Thursday, July 12, 2012

Activation Screen ကို ကျော်၍ ဝင်ရောက်နည်း

ကျွန်တော်ထံသို့  အခုတစ်လော ဆက်သွယ်မေးမြန်းလာတဲ့ စာတော်တော်များများမှာ Firmware Update လုပ်လိုက်ပြီးနောက် Activation အဆင့်ကို ကျော်လို့ မရလို့  မေးမြန်းထားထာတွေကို တွေ့ ရပါတယ်၊ ဒါ့ကြောင့်...
iOS 5.1 (သို့ ) 5.1.1 ထည့်သွင်းထားပြီး Activation အဆင့်ကို မကျော်လွန်နိုင်သော iPhone 4S, 4, 3GS တို့ အတွက် Computer မလို SIM Card, Jailbreak ဖြစ်ရန် ရှိရန် မလိုပဲ iPhone မှာတင် Activation အဆင့်ကို ကျော်လွန်နိုင်မယ့် Bypass Trick နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်။

ယခုဖော်ပြမည့် အကြောင်းအရာကို လုပ်ငန်းမစတင်မီ ဦးစွာ နားလည်အောင် ဖတ်ရှုစေလိုပါတယ်၊ Video Tutotial ကိုလည်း တစ်ပါတည်း တင်ပြပေးထားပါတယ်။

**အောက်ဖော်ပြပါ လုပ်ငန်းစဉ်အတွက် လက်လျှင်ရန်တော့ အနည်းငယ် လိုပါလိမ့်မယ်...**

လုပ်ငန်းစဉ်

အဆင့် ၁)
Activation Screen တွင် ပေါ်နေသော "configure" ကို slide ဆွဲ၍ဖွင့်ပါ။

အဆင့် ၂)
ပေါ်လာသော Buttom များ၏ အောက်ဆုံးရှိ "Cancel" ကို နှိပ်ပြီး ချက်ချင်း "Home" button ကို ပြန်နှိပ်ပါ။

အဆင့် ၃)
ဒီအခါတွင် "Emergency Call" button ကို နှိပ်ပြီး မိမိနိုင်ငံ၏ emergency number ကို နှိပ်ပြီး Call လုပ်ပါ။ (မြန်မာပြည်မှာ ဆိုလျှင် "199" သို့  "191" ဖြစ်ကောင်းပါလိမ့်မည်)

အောက်ပါ အဆင့်များကို timing မှန်မှန် လက်မြန်မြန်နှင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်...
အဆင့် ၄)
>> emergency number ကို နှိပ်ပြီး "Emergency Call --- Calling" ပြပြီဆိုပါက "Power Button" ကို နှိပ်ထားလိုက်ပါ..
>> "slide to power off" နှင့် "Cancel" တက်လာပါက "Cancel" ကို နှိပ်ပါ
>> "Touch Return to Call" ကိုနှိပ်ပြီး
>> "End Call" button ကို နှိပ်ပြီး ဖုန်းချလိုက်ပါ...

အခုဆိုရင် iPhone ရဲ့  Home screen ကို ရောက်သွားပြီး အားလုံးကို တွေ့ မြင်ရမှာဖြစ်ပါတယ်။ အကယ်၍ မအောင်မြင်ပါက ထပ်မံကြိုးစားကြည့်ပါ။

Video Tutorial



**သတိပြုရန်**

အထက်ဖော်ပြပါ အဆင့်များသည် အမှန်တစ်ကယ် Activation ဖြစ်ခြင်းမဟုတ်ပဲ ယာယီ အဆင့်ကျော်လိုက်ခြင်းပင် ဖြစ်ပါသောကြောင့် "Power" button ကို နှိပ်လိုက်ပါက ယခင် Activation screen ပင်ပြန်ပေါ်လာမည်ဖြစ်ကြောင်း ကြိုတင် အသိပေးပါရစေ..

