iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း ကို ကျွန်တော်ဖတ်ရှုထားတာကို ပြန်ပြီး ဝေမျှပေးလိုက်ပါတယ် ကျွန်တော်ကိုယ်တိုင် မစမ်းသပ်ရသေးတဲ့ အတွက် မည်သည့် အရာမျှဝင်ရောက်ဖြည့်စွက်ထားခြင်း မရှိပဲ မူရင်းအတိုင်း တင်ပြပေးလိုက်ပါတယ်. . .
iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း
အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ပေါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။
လိုအပ်ချက်
OS : 3.0 >= Type : Jailbreak Installer : Cydia Internet : Require Add Repo in Cydia
Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်
http://cydia.macforus.com
ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်
Zawgyi Font နှင့်
Zawgyi Keyboard
ဆိုပြီး ၂ ခုရှိပါသည်။ Package Installation
Zawgyi Font
Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။
Zawgyi Keyboard
Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့် အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။
အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။
၁။ English စာတွင် autocorrect မဖြစ်တော့ခြင်း။
၂။ keyboard အတက်နှေးခြင်း။
၃။ အခိျု့ OS 3.0 < များဖြစ်ခဲ့လျှင် ပြဿနာတက်ခြင်း။
သင့်အနေနဲ့ အထက်ပါ အချက်များကို လက်ခံနိုင်သည် ဆိုမှ သွင်းပါရန်။
သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။ keyboard ထည့်သွင်းနည်းကို အောက်ရှိ Flash တွင် ကြည့်ရှုနိုင်ပါသည်။
၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။
၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။
၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။
၎။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။
ဒါဆိုရင် ရပါပြီ။ keyboard ပြောင်းချင်လျှင် ကမ0x081ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။
သင့် iPhone/iPod Touch recovery ပြန်လုပ်ရခြင်း data lost များဖြစ်ခြင်း ၊ အခြား တစ်စုံတစ်ရာ ကိစ0x081စများဖြစ်ခြင်း တို့ကို လုံးဝ တာဝန်မယူပါ။ How to upgrade
အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်
Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။
iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။
ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်တွင် ပြခဲ့သည် video အတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။
Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်။
ပါဝင်ဆောင်ရွက်ကူညီပေးသူ
ဦးသောင်းစုငြိမ်း
ပြည့်ဖြိုးအောင် (Zack)
ကျွန်တော် အကြံပြုလိုတာကတော့ မလိုအပ်ဘူး ဆိုရင်တော့ မသွင်းတာ Safe ဖြစ်ပါတယ်လို့ .....
မိုးသိကြား
အစ်ကို မိုးသိကြား ညီဖုန်းက samsung galaxy s ပါအစ်ကိုမြန်မာဖောင့်ထဲ့ချင်လို root လုပ်တာ z4root နဲလဲအဆင်မပြေလို super one click နဲ့လည်းအဆင်မပြေလိုနည်းနည်းလောက်ကူညီပါဥိးအစ်ကို အောက်ကညီဖုန်းအမျိုးအစားအစ်ကို
ReplyDeletemodel number SHW -M11OS
,Fimeware version 2.3.3,
baseband version M110S.VD05.0140.ST
kernel version 2.6.35.7 ,
Build number GINGERBREAD.VE03
ညီရေ.. အစ်ကိုကတော့ Android phone တွေ အကြောင်း သိပ်မသိပါဘူး၊ မြန်မာမိသားစု ဖိုရမ် ကနေပြီးတော့ ကိုအယ်သား ရေးထားတာလေးကိုပဲ ပြန်လည် လက်ဆင့်ကမ်းလိုက်ပါတယ်။
ReplyDelete(Samsung Galaxy တွေမှာ root မလုပ်ပဲနှင့် မြန်မာဖောင့်သွင်းနိုင်ပြီ။ပေးထားတဲ့ Zawgyi One-apk ကိုအင်စတောပြီး
