Tuesday, June 3, 2014

WWDC 14 Keynote

Apple ရဲ့ WWDC 14 (World Wide Developer Conference) ကို June (2) ရက်နေ့ (မနေ့က) နံနက် ၁၀ နာရီတိတိမှာ San Francisco မှာရှိတဲ့ Moscone Center မှာ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပါပြီ။

အဆိုပါ ပွဲကို ကမ္ဘာတစ်ဝှမ်းလုံးက တိုက်ရိုက် ကြည့်ရှုနိုင်ဖို့လည်း (Live) ထုတ်လွှင့်ပြသခဲ့ပါတယ်။ မြန်မာစံတော်ချိန် အရ တနင်္လာနေ့ည ၁၁:၃၀ မှာ လွှင့်သွားခဲ့တာ ဖြစ်ပါပြီး Live လွှင့်မည့် သတင်းကို ဤနေရာတွင် ကြိုတင်ကာ သတင်းပေး ရေးသားခဲ့ပါတယ်..

နှစ်နာရီနီးပါး ကြာမြင့်တဲ့ WWDC 14 ပွဲကို မကြည့်ရှုလိုက်ရသူများ အတွက် Apple မှ မိတ်ဆက်ခဲ့တဲ့ အကြောင်းရာ အသစ်များကို ခြုံငုံရေးသား ဖော်ပြပေးလိုက်ပါတယ်။ ယခုတစ်ခေါက် WWDC 14 ပွဲတွင် အများက မျှော်လင့်ထားသလို မည်သည့် iDevice အသစ်ကိုမျှ မိတ်ဆက်သွားခြင်း မရှိပဲ အသစ်ထွက်လာမည့် iOS 8, Mac OS X Yosemite နှင့် Apps Features များကိုသာ ပွဲထုတ်ရှင်းလင်း ပြသသွားခဲ့ပါတယ်။


OS X Yosemite
ပထမဦးဆုံး Mac OS အသစ်ဖြစ်တဲ့ "OS X Yosemite" ကို မိတ်ဆက်ပါတယ်။
"OS X Yosemite" ရဲ့ အသွင်အပြင်ကို Flat design, Translucent panels တို့နှင့် mobile iOS ရဲ့ ပုံစံမျိုးအတိုင်း ပြင်ဆင်ထားပါတယ်။ ထူးခြားမှုအရှိဆုံးက Mac နှင့် iDevices တွေအကြား အပြန်အလှန် ဆက်သွယ် လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ OS အဟောင်းများထက် သာလွန်ပြီး အားလုံးကို သဘောကျ နှစ်ခြိုက်စေခဲ့ပါတယ်..


Notifications and Widgets
Yosemite ရဲ့ sidebar မှာပါရှိတဲ့ Notifications Center က iOS ရဲ့ ပုံစံမျိုးဖြစ်ပြီး third-party widgets တွေကို Mac App Store မှ ရယူပြီး Customize လုပ် (စိတ်ကြိုက်) ထည့်သွင်းနိုင်သွားပါပြီ။


Spotlight search
မိမိရှာဖွေလိုတဲ့ ထိပ်စ စာလုံး တစ်လုံးနှစ်လုံး ရိုက်လိုက်ရုံနဲ့ မိမိစက်ထဲမှာရှိတဲ့ အရာတွေအပြင် Wikipedia, Apple Maps အစရှိသည်တို့မှ သက်ဆိုင်ရာ အကြောင်းအရာများကို Perview အနေနဲ့ ပြသပေးမှာဖြစ်ပါတယ်။


Safari
Safari web browser ရဲ့ address bar က ပိုမို ကောင်းမွန်လျှင်မြန်စွာနဲ့ မိမိရိုက်သွင်းလိုက်သော အကြောင်းအရာနှင့် ပက်သက်သမျှကို ရှာဖွေပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် iOS Safari Browser ကဲ့သို့ "Share" button ကိုလည်း ထည့်သွင်းပေးထားပါပြီ။ "Private Window" အဖြစ် သီးခြားအသုံးပြုနိုင်ပြီး အဆိုပါ "private window" ထဲရှိ 'New Tab' များကလည်း 'private' အဖြစ်သာ ထပ်မံ ပွင့်လာမှာဖြစ်ပါတယ်။