Activation အဆင့်ကို ကျော်လွန်ပြီး Jailbreak လုပ်ရန် ကြိုးစားရာတွင် "Absinthe" နှင့် ကြိုးစားရာတွင် "Activate your Device first" ဟု message ပေါ်လာပြီး Jailbreak လုပ်ရန် အခက်အခဲ တွေ့ ကောင်းတွေ့ နိုင်ပါသည်။ ယင်းပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းကို ကြိုးစားရှာဖွေပြီး တင်ပြပေးသွားပါမည်။
ယင်းပြဿနာအား ကျော်လွန်နိုင်သူရှိပါက Comment တွင် ကူညီအကြံပြု ရေးသားစေလိုပါသည်...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

17 comments :

  1. sn0wbreeze-v2.9.5 နဲ့ custom firmware လုပ်ပြီး restore လုပ်လိုက်တာတော့ အဲ့ဒီ့အဆင့်ကို ကျော်သွားတယ်...
    ဒါပေမယ့် Unlock မဖြစ်သေးဘူး...ဘယ်လိုဆက်လုပ်ရမှန်းလဲ မသိဘူး
    ပြောပြပေးပါခင်ဗျား....(iPhone 4 BB 04.12.01)

    ReplyDelete
  2. sn0wbreeze-v2.9.5 နဲ့ custom firmware လုပ်ပြီး restore လုပ်လိုက်တာတော့ အဲ့ဒီ့အဆင့်ကို ကျော်သွားတယ်...
    ဒါပေမယ့် Unlock မဖြစ်သေးဘူး...ဘယ်လိုဆက်လုပ်ရမှန်းလဲ မသိဘူး
    ပြောပြပေးပါခင်ဗျား....(iPhone 4 BB 04.12.01)

    ReplyDelete
  3. redsn0w 0.9.12b1 နဲ့ ကျော်လို့ ရပါတယ်။အရင်ဆုံး Frimware ရွေး ပြီး Jailbreak ကို လုပ်ပါ။Jailbreak လုပ်ပြီးရင် နောက်ထက် Jailbreak အဆင့် ထဲ ကိုသွားပြီး ဘာမှ အမှန်မခြစ် ဒီးတိုင်း Next လုပ်လိုက်ပါ။ဒါဆို အားလုံးအိုကေသွား ပါပြီ။ Cydia ထဲ ၀င်ပြီး Source ထဲ မှ http://repo666.ultrasn0w.com/ ထဲမှ Ultrasn0w ကို Install လုပ်ပါ။
    4S ကိုတော့ မရသေးပါ။Based Band ကိုတော့ Frimware Update မလုပ်ခင် အရင်ကြည့် ပါ။Compatible ဖြစ်မှ လုပ်ပါ။ထိုအဆင့်များ ပြီးသွားပြီ ဆို ယခင် နည်းဟောင်း များ အတိုင်း unlock လုပ်လို့ ရပါပြီ။ :D:D:D

    ReplyDelete
  4. ကျွန်တော် i3s အခါ 20လောက်လုပ်သာမရဘူးး
    အခုokသွားပြီးးးးဆိုင်မှာလုပ်လိုက်သားး

    ReplyDelete
  5. hi အကို ရေ့ ကျနော့် iphone 4 နဲ့ 4S ကို iOS 5.1.1 မြှင့်ချင်တာဗျ ကျနော် Frameware တွေကိုလဲ ဒေါင်းထားပြီးပြီဗျ ဒါပေ့မယ် ကျနော် ဘယ်လိုလုပ်တယ်ဆိုတာမတတ်လို့ ကျနော်ကို ကျေးဇူးပြူပြီးရှင်းပြပေးစေချင်ပါတယ်ဗျာ။

