Wednesday, May 28, 2014

How to Download Upload From Mobile Safari

Mobile Safari မှ နေ၍ လိုအပ်သော File များကို Download ဆွဲချနိုင်ခြင်းသာမက မိမိတွင် ရှိသော File များကို Cloud service များပေါ်သို့ iDevice ၏ Safari မှတစ်ဆင့် Desktop တစ်လုံးကဲ့သို့ တိုက်ရိုက် Upload တင်နိုင်ပါပြီ။

Cloud Service များဖြစ်တဲ့ DropBox, MediaFire အစရှိသော hosting များက iOS အတွက် App များ ထုတ်ပေးထားသော်လည်း iDevice ပေါ်မှ upload တင်ရာတွင် photo ကိုသာတင်ခွင့်ရှိပြီး အခြား file များကို တိုက်ရိုက် တင်နိုင်ဖို့ ခွင့်မပြုထားပါဘူး...

Cydia ရဲ့ အကောင်းဆုံး Tweaks တွေထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့ "Safari Downloader+" နှင့် "Safari Upload Enabler" တို့က မည်သည့် extention နှင့် file ကိုမဆို သင်ရဲ့ iDevice မှ လျှင်မြန်လွယ်ကူစွာ Download/Upload လုပ်ပေးနိုင်ပါပြီ..

**လိုအပ်ချက်**

- Jailbroken iDevice with iOS 6+ (or) iOS 7+
- File management အတွက် iFile သွင်းထားပါ။


>> How to Install iFile


"Safari Downloader+" v2.5-1

iOS 6.x, iOS 7.x သွင်းယူထားသော 64-bit, 32-bit iDevice များအားလုံးတွင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါလိမ့်မယ်။

>> အသုံးပြုပုံ <<

  • Mobile Safari Browser မှတစ်ဆင့် မိမိ Download လုပ်လိုသော File ကို နှိပ်ပါ။



  • Download လုပ်နေသော file ကို အနီရောင်နှင့် ဝိုင်းထားသော နေရာတွင် File လမ်းကြောင်းနှင့်တစ်ကွ တွေ့နိုင်ပါသည်။




"Safari Uplaod Enabler" v1.4-4

iOS 4.2+ ကစပြီး iOS 5+, 6+, 7+ အထိ သွင်းယူနိုင်ပါတယ်။

မှတ်ချက်။ ။ "Safari Uplaod Enabler" သည် Safari ၏ system နှင့် တိုင်ရိုက် ချိပ်ဆက် အလုပ်လုပ်မှာ ဖြစ်လို့ သွင်းယူပြီးသွားတဲ့ အခါ၊ မည်သည့် icon မှ Home screen တွင် တွေ့မြင်ရမှာ မဟုတ်ပါဘူး။

>> အသုံးပြုပုံ <<

  • Mobile Safari Browser မှနေ၍ မိမိအသုံးပြုလိုသော Cloud service တစ်ခုခုသို့ Log In ဝင်ပါ။ (နမူနာပုံများမှာ DropBox သို့ upload လုပ်ပါမည်)

  • အနီရောင်နှင့် ပြထားသော icon ကို နှိပ်ပါ (upload) စာသားပေါ်လာမည် တစ်ချက်ထပ်နှိပ်ပါ။


  • Pop-up box တစ်ခုတက်လာပြီး "Choose files" ကို နှိပ်ပါ။


  • မိမိတင်လိုသော File (သို့) Photo ဖြစ်ပါက အနီနှင့် ပြထားသော နေရာတွင် ရွေးချယ်ပါ။ ထို့နောက် file လမ်းကြောင်းရှာပေးလိုက်ပါ။ (File တစ်ခုမက Upload လုပ်နိုင်ပါသည်)


  • ထို့နောက် Uplaod ကို နှိပ်လိုက်ပါက အောက်ပါအတိုင်း Upload လုပ်နေပါပြီ။



>> Repo <<

"Safari Downloader+" နှင့် "Safari Uplaod Enabler" နှစ်မျိုးစလုံး သွင်းယူနိုင်ရန် အတွက် 'http://repo.insanelyi.com/' ကို Cydia Sources တွင် Add လုပ်ပြီး သွင်းယူနိုင်ပါပြီ။


အခုဆိုရင်တော့ Safari Browser မှ တိုက်ရိုက် မိမိတို့၏ File များကို Upload/Download စိတ်တိုင်းကျ လုပ်ဆောင်နိုင်သွားပါပြီ..




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

2 comments :

  1. အကို cydia ပျောက်သွား တဲ့ error ကို အမှန်တစ်ကယ် ရှင်းလို့ရတဲ့ နည်းလမ်းလေးရှိ ရင် မျှပေးစေချင်ပါတယ်

    ReplyDelete
  2. ဒီနေရာမှာ လေ့လာကြည့်ပါဦး http://www.moethagyarr.info/2014/01/cydia.html

    ReplyDelete