Mail
Mail ရဲ့ feature အသစ်တစ်ခုအဖြစ် "Markup" ထည့်သွင်းထားပြီး Attachment နှင့် ပေးပို့လိုသော ဓါတ်ပုံများကို မပေးပို့မီ Mail ထဲမှာတင် မှတ်ချက် ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
"Markup" တွင် မှန်ဘီလူး ချဲ့ကြည့်ခြင်း၊ စာသားရိုက်ခြင်း နှင့် လမ်းညွှန်မြှား ဖြည့်စွက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။


MailDrop
ပေပို့လိုသော Mail ၏ attachment file size မှာ ကြီးမားလွန်းပါက email client က reject လုပ်တဲ့အတွက် ပုံမှန်အားဖြင့် ပေးပို့၍ မရပါ။ ဒီပြဿနာကို Apple က ဖြေရှင်းပေးတဲ့ အနေနဲ့ "MailDrop" ကို ဖန်တီးလိုက်ပြီး 5GB အထိရှိသော file များကို ပေးပို့နိုင်အောင် ဆောင်ရွက်လိုက်ပါတယ်။
'MailDrop' ရဲ့ လုပ်ဆောင်ပုံကတော့ ပေးပို့လိုတဲ့ File ကို iCloud ပေါ်ဦးစွာတင်လိုက်ပြီး အဆိုပါ လင့်ခ်ကိုတော့ မေးလ်လက်ခံသူမှ ပြန်လည် download လုပ်ရတဲ့ ပုံစံဖြစ်ပါတယ်။

iCloud Drive
iCloud တွင် မိမိသိမ်းထားသမျှ အရာများကို (iOS Apps များတွင် သိမ်းထားသော file များအပါအဝင်) 'Finder' မှာ ရှာလိုက်ရုံနှင့် တွေ့ရမှာဖြစ်ပြီး၊ 'iCloud Drive' မှာ Folder, Tag တို့ကို စိတ်ကြိုက် ခွဲခြားထားနိုင်ပါတယ်။
'iCloud Drive' ကို Mac, iOS တို့အပြင် Windows များမှလည်း အသုံးပြုနိုင်ပါတယ်။


Continuity
Apple ရဲ့ အသုံးအနှုန်းသစ်လို့ပဲ ဆိုရပါလိမ့်မယ်.. ဖော်ပြပါလုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးတဲ့ အတွက် "Continuity" လို့ ခေါ်ဆိုစေပါတယ်။

Handoff
OS X ရဲ့ new feature တစ်ခုဖြစ်ပြီး Mac နဲ့ iOS Device များအကြား မည်သည့် ခိုင်းစေချက်မျှ မပါပဲ အပြန်အလှန် ဆက်သွယ်ဆောင်ရွက် ပေးပါလိမ့်မယ်၊ ဒါကြောင့် 'Handoff' လို့ ဆိုထားပါတယ်။
ဥပမာအားဖြင့် iWork application ကို အသုံးပြုပြီး မိမိရဲ့ Mac မှာ လုပ်လက်စ တန်းလန်း အလုပ်ကို laptop ထားခဲ့ပြီး အပြင်ထွက်သွားတဲ့အခါမှာ iPad မှာတင် ပြီးလက်စ နေရာကနေ ဆက်လက်ပြီး လုပ်နိုင်ပါလိမ့်မယ်။


Airdrop
iOS 7 မှာ စတင်ပြီး မိတ်ဆက်ခဲ့တဲ့ "Airdrop" က iOS Devices များအခြင်းခြင်းသာ အပြန်လှန် ချိပ်ဆက်နိုင်ရာကနေ ယခု OS X အသစ်က စလို့ Mac များနှင့်ပါ အပြန်လှန် လုပ်ဆောင်နိုင်ပါပြီ။