Setting>Display>Font Style မှာသွားပြောင်းနိုင်ပါပြီ.တခြားဖုန်းတွေရ မရတော့ကျနော်မသိပါ Samsung Galaxy မှာတော့ရပါသည်။)
Zawgyi_One.apk Download:
http://www.mediafire.com/?fyy25a9f4hn9xhj
application installed လိုပြောနေတယ်အစ်ကို ဘယ်လိုလုပ်ရမလဲ ညီမလုပ်တတ်လိုပါ ကူညီပါဥိးအစ်ကို
ReplyDeleteအစ်ကိုမိုးသကြားရေ.. ရပြီး ကျေးဇူးဘဲအစ်ကိုရေ..နာမည်နဲ့လိုက်ပါတယ် တယ် မိုးသကြား တကယ်ကိုအဆင်ပြေသွားပြီး ကျေးဇူးဘဲအစ်ကို ကီးဘုတ်လေးရရင်တင်ပေးပါဥိးအစ်ကို ကျေးဇူးတင်ပါတယ် အစ်ကို
ReplyDeleteအကိုရေ symbian ဖုနး်တွေ ကိုလညး် လုပ်လိုရရင် ပြောပြပါဦး နော်
ReplyDeleteအကိုရေ .. ကျနော် keyboard ထည့်လို ့ရတယ် ရိုက်လို ့လဲရတယ် . ဒါမေယ့် keyboard နေရာမှာ ??? ဖြစ်နေတယ် ဘယ်လိုလုပ်မရလဲဆိုတာ အကြောင်းပြန်ပါဦး
ReplyDeleteI pod 4.3.5 ပါ
ဒကာရေ
ReplyDeleteipad 2 3G ကို RedSnow နှင့် jailbreak လုပ်လို့ရသလား။
အကြံပေးပါဦး၊
ကျေးဇူးတင်လျက်
Thet Ko Ko
ReplyDeleteဒါလေးနဲ ့ စမ်းကြည့်ပါ။ လက်ရှိသွင်းထားတာတွေ uninstall အရင်လုပ်ဦးနော်
http://www.moethagyar.info/2011/09/ios-43.html
ukkam: အရှင်ဘုရား iPad2 က iOS 4.3.3 ဆိုရင်တော့ Jailbreak လုပ်လို ့ရတဲ့ နည်းလမ်း လောလောဆယ်တော့ တစ်နည်းပဲရှိပါတယ်။ iPad2 " Safari " ကနေ www.jailbreakme.com လို ့ရိုက်ထည့်ပါ။ ရောက်သွားရင် "Cydia" ကိုတွေ ့ရပါလိမ့်မယ်၊ အောက်ဘက်က "Free" ကိုနှိပ်ရင် "Install" ပြောင်းသွားပြီး Installလုပ်ပေးလိုက်ပါ။ အားလုံးပြီးသွားရင် ဆရာတော်ရဲ ့ iPad2 Jailbreak ဖြစ်သွားပါပြီ။
ReplyDeleteဒကာ မိုးသိကြား
ReplyDeleteIpad 2 က iOS 4.3.5 ပါ။ 3 G ဆိုတော့ မြန်မာပြည် GSM sim card နဲ့ အင်တာနက် သုံးနိုင် မသုံးနိုင် သိချင်ပါသေးတယ်။
ကျေးဇူးတင်လျက်
ဆရာတော်ဘုရား... မြန်မာပြည် GSM SIM က 3G support လုပ်/မလုပ် တပည့်တော် မသိပါဘုရား၊ အကယ်၍ support လုပ်တယ်ဆိုရင်တော့ internet လဲ သုံးလို ့ရပါပြီ ဘုရား...
ReplyDeleteအကိုမိုးသိကြာ IPad 2 wifiဘယ်တော့လောက်အစဉ်ပြေနိုင်မလဲအကို
ReplyDeleteအလုပ်ကပြန်လာရင် အကို ဆိုဒ် ထဲကို အရင်ဆုံးဝင်ကြည့်မိတယ် ပြီးမှလပ်စရာရှိတာကို ဆက်လုပ်တယ်. နေတိုင်းမျှော် နေရပါတယ်အကို
ReplyDeleteThis post has been removed by the author.
ReplyDeleteကိုမိုးသိကြား တခုလောက်တော့ ကူညီပါအုန် ကျွန်တော်မှာ iphon4 4.3.4 အကို ပြောသလိုက်လိုက်လုပ်တာ အစဉ် ပြေပါတယ် တနဲ့ တခါခါ ဖုန်က( ဟမ်း) နေတယ် ပြီးတော့ အရင်က အိမ်မှာ လိုင်းအပြည့် ပဲခုတော့ လိုင်က လုံးဝ မရှိတလောက်ဖြင့် နေပြီး ဖြေရှင်းလို့ရတဲ့ နည်းလေးများ ရှိရင် ကူညီပေးပါနော် အကို
ReplyDeleteအကို ကိုမိုးသိကြား တခုလောက်တော့ ကူညီပါအုန် ကျွန်တော်မှာ iphon 4 ios 4.3.4 ပါ အကို ပြောသလိုလိုက်လုပ်တာ အစဉ် ပြေပါတယ် ဒါနဲ့ တခါခါ ဖုန်က( ဟမ်း) နေတယ် ပြီးတော့ အရင်က အိမ်မှာ လိုင်းအပြည့်ပဲခုတော့ လိုင်က လုံးဝ မရှိတလောက်ဖြင့် နေပြီး ဖြေရှင်းလို့ရတဲ့ နည်လေးများ ရှိရင် ကူညီပေးပါနော် အကို
ReplyDeleteအစ်ကိုရေ အရင်တုံးက iTunes မှာသီချင်းတွေကိုမြန်မာလိုပေါ်ပြီး တစ်ပုဒ်နဲ့တစ်ပုဒ် မတူလို့တစ်အုပ်စု ထဲဖြစ်သွားအောင် လုပ်တဲ့နည်း တွေ့ပါတယ် နောက်ပြီး မြန်မာသီချင်း တစ်ပုဒ်နာမည် English လိုကနေ မြန်မာလို ပြောင်းတာ ဘယ်လိုလုပ်ကတာလဲဟင် အရင်ကတွေ့ပါတယ် အခုရှာလို့မတွေ့တော့ဘူး ကူညီပါနော်အစ်ကို......
ReplyDeleteခင်မင်လေးစားဖြင့်
ရှိုင်းမောင်မောင်........
http://www.moethagyar.info/2012/02/how-to-change-myanmar-font-in-itunes-10.html
Delete