အခုနောက်ပိုင်း iOS ရဲ့ Game ပုံစံတွေ တစ်ဖြည်းဖြည်း ပြောင်းလဲလာပြီး များသောအားဖြင့် Online Game တွေ ဖြစ်လာကြပါတယ်။ တော်တော်များများကလည်း Online Game တွေကို စွဲစွဲလန်းလန်း ကစားလာကြပါတယ်။
အရင်က Jailbreak လုပ်ထားရင် "LocallAPStore" "iGameGuardian" အစရှိသည်တို့နှင့် လိုအပ်တဲ့ ပိုက်ဆံ၊ ရွှေ၊ စိန်တုံး အစရှိတဲ့ Game ကစားဖို့လိုအပ်တဲ့ Point တွေကို ရယူနိုင်ခဲ့သော်လည်း၊ Online ပုံစံပြောင်းလာတဲ့ အခါမှာ သူတို့ရဲ့ ကိုယ်ပိုင် server တွေနဲ့ အပြန်အလှန် ချိပ်ဆက်ပြီးမှ "In App Purchase" "Waiting Time" တို့က အလုပ်လုပ်တဲ့ အတွက် လွယ်လွယ်နဲ့ Hack လုပ်လို့ မရတော့ပါဘူး။
ဥပမာ လက်ရှိနားမည်ကြီးနေတဲ့ "Clash Of Clans" "Hay Day" "Boom Beach" "Iron Force" တို့လို Online Game တွေ အတွက် ထိထိရောက်ရောက် Hack လုပ်နိုင်တဲ့ Tools တွေ မထွက်လာနိုင်ပါဘူး။
Internet မှာ ပျံ့နှံ့နေတဲ့ PC ကနေ တစ်ဆင့် Cheat code ထုတ်ပေးနိုင်တဲ့ software အများစုမှာ scam (လုပ်စား) များသာဖြစ်ပြီး (Android အတွက်တော့ မသိပါ) iOS အတွက်ကတော့ Link တွေကို Download လုပ်တဲ့အခါမျိုးမှာ Survey များကိုသာ ကြုံရတတ်ပါတယ်။ (ထို Survey များကို ဖြေဆိုပါက နောက်ဆက်တွဲ အမှန်တစ်ကယ် ငွေကုန်ကြေးကျမည့် ပြဿနာများ ရင်ဆိုင်ရပေမည်)။
ယခုကဲ့သို့ အခက်အခဲများ ကြားကပင် Online game အချို့ကို Hacker များက hack လုပ်ပြီး ပြင်ဆင်ထားတဲ့ system file များကို ပြန်လည် ထုတ်ပေးလေ့ရှိပါသည်။ ထို file များကို သက်ဆိုင်ရာ File location များတွင် ပြန်လည် ထည့်သွင်းလိုက်တဲ့အခါ လိုအပ်တဲ့ Game point တွေ အမြောက်အမြား ရရှိလာတာကို တွေ့ရပါလိမ့်မယ်။
အချို့ file များကို Copy/Paste လုပ်ရုံနှင့် ပြီးမြောက်နိုင်သော်လည်း၊ အချို့ကို Permission Set ပြန်လုပ်ပေးဖို့လိုပါတယ်။ သို့မှသာ မိမိကစားထားသော Level တိုင်းကို Game Point များနှင့် တစ်ကွ Save လုပ်နိုင်မှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါက App ကို တစ်ခါပြန်ဖွင့်တိုင်း အစကို ပြန်ပြန်ရောက်သွားပါတယ်။
အဆိုပါ File များကို မိမိ၏ Game folder တွင်းသို့ ထည့်သွင်းရာတွင် သိရှိနားလည်ရန် လိုအပ်သည့် File Permission Set လုပ်သည့် နည်းလမ်းကို အတတ်နိုင်ဆုံး ရှင်းလင်းစွာ ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်ချက်များ > Jailbroken, iFile
>> iFile သွင်းယူရန်
လုပ်ငန်းစဉ်
၁) မိမိထည့်သွင်းရမည့် Hacked file ရရှိလာပါက iFile တွင် "ver/mobile/Applications" လမ်းကြောင်းအတိုင်း သွားပြီး သက်ဆိုင်ရာ Application ကို ဖွင့်ပါ။
၂) "Applications" တွင် အောက်ပါအတိုင်း Code နံပါတ်များပဲ ပေါ်နေပါက:
၃) Applications Name ပေါ်ရန် "Preferences (စက်သွားပုံ)" ကိုနှိပ်ပါ။ ပြီးရင် "File Manager" တွင် "Application Names" ကို "ON" ပေးလိုက်ပါ။