Hotspot
မိမိ iPhone ရဲ့ connection ကို "OS X Yosemite" က အလိုအလျှောက် ရှာဖွေပြီး click တစ်ချက်နှစ်ချက် နှိပ်ရုံနှင့် Wi-Fi hotspot သဖွယ် အသုံးပြုနိုင်ပါပြီ။


SMS and Phone calls "OS X Yosemite" မှာ အကြိုက်ဆုံး feature ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကို ဝင်လာသမျှ SMS, Phone Calls တို့ကို Mac ပေါ်ကနေ တိုက်ရိုက် လက်ခံနိုင်၊ ပေးပို့နိုင်၊ ဖုန်းပြောနိုင်၊ ဖုန်းခေါ် နိုင်သွားပါပြီ။
သင့်ရဲ့ iPhone ဟာ သင်လက်လှမ်းမမီတဲ့ အခြား အခန်းတစ်ခုမှာ ထားခဲ့ရင်တောင် အားလုံးကို Mac ပေါ်ကနေ လုပ်နိုင်သွားပါပြီ။



iOS 8
Interactive Notifications
iOS 8 မထွက်ခင်ထဲက ထွက်ပေါ်နေတဲ့ ကောလဟာလ တစ်ခုဖြစ်တဲ့ "Interactive Notifications" ဟာ အခုဆိုရင် သတင်းအမှန် ဖြစ်သွားပါပြီ။ မိမိထံရောက်လာတဲ့ Notifications မှန်သမျှကို သက်ဆိုင်ရာ App တွေဆီ သွားစရာမလိုတော့ပဲ တုံပြန်နိုင်ပါပြီ။ ထို့အပြင် third-party widgets တွေကိုလည်း Noti ထဲမှာ ထပ်မံထည့်သွင်း ထားလို့ရပါပြီ (ဥပမာ Sport Scores, eBay)..


Stronger Spotlight
Spotlight ကို ပိုမို ရှာဖွေအားကောင်းအောင် ပြုပြင်ထားပြီး၊ iTunes မှာရနိုင်တဲ့ movies, songs များသာမက နီးစပ်ရာ ရုပ်ရှင်ရုံများ၊ ပြသချိန်များကိုပါ ဖော်ပြပေးနိုင်ပါလိမ့်မယ်။


QuickType Keyboards iOS 8 ရဲ့ Keyboard မှာပါရှိတဲ့ 'auto-complete suggestions' က စာရိုက်တဲ့နေရာမှာ ပိုမိုလျှင်မြန်စေမှာမို့ အဆိုပါ feature ကို "QuickType" လို့ အမည်ပေးထားပါတယ်။
"QuickType" က သင့်အတွက် အလွယ်ကူ အထိရောက်ဆုံး ဖြစ်နိုင်ခြေ အရှိဆုံး အဖြေကို ပြန်ပေးမှာဖြစ်ပါတယ်။ Apple က third-party keyboards ကိုလည်း iOS device မှာ ချိပ်ဆက်ခွင့် ပြုလိုက်ပါပြီ။


Messages
iOS 8 မှာ 'Message' ကနေတစ်ဆင့် text သာမက 'Audio' 'Video' message တို့ကို ပေးပို့နိုင်ပါပြီ၊ ထို့အပြင် temporary location sharing တို့ကို လုပ်ဆောင်နိုင်သလို အခြား features များဖြစ်တဲ့ remove people, busy group-message threads တို့ကို set လုပ်ထားနိုင်ပါပြီ။


HealthKit
iOS 8 မှာ native App အသစ်တစ်ခုအဖြစ် "HealthKit" ပါဝင်လာပြီး third-party Apps (Nike, Mayo Clinic တို့အပါအဝင်) များနှင့် ချိပ်ဆက်ကာ မိမိ၏ အထွေထွေ ကျန်းမာရေးကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။


