Friday, May 23, 2014

Facebook Update with New Share Feature

iPhone အတွက် Update အသစ်ပေးလိုက်သော Facebook version 10.0.0 မှာ လုပ်ဆောင်ချက် အသစ်အဖြစ် microphone အသုံးပြုပြီး နားဆင်နေသော သီချင်း နှင့် ကြည့်ရှုနေသော တီဗီအစီစဉ်တို့ကို မိမိ၏ Status မှာ post တစ်ခုအဖြစ် တိုက်ရိုက် update တင်နိုင်ပါပြီ။

မိမိလက်ရှိ နားဆင်နေသော Music, TV show တို့ကို post တစ်ခုအဖြစ် status တင်နိုင်ရန် "mood" icon ကို နှိပ်ရမှာဖြစ်ပါတယ်။ Application က လက်ရှိ နားဆင်နေသော Songs, TV show တို့ကို ဖော်ပြပေးမှာ ဖြစ်ပြီး Status တစ်ခုအဖြစ် မြန်မြန်ဆန်ဆန် share လုပ်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါလုပ်ဆောင်ချက်ကို "Off" ထားချင်တယ် ဆိုရင်တော့ screen ရဲ့ ညာဘက်ထောင့်နားရှိ Audio icon ကို Tap လုပ်လိုက်ရုံပါပဲ။
အကယ်၍ Feature ကို 'On' ထားခဲ့မယ်ဆိုရင်တော့ တစ်ခုခုရေးပြီး status update တင်ဖို့ ကြိုးစားတိုင်း သူက လိုက်လံရှာဖွေ နေဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိစိတ်ကြိုက် 'On' 'Off' လုပ်နိုင်ရန် ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်။



မိမိနားနေဆင်သော Music, TV show တို့ကို share လုပ်လိုက်သော်လည်း Facebook အနေနဲ့ အဆိုပါ Data တွေကို Save လုပ်ထားမှာ မဟုတ်ပါဘူး။ မိမိတင်လိုက်တာ သီချင်းဖြစ်နေခဲ့ရင် 30 second preview ပေးနားထောင်မှာဖြစ်ပြီး၊ TV show ဆိုရင်တော့ သက်ဆိုင်ရာ Season နှင့် Episode တို့ကို အသေးစိတ် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ယခုကဲ့သို့ စွမ်းဆောင်ရည်မျိုးက iOS လောကမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထဲက အချို့ App တွေမှာ အသုံးပြုနေခဲ့ပေမယ့် Facebook ကတော့ အခုမှပဲ ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

ယနေ့ နာမည်ကြီး sound identification App တစ်ခုဖြစ်တဲ့ "Shazam" နှင့် Apple တို့ လက်တွဲပြီး Siri အတွက် "Song ID" fratures အသစ်ဟာ မကြာခင် ထွင်လာတော့မယ့် iOS 8 မှာ ပါဝင်လာမယ်လို့ အတည်မပြုနိုင်တဲ့ သတင်းဖြစ်ပေါ်လျှက်ရှိပါတယ်။




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Facebook Comments

0 comments :

Post a Comment