၎) သက်ဆိုင်ရာ File လမ်းကြောင်းတွင် Hacked file ကို Copy/Paste, Overwrite လုပ်ပြီးပါက ထို file ကို Permission set လုပ်ရန် "i" လေးကို နှိပ်ပါ။
၅) ထို့နောက် "ACCESS PERMISSIONS" တွင် " User, Group, World " တို့တွင် ဘေးမြှားလေးကို နှိပ်ပြီး ပြောင်းနိုင်ပါသည်။
PERMISSIONS ACCESS Code များ အလိုက် Setting လုပ်ပုံကွာပါသည် (Hacker ၏ ညွှန်ကြားချက်အလိုက် Setting လုပ်ပါ)
PERMISSIONS ACCESS Codes
644
User: Read, Write
Group: Read
World: Read
755
User: Read, Write, Execute
Group: Read, Execute
World: Read, Execute
775
User: Read, Write, Execute
Group: Read, Write, Execute
World: Read, Execute
777
User: Read, Write, Execute
Group: Read, Write, Execute
World: Read, Write, Execute
**Numbers များ၏ အဓိပ္ပါယ် ရှင်းလင်းချက်**
Read ကို '4' ဟု သတ်မှတ်သည်။
Write ကို '2' ဟု သတ်မှတ်သည်။
Execute ကို '1' ဟု သတ်မှတ်ထားပါသည်။
ဥပမာ Set "775" ဟု ညွှန်ထားပါက
ပထမ '7' သည် "User" ၊ ဒုတိယ '7' သည် "Group" ၊ တတိယ '5' သည် "World" ကို ညွန်းဆိုခြင်းဖြစ်သည်။
ထို့ကြောင့် Permission Set လုပ်လိုက်သည့်အခါတွင်:
- User: Read, Write, Execute (4+2+1) = 7
- Group: Read, Write, Execute (4+2+1) = 7
- World: Read, Execute (4+1) = 5 ဟူသော တွက်နည်းဖြင့် အတိုကောက်များကိုသာ Code အနေနှင့် ဖော်ပြပေးတတ်ကြပါသည်။
အထက်ပါအတိုင်း မှန်ကန်စွာ Set လုပ်နိုင်မှသာ Hacked file များ ကောင်းမွန်စွာ အလုပ် လုပ်ကြပါလိမ့်မည်။
ကျွန်တော် လက်လှမ်းမီသလောက် Hacked file များကို တင်ပြပေးသွားမှာ ဖြစ်ပြီး Permission Code များကိုတော့ အတိုကောက်နဲ့သာ ဖော်ပြသွားမှာ ဖြစ်လို့ မှတ်မိထားစေချင်ပါသည်။
Hacked Code များကို "MoethagyarCode Forum" တစ်ခုအဖြစ် သီးခြားဖွင့်လှစ်ထားပြီး "www.moethagyarr.info" ၏ 'MENU Bar' မှ ဖြစ်စေ အောက်ပါလင့်ခ်မှ ဝင်ရောက်၍ Register Member ပြုလုပ်ပြီး ဝင်ရောက် ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
>> MoethagyarCode Forum
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...
မိုးသိကြား
This comment has been removed by the author.
ReplyDeleteကျွန်တော်က pvz2 unlimited hack ကိုလိုချင်နေခဲ့တာဗျ။ ရှာတော့မရှာခဲ့ဘူး။ ဒီနေ့မှ တွေ့တာ BiteYourApple repo မှာ pvz2 version 2.2.1 အတွက် patch ရှိတယ်ဗျ။ တကယ်လည်း အလုပ်လုပ်တယ်။ gems ကအများကြီးပဲ unlimited-အတိုးအလျော့မရှိဘူး။ coinsကတော့အများကြီးပဲ ဒါပေမယ့် အတိုးအလျော့ရှိတယ်။ ဘာမှ setting ချိန်စရာမလိုဘူး။ ဒီတိုင်းလေး အင်စတောလုပ်လိုက်ရုံပဲ။ :D
ReplyDeletehttp://repo.biteyourapple.net/pack.php?name=pvz2hack
Deleteleague of war
ReplyDelete