ကိုယ် ကိုယ်တိုင်က Game တွေမကစားပေမယ့် မိမိရဲ့ Facebook မှာ Game Request တွေ Invite တွေ တက်လာတတ်တာကို ကြုံဖူးကြပါလိမ့်မယ်။
ဥပမာ Candy Crush Saga လို Game ကစားဖို့အတွက် လိုအပ်တဲ့ အသက်တွေကို မိမိရဲ့ Facbook ရှိ friends တွေက လှမ်းတောင်းတာမျိုးပေါ့။
ဒီလိုကိစ္စမျိုးတွေကို အာရုံနောက်တတ်တဲ့သူများ အတွက် Game Request တွေကို iPhone, iPad တို့မှနေ၍ အလွယ်ဆုံး Block လုပ်နိုင်မယ့် နည်းလေးကို ဖော်ပြလိုက်ပါတယ်။
၁) ပထမဦးစွာ iPhone, iPad မှနေ၍ 'Facebook' App ကို ဖွင့်ပါ။
၂) အောက်ဖက်ရှိ Navigation မှ "More" ကို နှိပ်ပါ။ (iPad တွင် အပေါ်ဘယ်ဘက်)
၃) ထို့နောက် "Settings" ကို နှိပ်ပါ။
၎) Notifications -> Mobile Push ကို နှိပ်ပါ။
၅) "Application Requests" နှင့် "Application Invites" တို့ကို အမှန်ခြစ် (uncheck) လုပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ Game request တွေ Invite တွေ မိမိဆီကို နောက်ထပ် ရောက်လာမှာ မဟုတ်တော့ပါဘူး...
Enjoy Facebook!!
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...
မိုးသိကြား
0 comments :
Post a Comment