Thursday, May 22, 2014

Bypass iOS Activation without Apple ID

သင့်ရဲ့ လက်ထဲမှာ

မူလပိုင်ရှင်ရဲ့ Apple ID ကို မသိလို့ Activate လုပ်မရတဲ့ iPhone တစ်လုံးရှိနေပါသလား..?
မိမိရဲ့ Apple ID ကို ကိုယ်တိုင်မေ့သွားလို့ Activate လုပ်မရတော့ဘူးလား..?
တန်ဖိုးကြီးကြီးပေးထားရတဲ့ Apple iDevice ကို အရုပ်တစ်ရုပ်လို မှန်ဗီရိုထဲမှာပဲ အပြီးအပိုင် အလှ ပြထားရတော့မှာလား...?

စသော စသော Activation ပြဿနာတွေကြောင့် အိပ်ပျော်နေတဲ့ iDevice လေးတွေကို နှိုးလိုက်ကြရအောင်....

အမည်မဖော်ပြလိုတဲ့ Hacker တစ်ယောက်ရဲ့ ရိုက်ချက်က Apple ကို ဆတ်ဆတ်ခါအောင် အသဲခိုက်သွားစေပါတယ်။
iDevice တွေရဲ့ လုံခြုံရေးကို ခေါင်းစဉ်တင်ပြီး iOS 7 က စတင်၍ iCloud ကို အသုံးပြုပြီး Apple ID နဲ့ ထိန်းချုပ်ထားခဲ့တဲ့ Activation system ကို ကျော်ဖြတ်နိုင်တဲ့ exploit (ဆေးထိုး) ခံလိုက်ရပါတယ်။

Apple က ဒါကို သိလိုက်တဲ့ အချိန်မှာ နောက်ကျသွားခဲ့ပါပြီ၊ အဆိုပါ Hacker ကို ဆက်သွယ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ သူ့လမ်းပဲ သူဆက်လျှောက်မယ့် သဘော ဖြစ်ပါတယ်။

iDevice ကို USB ကြိုးနဲ့သွယ်ပြီး PC နဲ့ ချိပ်ဆက်လိုက်တာနဲ့ Activation ကို ကျော်ဖို့ iDevice ကို လှည့်ဖြားလိုက်တဲ့ သူ့ရဲ့ နည်းပညာက ကြီးကြီးမားမား software တွေ သုံးရတာမျိုး မဟုတ်ပါဘူး။

"စာကြောင်းလေး တစ်ကြောင်း" ကို မိမိ PC ရဲ့ 'host' file မှာ သွင်းပေးလိုက်ရုံနဲ့တင် Activation ကျော်သွားအောင် လုပ်ထားတဲ့ နည်းပညာက user တွေအတွက် အခက်အခဲ မရှိအောင် ရိုးရှင်းပါတယ်။

iDevice များ အားလုံးအတွက် လုပ်ပေးနိုင်ပေမယ့် GSM iPad's, iPhone 4S, iPhone 5 (c) (s) တို့ကတော့ Beta Testing အဆင့်မှာပဲ ရှိနေပါသေးတယ်။


>> လုပ်ငန်းစဉ် <<

လိုအပ်ချက် - iDevice နှင့် PC နှစ်ခုလုံးတွင် connection Online ဖြစ်ရပါမည်။

၁) iDevice ကို WiFi နှင့်ချိပ်ဆက်ပြီး Activation နေရာထိ သွားပါ။

၂) PC ၏ Web Browser မှနေ၍ DoulCi.net ကိုသွားပါ။

၃) " ***.***.*.**.albert.apple.com " ပါသော IP address စာသားကို Copy ယူပါ။

၎) လမ်းကြောင်းရှိ 'host' file တွင် Paste လုပ်ပြီး save လုပ်ပါ။
      C:\Windows\System32\drivers\etc\hosts (Windows)
      /private/etc/hosts (Mac)

၅) iDevice ကို Unplug လုပ်ပါ။ ပြီးမှ PC နှင့် ပြန်ချိပ်ပါ။

၆) iTunes မှ pop-up message တက်လာပါက 'Continue' ကို နှိပ်ပါ။

Activation အဆင့်ကို ကျော်သွားနိုင်ပါပြီ...