Family Sahring
ယခု feature အသစ်ကတော့ မိသားစုများ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ မိမိ၏ မိသားစုဝင် (၆)ဦးထိ AppStore, iTunes Store တွင် Credit card တစ်ခုထဲမှ တစ်ယောက်တစ်မျိုးစီ ဝယ်ယူထားသမျှ အားလုံးကို Share သုံးနိုင်ပါပြီ။
ထို့အပြင် Calendars, Reminders, Photos နှင့် Find My Friends locations တို့ကိုပါ Share လုပ်နိုင်ပါမည်။ ပိုမိုကောင်းမွန်တဲ့ တစ်ခုကတော့ ကလေးတွေ အနေနှင့် တစ်ခုခုကို ဝယ်ယူဖို့ ကြိုးစားပါက Apple က မိဘများ၏ Device ကိုလှမ်း အသိပေး၍ Approve/Deny တောင်းပါလိမ့်မည်။ ဒါကို in-app purchase တွေအတွက် Bill shock မဖြစ်စေဖို့ ရည်ရွယ်ထားတာပါ။


Photo App
iOS 8 က Photo App မှာ အပြောင်းအလဲ အသစ်တွေထည့်ထားပါတယ်။ Photo App ထဲမှာတင် image များကို color adjutment, alignment တို့ကို edit လုပ်နိုင်ပြီး မိမိရဲ့ iDevice အကုန်လုံးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Photo များကို iCloud မှာ 5GB ထိ Free သိမ်းဆည်းပေးထားပါတယ်။ iCloud storage ပိုမိုရယူလိုတယ်ဆိုရင်တော့ 20GB အတွက် $0.99 နှင့် 200GB အတွက် $3.99 ကျသင့်မှာ ဖြစ်ပါတယ်။


SiRi Hands-Free
'Siri' ကို အသုံးပြုဖို့ မည်သည့် button မှ ထိတို့စရာ မလိုတော့ပဲ "Hey, Siri" လို့ ပြောလိုက်တာနဲ့ အလိုလျှောက် တက်လာမှာဖြစ်ပါတယ်။ Shazam နဲ့လည်း ချိပ်ဆက်ပေးထားတဲ့အတွက် သီချင်းများကိုလည်း ရှာဖွေပေးနိုင်ပါလိမ့်မယ်။
အကယ်၍ သင့်အိမ်မှာ 'smart home framework' တပ်ဆင်ထားမယ်ဆိုရင် Siri ကိုသုံးပြီး မီးမှိန်စေခြင်း၊ သော့ခတ်စေခြင်း အစရှိသည်တို့ကို စေခိုင်းနိုင်ပါတယ်။ ဘာသာစကားပေါင်း (၂၂) မျိုးကို ပိုမိုကောင်းမွန်အောင် မွမ်းမံပေးထားပါတယ်။


HomeKit
iPhone မှတစ်ဆင့် "Siri" ကို အသုံးပြု၍ (garage-door openers, lights, နှင့် security cameras) တို့ကို ထိန်ချုပ်နိုင်ဖို့ 'HomeKit' က ပံ့ပိုးပေးပါလိမ့်မယ်။
"Get ready for bed" လို့ ပြောလိုက်တာနဲ့ တစ်အိမ်လုံးက တံခါးတွေသော့တွေ အလိုလျှောက် မှိတ်စေ၊ ပိတ်စေမှာ ဖြစ်ပါတယ်။ Apple က HomeKit အတွက် အသိမှတ်ပြု ပါတနာတွေကတော့ Smart lock, Honeywell, iHome, TI တို့အပြင် အခြား ကုမ္ပဏီများလည်း ရှိနေပါတယ်။


အထက်ပါ Features အသစ်တွေပါတဲ့ "iOS 8" Beta version ကို ယခုပဲ စတင် Update လုပ်နိုင်ကြပါပြီ...


Developer များအတွက်တော့ "XCode" နဲ့ ရေးနိုင်ဖို့ 'Objective-C' language အစား ပိုမိုကောင်းမွန်တဲ့ "Swift" language အသစ်ကို မိတ်ဆက်ပေးသွားခဲ့ပါတယ်...
"Swift" language အတွက် လမ်းညွှန်စာအုပ်ကို 'iBook' မှာ ရယူနိုင်ပါတယ်။


**WWDC 2014 Video**




Credit to : verge


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Facebook Comments

0 comments :

Post a Comment