Apple ကနေပြီးတော့ 02.Feb.10 မှာ သူ့ ရဲ့ Product ဖြစ်တဲ့  iPhone အတွက် Firmware version 3.1.3 ဆိုပြီး update ထပ်မံထုတ်လိုက်တဲ့အတွက် Firmware update လုပ်မိတဲ့ Jailbreak ဖြစ်ပြီးသား iPhone တွေ ပြန်ပြီး Lock ကျသွားတဲ့ အတွက် တော်တော်စိတ်ညစ်ခဲ့ရပါတယ် (ကျွန်တော်ကိုယ်တိုင်ပေါ့) တစ်ကယ်တော့ Apple ရဲ့ update တွေဟာ user တွေအတွက် ဘာမှသိသိသာသာ အကျိုးမပြုပေမယ့် Apple အတွက်တော့ hacker တွေကို လိုက်လံပိတ်ဆို့ ဖို့ သာအဓိကမို့  Apple ရဲ့  user တွေ အပေါ်ထားတဲ့ စေတနာကို နားလည်လိုက်မိပါတယ်. . .
blackra1n ကလည်း Firmware 3.1.3 ထွက်လာတဲ့ အခါမှာ update မလုပ်မိစေဖို့  ၊ Jailbreak ဖြစ်မဖြစ် မသေချာဘူး ဆိုတဲ့ အကြောင်း သတိပေးခဲ့ပါတယ်. . .
ဘယ်လိုပဲ Apple က Firmware အသစ်တွေထုတ်ပြီး ပိတ်စို့ ပိတ်စို့  ဒို့ ကတော့. . . ဒို့ ကတော့ ရအောင် Jailbreak လုပ်မှပဲ ဆိုပြီး redSnow အသစ်ထပ်ထွက်လာပါပြီ... ဘာမှမပူကြနဲ့ တော့ ကိုကျော်လာပြီ။ :-)
အခု redSnow 0.9 version ဟာ Firmware 3.1.3 အတွက် Jailbreak လုပ်ဖို့ ထွက်လာပါပြီ၊ iPhone 3G,3Gs တွေမှာ jailbreak ပဲလုပ်နိုင်ပြီး Unlock လုပ်လို့ မရသေးပါဘူး. . . .
Jailbreak for iPhone 3.1.3
ပထမဦးစွာ အောက်ပါ Software များကို Download ဆွဲပြီး Desktop တွင် iPhone 3.1.3 jailbreak Suit နာမည်နဲ့  Folder တစ်ခုနှင့်ထားပါ။
(i) iPhone1,2_3.1.2_7D11_Restore.ipsw
(ii) redSnow 0.9
သင့် iPhone သည် Firmware version 3.1.3 ဖြစ်ရန်လိုပါသည်။ Version စစ်နည်းကို ဒီမှာ ရေးခဲ့ပါပြီးပါပြီ။
၁) ရလာသော .rar ဖိုင်ကို Desktop ပေါ်တွင်ဖြည်ပါ။
၂) redsnow.exe ဖိုင်ကို double click --> Run ပါ။
၃) Browse ကိုနှိပ်ပြီး iPhone 3.1.3 jailbreak Suit Folder --->iPhone1,2_3.1.2_7D11_Restore.ipsw ကို ရွေးပေးလိုက်ပါ။ Next ကိုနှိပ်ပါ။
၎) အောက်ပါပုံ အတိုင်း တစ်ဆင့်ခြင်းစီ တွေ့ ရပြီး နောက်ဆုံးမှာ install cydia ကို အမှန်ခြစ်ရွေးပေးလိုက်ပါ။
Next ကိုနှိပ်ပါ။
၅) ယခုအဆင့် သည် အနည်းငယ် အရေးကြီး ပါသဖြင့် အဆင့်ခွဲလေးများဖြင့် ရေးသားပါရစေ
(i) သင့် iphone ကို Computer နှင့် မချိပ်ဆက်မီ POEWR OFF ပါ။
(ii) Phone ထဲက Sim card ကို ထုတ်ပါ (safe ဖြစ်ရန် အတွက်)
(iii) Power OFF ပြီးပါက Computer နှင့် ချိပ်ဆက်ပါ။
(iv) ( Next မနှိပ်ခင် အဆင့် ၆ ကို အရင်ဖတ်ပါ) --> Next ကိုနှိပ်ပါ။
၆) ယခု အဆင့်ကို စတင်ရန် iPhone ကို သင့်ရဲ့  လက်တွင် ကိုင်ထားပြီး ဘယ်ဘက် လက်မက Home ကိုသော်လည်းကောင်း ညာဘက် လက်ညိုးက Power ကို အသင့် နှိပ်ရန် အနေထား ရအောင် ပြင်ဆင်ပါ။