မှတ်ချက်။ ။

အဆင့် (၃) အတွက် ရှာမတွေ့ပါက ( 197.153.9.35.albert.apple.com ), (188.226.251.76 albert.apple.com) တို့ကို အသုံးပြုနိုင်ပါတယ် (မသေချာပါ)...

DoulCi Server address က အမြဲပြောင်းလဲလျှက်ရှိပါတယ်၊ ဒါကြောင့် IP address မတွေ့သူများ နာရီဝက်ခြား တစ်ခါလောက် အမြဲစစ်ဆေးနေသင့်ပါတယ်။ (သို့မဟုတ်) DoulCi Team အဖွဲ့ဝင်များဖြစ်ကြသော @MerrukTechnolog, @AquaXetine တို့ရဲ့ Twitter တွင် သွားရောက် ဆက်သွယ်နိုင်ပါတယ်။



SIM Unlock လုပ်နိုင်ဖို့ အတွက်ကိုလည်း DoulCi အဖွဲ့က ဆက်လက်ပြီး ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်...

Apple ရေ ဘာတွေ လုပ်ဦးမှာလဲ...


Credit to : DoulCi


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

12 comments :

  1. အစ်ကို ကျနော် လုပ်နေတာ Tunes မှ pop-up message လဲ တက်လာလို့ Continue နိုပ်လိုက်ပြီ ဒါပေမယ့် I tunes နောက်ဆုံး အဆင့် မှ အဖြူရောင်ပဲ ပေါ်နေပြီ တင့်နေတယ် ကူညီပါအုံ

    ReplyDelete
  2. အစ်ကို ကျနော် အင်တာနက် လှိုင်းက fiber 2mb အစ်ကို ဒါပေမယ့် သူတို့ လုပ်ပြတဲ့ အတိုင်း အဆင့်အဆင့် ကျနော် အကုန်လုံး လုပ်တာ အဆင်ပြေတယ် နောက်ဆုံး အဆင့် Welcome to your new ipad ဆိုပြီ မပေါ်လာဖူး အစ်ကို။ အဖြူ ကြီးပဲ ပေါ်ပြီ တင့်နေတာ pls help me and Guide me thanks alot!

    ReplyDelete
  3. ကျနော်ကျတော့ iphone 4s မှာစမ်းတာ ပါတ်ဝေါ့တောင်းတဲ့အဆင့်ကိုကျော်သွားပြီးဗျာ...ပီးတော့ set new နဲ့restore ကိုရွေးခိုင်းတာ new ကိုရွေးလိုက်မတယ် … L နောက်မှပဲ youtube မှာကြည့်ကြည့်တော့ redtore ကိုရွေးခိုင်းတာတွေ့တော့မှ ရင်နာလိုက်တာဗျာ… အခုဖုန်းက ပြန်လုပ်တာမရတော့ဘူး ပါတ်ဝေါ့ပဲပြန်တောင်းနေတယ် ကူညီပါဦးဗျာ… :O

    ReplyDelete
    Replies
    1. host file ထဲမှာ ထည့်ခဲ့တဲ့ စာကြောင်းကို ပြန်ဖျက်ပြီး ပုံမှန်အတိုင်း ပြန် Restore လုပ်။ ပြီးမှ Activation အဆင့် ရောက်လာရင် ဒီဆောင်းပေါးလေး အတိုင်း ပြန်စကြည့်ပါ။ Good Luck!

