီး App များဖြစ်တဲ့ WhatsApp, FaceBook, Twitter အစရှိသော third party App developer များအတွက်ပါ support လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ Apple ရဲ့ Stock App တွေမှာပဲ အလုပ်လုပ်နိုင်တယ် ဆိုရင် သိပ်ပြီးတော့ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။
နာမည်ကြီး Jailbreak tweaks တွေဖြစ်တဲ့ biteSMS, auki တို့မှာ အလားတူ လုပ်ဆောင်ချက်မျိုး အသုံးပြုနေနိုင်ပြီး ဖြစ်လို့ အဆိုပါ Quick Reply လုပ်ဆောင်ချက်မျိုးကို iOS 8 ရဲ့ Feature အသစ်တစ်ခု အဖြစ် ပါရှိလာဖို့ မျှော်လင့်နေမိပါတယ်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား
0 comments :
Post a Comment