လွန်ခဲ့သော တစ်နှစ်ခန့်က Facebook က သူ့မှာတင်တဲ့ Video Clip တွေ News Feed မှာ တက်လာတဲ့အခါကို အလိုလျှောက် ပြသမယ့် AutoPlay စနစ်ကို ထည့်သွင်း မိတ်ဆက်ပေးခဲ့ပါတယ်။
အစပိုင်းမှာတော့ အသစ်အဆန်းမို့ ဟုတ်သလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကြည့်ဖို့ ဆန္ဒမရှိတဲ့ video တွေကို လိုက်ပိတ်ရတာ အလုပ်တစ်ခုဖြစ်လာပါတယ်။ ပိုဆိုးတာကတော့ မိမိရဲ့ mobile data plan တွေ Battery life တွေ မလိုအပ်ပဲ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။
အဲဒီအတွက် Jailbreak device တွေမှာဆိုရင် Facebook AutoPlay ကို ပိတ်ထားနိုင်တဲ့ 'Flex' tweak တွေတောင် ရေးသားပြီး ထွက်လာပါတယ်။
အခုတော့ Jailbreak မလုပ်ထားတဲ့ iDevice တွေမှာလည်း AutoPlay feature ကို ပိတ်ထားနိုင်မယ့် အလွယ်ဆုံး နည်းလမ်းလေးကို ဖော်ပြလိုက်ပါတယ်။
၁) ပထမဦးစွာ iPhone, iPad ရှိ "Settings" ကို ဖွင့်ပါ။
၂) Settings ထဲမှ Facebook -> Settings -> Auto-play ကို "Off" လုပ်ပါ။
ဒါဆိုရင်တော့ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ data plan, battery life တို့ကို Save လုပ်နိုင်ပါပြီ..
Enjoy Facebook!!
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...
မိုးသိကြား
0 comments :
Post a Comment