MacBook Air နှင့် Retina MacBook Pro တို့မှာ ဝယ်ယူစဉ်ထဲက ပါလာတဲ့ Storage ကို ထပ်မံ upgrade လုပ်နိုင်ဖို့ offer မရှိသေးပါဘူး။ ဒါကြောင့် storage မလောက်ငတဲ့ ပြဿနာ ရှိတတ်ပါတယ်။
Third party memory ဖြစ်တဲ့ SD card slot တွေကို MacBook Air နဲ့ Retina Pro တို့မှာ semi-permant storage အဖြစ် အသုံးပြုပြီး on-board storage ကဲ့သို့ Time Machine backup နှင့် file အကြီးစားတွေကို device တွေအကြား ရွေ့ပြောင်းပေးနိုင်ပါတယ်။
သို့ပေမယ့် ပြဿနာက SD card တွေကို MacBook မှာ ထိုးသွင်းလိုက်တဲ့အခါ Laptop casing နဲ့ ကွက်တိမကျပဲ အပြင်ကို အစွန်းထွက်နေတာပါ။ ဒီလို ကွက်တိဖြစ်မနေတဲ့ အတွက် အခန့်မသင့်ရင် card (သို့) မိမိရဲ့ Mac ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် လက်ရှိဈေးကွက်ထဲမှာ ရှိနေတဲ့ SD card အမျိုးအစားတွေထဲက ရွေးချယ်ဖို့ အသင့်တော်ဆုံး ဖြစ်မယ့် (၃) မျိုးကို ဖော်ပြပေးလိုက်ပါတယ်..
PNY StorEDGE 64GB နဲ့ 128GB နှစ်မျိုးထုတ်ထားပြီး အရောင်ကတော့ အနက်ဖြစ်ပါတယ်၊ card ကို အသွင်းအထုတ် လွယ်အောင် အစွန်းကို လိုသလောက်လေးပဲ ထွက်ထားပါတယ်။ 64GB အတွက် $100 နှင့် 128GB အတွက် $200 ဈေးနှုန်း သတ်မှတ်ထားပြီး လောလောဆယ်မှာတော့ $38 နဲ့ $75 နဲ့ ရနိုင်ပါလိမ့်မယ်။
SanDisk miniDrive 64GB storage တစ်မျိုးသာ ထုတ်လုပ်ထားပြီး လွယ်လွယ်ကူကူ ပြန်ဆွဲထုတ်နိုင်အောင် pull tab ထည့်ပေးထားပါတယ်။ ရောင်းဈေး $59.99 ဖြစ်ပြီး လက်ရှိမှာ လျှော့ဈေးအဖြစ် $49.99 နဲ့ ရနိုင်ပါတယ်။
JetDrive Lite 64GB နဲ့ 128GB နှစ်မျိုးရှိပြီး Read/Write speed ကတော့ 95MB/s နဲ့ 60MB/s ရှိလို့ အမြန်ဆုံးလို့ ပြောလို့ရပါတယ်။ ဈေးနှုန်းကိုလည်း 64GB အတွက် $39 နဲ့ 128GB အတွက် $79.99 နဲ့ ဈေးဖွင့်ထားပါတယ်။
တစ်ခုခုကို ဝယ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ မဝယ်မီ သင့်ရဲ့ Mac model နဲ့ compatible ဖြစ်ရဲ့လားဆိုတာကို သေချာအောင် စစ်ဆေးပြီးမှ ဝယ်ယူပါ...
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...
မိုးသိကြား
0 comments :
Post a Comment