Wednesday, June 4, 2014

WWDC 14 မှာ ပွဲမထွက်နိုင်ခဲ့တဲ့ iPhone 6

June (2) ရက်နေ့ မနေ့က ပြုလုပ်ပြီးစီးသွားတဲ့ Apple ရဲ့ WWDC 14 Keynote မှာ Mac အတွက် OS X Yosemite နှင့် iDevice များအတွက် iOS 8 တို့ကိုသာ မိတ်ဆက်ပေးသွားခဲ့ပါတယ်။

အားလုံးက နောက်ထပ် အသစ်ထွက်လာဖို့ မျှော်လင့်ထားကြတဲ့ iPhone 6 နဲ့ ပက်သက်လို့တော့ တစ်စွန်းတစ်စမျှတောင် အသံမထွက်ခဲ့ပါဘူး။ ဒါကြောင့်မို့ Apple ရဲ့ ဝှက်ဖဲတစ်ချပ်လို ဖြစ်နေတဲ့ iPhone 6 နဲ့ ပက်သက်ပြီး ဘာကြောင့်ဆိုတဲ့ အတွေးမျိုးကိုယ်စီ ဖြစ်နေခဲ့ရပါတယ်..


ယခုနောက်ဆုံး တရုပ်ပြည်က ရရှိတဲ့ သတင်းအရ iPhone 6 ကို ပွဲမထုတ်နိုင်ခဲ့ရတဲ့ အကြောင်းရင်းကို သိရှိခဲ့ရပါပြီ...

2014 ခုနှစ် တစ်နှစ်ထဲမှာပင် အလုံးရေပေါင်း သန်း (၂၀) တင်ပို့နိုင်ဖို့ ရှေးရှုထားတဲ့ iPhone 6 (5.5inch ခန့်မှန်း) မှာ ဘက်ထရီ ပြဿနာ ဖြစ်ပေါ်နေပြီး ဒါကို Apple က ဖြေရှင်းနိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။

Apple က တရုပ်နိုင်ငံ အခြေစိုက် "Sunwoda Electronics" ကုမ္ပဏီတစ်ခုနဲ့ လက်တွဲပြီး Device အားလုံးမှာ တပ်ဆင်မယ့် ဘက်ထရီ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဘက်ထရီ တစ်ခုခြင်းစီရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ အကြမ်းမျဉ်း $6.40 ဖြစ်ပြီိး အဆိုပါ လိုအပ်ချက်ကို Apple ရဲ့ regular battery supplier ကုမ္ပဏီဖြစ်တဲ့ "Dynapack" ကလည်း ပူးပေါင်း ဖြည့်စွက် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

တစ်ချိန်ထဲမှာပဲ iPhone 6 (4.7inch ခန့်မှန်း) ကိုလည်း တစ်ပြိုင်နက် တင်ပို့နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
Apple ရဲ့ အစီအစဉ်အရ တစ်နှစ်အတွင်းမှာ iPhone 6 အလုံးရေ အားလုံးပေါင်း သန်း (၈၀) ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။

Display ပိုကြီးတဲ့ iPhone 6 က အရေအတွက် သာဖို့ရှိပြီး ဈေးနှုန်းကလည်း သိသိသာသာ ကွာခြားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါကြောင့်မို့ လာမယ့် စက်တင်ဘာလ လောက်မှာ အားလုံး အဆင်ပြေပြေနဲ့ ထွက်လာမယ့် iPhone 6 အတွက် ကြိုတင် စဉ်းစားရွေးချယ်ထားကြနိုင်စေရန် လက်တို့လိုက်ရပါတယ်။

ခုဆိုရင် WWDC 14 မှာ iPhone 6 ဘာကြောင့် ပွဲမထွက်နိုင်ခဲ့ဘူး ဆိုတဲ့ အဖြေက ရှင်းပါပြီနော်...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...

မိုးသိကြား

Facebook Comments

0 comments :

Post a Comment