    saisaekham@gmail.com

    ReplyDelete
    Replies
    1. မလုပ်ရင်ကောင်းမယ်။

      Delete
  6. မလုပ်တတ် လုပ် တတ် နဲ့ actavition ဖြစ် မလားဆိုး ပြီ တခုပြီးတခုလိုက် စမ်း လိုက် နောက် ဆုံးတော့  ကျနော့3gs ဖုန်း လေး လုံး ဝ ဖွင့် မတော့ ပါဘူး လက်လျှော့လိုက် ပါ. ဘီ ဖုန်း ကလဲတော်တော် ဟောင်းနေပါဘီ you tube မှာတော့ နည်းမျိုး စုံ လုပ် ဖို့တင်ထားတာတွေ့ပါ တယ် နောက် ဆုံး နည် က ဖုန်း ကာ ဘာ ဖြုတ် ပြီး sim ကတ် အပေါက်နား က ကလစ် လေး ကို ရွှေ့ ပေး တဲ့နည်း လေးပါ ပဲ ကို မိုး သိကြား ကို လဲကျေးဇူးတင်ပါတယ်

    ReplyDelete
  7. hello bro . I can jailbreak iPhone 3GS without official sim and activate . You can try with redsn0w 0.9.14b2 .

    ReplyDelete
  8. အကိုရေ ကျွန်တော် 4 တစ်လုံးကို Activation Screen ကိုကျော်ပြီးတော့ ၀င်လို့ရပြီးတော့ ဖုန်းထဲက wifi နဲ့ bluetooth ကို သုံးလို့မရတော့ဘူးဖြစ်နေတယ်ဗျာ သုံးလို့မရဘူးဆိုတာက အဲ့နှစ်ခုက နှိပ်လို့မရအောင် အရောင်မှိန်လေးတွေနဲ့ဖြစ်နေတာ ပြီးတော့ sim card ကလဲ no service ဖြစ်နေတယ် unlock ပြန်လုပ်ဖို့ အင်တာနက် ကွန်နက်ရှင် ကို ဘယ်လိုမှ ဖန်တီးလို့မရတော့လို့ ကူဖြေရှင်းပေးပါဦးဗျာ ....

    ReplyDelete
    Replies
    1. baseband မပျောက်ဘူးဆိုရင်တော့ Ultranow deb file ကို ifunbox ကနေ offline ထည့်ကြည့်ပါ။ကံကောင်းပါစေ။

      Delete
  9. ကို သိန်းလေ ပြောသလို ဟုတ်ပါတယ် ကျနော် လဲ အဲလိုဖြစ်နေပါတယ်.. no service ဖြစ်နေပါတယ်.. ခဏ ပါ ပဲ တက်လာတယ် no service ပြန်ဖြစ်တယ်.. ဘယ်လို လုပ်ရ wifi ရတယ်..

    ReplyDelete
  10. 4s lock phone japan sim card lal shi tal 5.0 lal phyit tal unlock lote ya tae version lal phyit tal but all reset lote mi tal byar bal lo lote ya ma lel help me please

    ReplyDelete
  11. ချစ်ကိုကြီးရေ 4s 16GBမှာ Activation Screen ကျော်တာတော့ရပါတယ် အထဲကဘာမှဝင်လို့မရဘူး ဖုန်းထဲတော့ဝင်လို့ရတယ် homebotton နိုပ်လိုက်ရင်ပြန်ကျသွားတယ်ကူညီပါအုံအကိုရ......

    ReplyDelete
    Replies
    1. iCloud Activator လင့်က ဒီမှာပါ။
      http://www46.zippyshare.com/v/24330608/file.html ပြီးရင် Mega.co.nz မှာ ပြန်တင်ပြီး လင့်ကိုပြန် share ပြီးရင် ကျနော့် email : m3t.maung@gmail.com ကို အကြောင်းပြန်ပေးကြပါဗျာ။
      iCloud ကို ကျော်ချင်တဲ့ သူတွေအတွက် အဆင်ပြေမှာပါ။

      Delete
    2. PC တစ်လုံးမှာ ကျော်နိုင်တဲ့ ဖုန်းအရေအတွက်ရော ကန့်သတ်ထားတာရှိလား..

      Delete
    3. Fake လို့ ပြောနေပါတယ်.. သတိထားကြပါ..

      Delete
  12. iPad mini လေးကို ကျော်ချင်လို့ပါဗျာ window တော့ မရှိဘူး mac နဲ့ဆို ရနိုင်မလား

    ReplyDelete