Next ကို နှိပ်ပါ အောက်ပါ အတိုင်း တွေ့ ရပြီး
Program မှ ညွှန်ကြားသော အဆင့်တိုင်း တစ်ခုစီလုပ်ဆောင်ပါ
(i) Power button ကို ၃ စက0x081ကန့် ကြာနှိပ်ထားပါ (Program တွင် စက0x081ကန့်  counter တက်နေပါတယ်)
(ii) Power button ကိုမလွှတ်ပဲ Home button ကိုပါတွဲ၍ ၁၀ စက0x081ကန့် ကြာ နှိပ်ထားပါ
(iii) Home button ကိုမလွှတ်ပဲ Power button ကိုသာလွှတ်ပြီး ၃၀ စက0x081ကန့် ကြာ ဆက်နှိပ်ပေးထားပါ
Phone screen တွင် မီးလင်းလာပြီး အောက်ပါ ပုံစံ အတိုင်း ပေါ်လာလျှင် အောင်မြင်ပါသည်။ မပေါ်လာပါက အဆင့် (၆) ကို စ/ဆုံး ပြန်ကြိုးစားပါ။
Program မှ finish button ပေါ်လာလျှင် click ပေးပြီး program ကို ပိတ်လို့ ရပါပြီ။ iPhone ကတော့ Jailbreak လုပ်နေတုန်းမို့  ငြိမ်ငြိမ်လေးသာ ထိုင်စောင့်နေပါ၊ ခနကြာတဲ့ အခါမှာ အောက်ပါပုံစံလေးထပ်ပေါ်လာပါမယ်။
အားလုံးပြီးဆုံးသွားတဲ့ အခါမှာ iPhone သည် Reboot ပြန်တက်လာပါလိမ့်မယ်၊ သင့်ရဲ့ Home screen မှာ cydia app တွေ့ ပြီ ဆိုရင်တော့ သင့် iPhone ဟာ jailbreak ဖြစ်သွာပါပြီ။ Sim card ပြန်ထည့်ပြီး သုံးနိုင်ပါပြီ။
Cydia ကို set up လုပ်ပြီး App တွေ Games တွေကို Free Download တဲ့နည်းကို ဒီမှာရေးခဲ့ပြီးပါပြီ. . .
မိုးသိကြား
Saturday, March 13, 2010
Firmware 3.1.3 အတွက် Jailbreak ပြုလုပ်နည်း
Subscribe to:
Post Comments
(
Atom
)
ကျနော် iphone 4 ကို version 4.2.1 ကို update လုပ်လိုက်ပါတယ် ၀ယ်ဝယ်လာချင်းပါ။ ကျနော် ဖုန်းကို ဘယ်လို jailbreak လုပ်ရမလဲခင်ဗျာ..
ReplyDeleteiphone 3G နဲ တူပါသလား..
ကျွန်တော် အခုမှ သုံးဖြစ်တာကြောင့် ဆိုးကြိုးလေးပါထည့်ရေးချင်ပါတယ်..
လိုင်းနဲဝယ်ထားလို sim card မှာအနှောက်အရှက်ဖြစ်ပါသလား..
နောက် ကျွန်တော် register လုပ်တာ visa card တောင်းလို အဆင်မပြေဘူးခင်ဗျာ..
သူငယ်ချင်းတစ်ယောက်က other ပေါလာအောင် စောင့်ရမယ်လိုပြောတယ်
ဘယ်လိုဖြေရှင်းရမလဲခင်ဗျာ..
ကျနော်က singapore မှာနေပါတယ်
ကိုဘိုခေး http://www.moethagyar.info/2010/11/jailbreak-for-ios-421.html အဲဒီ နေရာမှာ သွားဖတ်ပြီး Jailbreak လုပ်နိုင်ပါတယ် (iOS 4.2.1) for All ပါ..
ReplyDeleteSingapore မှာ နေတယ် ဆိုရင်တော့ Unlock လုပ်ဖို ့ မလိုတဲ့ အတွက် စိတ်ချလက်ချ သုံးနိုင်ပါတယ်..
how to jail brake iph 4 ( 4.3.5 version )
ReplyDeleteplease help me ! ko moe tha kyarr
kyayy zuu.
apple mac ကို jailbreak လုပ်ပုံကိုမသိလို ့ပါ..
ReplyDelete