Wednesday, August 6, 2014

Today iOS Tip (Mail)

Apple iOS မှာ အတော်အတန် လူသိနည်းပြီး အလွန်အသုံးဝင်တဲ့ "Tips" လေးတွေကို အလျှင်းသင့်သလို ဖော်ပြပေးသွားပါမယ်..

ယနေ့အတွက် Tip ကတော့ "Mail" App အတွက် ဖြစ်ပါတယ်။
တစ်ခါတစ်ရံ Mail တွေကို ရေးထားပြီး တစ်ဝက်တစ်ပျက် 'Draft' အနေနဲ့ သိမ်းထားတက်ကြမှာပါ။ အဆိုပါ 'Draft' mail တွေကို ပြန်လည်ဖွင့်ပြီး ဆက်လက်ရေးသားချင်တဲ့အခါ (သို့) တစ်ခုခု edit လုပ်ချင်ကြတဲ့ အခါမျိုးမှာ၊ 'Draft' mail ဆီရောက်ဖို့ ပုံမှန်အားဖြင့် "All Mail" ကိုဖွင့်ပြီး အထဲကနေမှ "Drafts" folder ကိုဖွင့်ပြီး ရှာတတ်ကြပါတယ်..

ဒီလိုအဆင့်ဆင့် ဖွင့်ရှာရတဲ့အတွက် အချိန်ကုန်ပါတယ်..
ယခုဖော်ပြမယ့် နည်းလမ်းကတော့ 'Tap' တစ်ချက်ထဲနဲ့ 'Draft' mail တွေကို အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်..


အပေါ်ပုံကတော့ "Draft" folder ဆီသွားတဲ့ နည်းလမ်းဟောင်းပါ...

လွယ်ကူလျှင်မြန်နည်းလမ်း
'Mail' App ကို ဖွင့်လိုက်တာနဲ့ ညာဘက်အောက်(iPhone)၊ ညာဘက်အပေါ် (iPad) မှာရှိတဲ့ 'Compose' icon (အောက်ပါပုံ) လေးကို သတိပြုမိကြပါလိမ့်မယ်။


အဆိုပါ icon လေးကို Tap တစ်ချက် နှိပ်လိုက်ရင် Mail အသစ်ရေးဖို့ ပေါ်လာပါတယ်။
ဒါပေမယ့် Tap တစ်ချက် မနှိပ်ပဲ နဲနဲကြာကြာလေး ဖိထားလိုက်မယ်(Long press) ဆိုရင်တော့ "Draft" mail တွေကို မြင်ရပါပြီ၊ ဖွင့်လိုတဲ့ 'Draft' mail ကို အချိန်မကုန်စေပဲ အမြန်ဆုံးနည်းလမ်းနဲ့ ဖွင့်နိုင်ကြပါပြီ..


ဒီနည်းလမ်းလေးက သင့်အတွက် တစ်ကယ် အသုံးတည့်တယ်ဆိုရင် သင့်မိတ်ဆွေတွေ ဆီကိုလည်း "Share" ဖြစ်အောင် "Share" လိုက်ပါနော်..





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Facebook Comments

0 comments :

Post a Comment