June (2) ရက်နေ့ ...
မနက်ဖြန်မှာ Apple ချစ်သူတွေ မျှော်လင့်နေကြတဲ့ WWDC 2014 Keynot ပွဲကို 10am (Pacific Time) မှာ ကျင်းပပြုလုပ်ပါတော့မယ်။
Apple က iDevice အသစ်တွေအပြင် နောက်ထပ် ဘာပစ္စည်းအသစ်တွေကို ပွဲထုတ်လာဦးမလဲ ဆိုတာကို အားလုံးက ရင်ခုန်နေကြပြီပေါ့နော်...
ဒါကြောင့် Apple ရဲ့ WWDC 2014 ပွဲကို တိုက်ရိုက်ကြည့်ရှုနိုင်မယ့် နည်းလမ်းလေးများကို Apple ချစ်သူတွေအတွက် လမ်းညွှန်ပေးလိုက်ပါရစေ...
Apple TV
Apple TV (2G, 3G) software 5.0.5 နှင့်အထက်တို့အတွက် တင်္နလာနေ့ နံနက်တွင် Home screen မှာ WWDC Channel တစ်ခုအဖြစ် ပေါ်လာပြီး တိုက်ရိုက်ကြည့်ရှုနိုင်ပါလိမ့်မယ်။
Mac & iOS Device
OS X v10.6 နှင့် Safari 4 အထက်ရှိသော 'Mac' နှင့် iOS Device အတွက်မူ iOS 4.2 နှင့်အထက် ရှိရန် လိုအပ်ပါသည်။
Windows
အတွက် 'Quicktime 7' ကို Install လုပ်ထားရန် လိုပါသည်။
WWDC App
အကယ်၍ သင့်မှာ iOS (သို့) Mac Developer account ရှိမယ်ဆိုရင်တော့ "WWDC" App ကို အသုံးပြုပြီး Keynotes နှင့် Videos Clip များကို လွှင့်တင်ပြီးချိန်တွင် ကြည့်ရှုနိုင်ပါပြီ။
"WWDC" App ကို App Store မှာ 'Free' ရယူနိုင်ပြီး iOS 7.1 ရှိဖို့တော့ လိုပါလိမ့်မည်။
အပေါ်မှာဖော်ပြပေးခဲ့တဲ့ အချက်တွေ ပြည့်စုံပြီ ဆိုရင်တော့ အောက်ပါလင့်ခ်လေးကို နှိပ်ပြီး 'WWDC 14' ပွဲလေးကို အတူတူ ရင်ခုန်ကြပါစို့...
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...
မိုးသိကြား
0 comments :
Post a Comment