      Delete
    2. ကိုမိုးသကြားခင်ဗျာ…ပြန်လုပ်ကြည့်ပါတယ် မရတော့ပါ ခင်ဗျာ။ DoulCi.net နည်းအတိုင်းကျနော့ဖုန်းနဲ့ကွန်ပျူတာနဲ့ဂျွိုင်းထားပါတယ် ဘာ IP နံပါတ်တစ်လုံးမှမတွေ့ရှိပါ ခင်ဗျာ ဘယ်နေရာမှာ ရှိတာလဲ၊နောက်ပြီးဘယ်လိုကြည့်ရလဲ ဗျာ အကို…ကျနော်ရှာတာနှံ့နေပါပြီး အကိုပြောသလို နံပါတ်က နာရီဝက်တစ်ခါပြောင်းလဲနေတယ်ဆိုရင် ကျနော်တို့ကိုကူညီသောအနေနှင့်နောက်ဆုံး update နံပါတ်ကို ဘလော့ကဖြစ်ဖြစ် FB ဖြစ်ဖြစ်တင်ပေးလို့ရမလား bro very thanks ပါ….

      Delete
    3. Server က Online မဖြစ်တော့ ဘာနဲ့လုပ်လုပ် အဆင်ပြေမှာ မဟုတ်ပါဘူး။ Online ပြန်ဖြစ်မယ့် အခြေအနေကိုပဲ စောင့်ကြရပါလိမ့်မယ်..

      Delete
    4. ko moethayarr ရေ...လိုင်းရမယ့်အချိန်လေးတင်ပေးပါဦးနော်...bro

      Delete
  4. ဘယ်ဂဏန်းနဲ့အဆင်ပြေလဲ အစ်ကို ပြောပြပေးပါလား

    ReplyDelete
  5. အမှန်က ဒီဟက်ကာဂရုက အက်ပဲကို စာနဲ့တစ်မျိုး ဖုန်းနဲ့တစ်သွယ် အသိပေးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အက်ပဲက ဂရုမစိုက်တဲ့အပြင် "What do you want from us?" ဆိုပြီး ခပ်ရင့်ရင့် တုံ့ပြန်လိုက်တော့ ဟက်ကာအဖွဲ့ ဖောင်းသွားကြပါရော။အဲဒီဝက်ဆိုဒ်မှာပဲ သူတို့ဒီအကြောင်းကိုတင်ပေးထားပါတယ်။ http://doulci.net/letter.png

    ReplyDelete
  6. ကျတော် စီမှာ အာ့လိုဖစ်နေတဲ့ iphone 5 တလုံး ရောက်နေပါတယ်ခင်ဗျ. .. ၀ယ်ကိုင်တဲ့သူက Apple ID မေ့ပီး version မြှင့်လိုက်တာကနေ ခု အာ့အဆင့်ကို မကျော်နိုင်တော့လို့ မသုံးရတာ ၅ လကျော်နေပါပီ ခု အကိုပြောတဲ့နည်း အတိုင်းလုပ်ကြည့်ပါတယ်
    DoulCi.net မှာ ဘာမှ မရှိပါဘူး ခင်ဗျ. ဘယ်လို လုပ်ရမလဲ ကူညီပေးပါဦး အကိုရေ ကျေးဇူးတင်ပါတယ်ဗျာ :D

    ReplyDelete
  7. window 8 နဲ့ရောလုပ်လို့ရသလားခင်ဗျာ DoulCi နောက်ဆုံးထွက်တဲ့ ip ကဘာလဲအစ်ကိုသိရင်ပြောပြပေးပါလားခင်ဗျာ ကျွန်တော့ဟာက
    ipad mini ပါ လုပ်လို့မရလို့ပါ အစ်ကို့ကိုဘယ်လိုဆက်သွယ်လို့ရနိုင်မလဲ ဖုန်းနံပါတ်ရှိရင်ပြောပြပေးပါလားခင်ဗျာ လေးစားစွာဖြင့်

    ReplyDelete