Thursday, October 14, 2010

မြန်မာလို မရ ရအောင် ရိုက်ကြမယ်


iOS 3.1.3 နောက်ပိုင်း Firmware တွေက စပြီး ခုလက်ရှိ iOS 4.1/4.2 အထိ မြန်မာစာ ဇော်ဂျီဖောင့်ကို ဖတ်ရုံသာဖတ်နိုင်ပြီး မြန်မာလက်ကွက် Keyboard မရနိုင်သေးတဲ့ အတွက် မြန်မာစာ ရိုက်လို့ မရသေးပါဘူး... ဒီလိုအခြေနေမှာ မဖြစ်မနေ မြန်မာစာရိုက်ချင်သော သူများအတွက် နည်းလမ်းလေး တစ်ခုတင်ပြချင်ပါတယ်... ဒီနည်းလေးကတော့ "လိုလျှင်ကြံဆ နည်းလမ်းရ" ဆိုသော စကားနဲ့ အညီ မြန်မာတို့ ရဲ့ ထုံးစံအတိုင်း ဖြတ်ထိုးဉာဏ်သုံးတဲ့ နည်းလမ်းလေးဖြစ်လို့  မြန်မာစာဖတ်လို့ ရသော မည်သည့် iPhone မှာမဆို အသုံးချလို့ ရပါတယ်...

သင်ဟာ မြန်မာဇော်ဂျီ လက်ကွက်ကို အလွတ်နေသူ တစ်ယောက်ဆိုရင်တော့ ပိုပြီး အဆင်ပြေပါလိမ့်မယ်...
ဘာကြောင့်ဆိုရသော် English Keyboard မှာ ရိုက်ရမှာဖြစ်တဲ့အတွက်ပါ..

Internet connection ကလွဲလို့ ဘာ software အကူညီမှ မလိုပါဘူး။

၁) Safari မှာ အောက်ပါ URL လေးကို ရိုက်ထည့်လိုက်ပါ
( http://burglish.my-mm.org/latest/trunk/web/testarea.htm )



၂) Characters List နှင့် Type Writer ကို အမှန်ခြစ်ပေးပြီး ON လိုက်ပါ



စာရိုက်နေစဉ် အက0x081ခရာ အခက်ခဲရှိပါက Characters List ထဲမှ ရွေးလို့ ရပါတယ်။

၃) ရိုက်လိုသောစာကို ရိုက်ပြီးသွားပါက Select All နှင့် Copy လုပ်ပြီး မိမိကူးထည့် လိုသော နေရာမှာ Paste လုပ်ပေးလိုက်ပါ
(ဥပမာ။ ။ Facebook မှာပဲ ဖြစ်ဖြစ် SMS မှာပဲဖြစ်ဖြစ်ပေါ့)



ဒီလိုနည်းလမ်းလေးနဲ့  လောလောဆယ်မှာ ပညာရှင်များ မြန်မာ Keyboard ကို update မလုပ်သေးခင်ချိန်ထိ အာသာပြေ ယာယီ အသုံးပြုနိုင်ပါကြောင်း သတင်းကောင်းလေးပေးပါရစေ....

ဒီပိုစ့်လေး ကိုနှစ်သက်လို့  ကျေးဇူးတင်ကြမယ်ဆိုရင်တော့ နည်းပေးလမ်းပြဖြစ်တဲ့ ကိုအိမ်မက်ရှင်ကိုပဲ သူရဲ့  အိမ်မက်ရှင် website မှာ ကျေးဇူးတင်နိုင်ကြပါတယ် ခင်ဗျား.....

အိမ်မက်ရှင်ရေ ကျေးဇူးပါ....

မိုးသိကြား

11 comments :

  1. ဒီ ဘားဂလိပ် ဆိုက်ကလေးကို ဖန်တီးထားတဲ့ ပညာရှင်တွေကိုလည်း ကျေးဇူးတင်လိုက်ပါဦးဗျာ...

    ReplyDelete
  2. အားလုံးကိုကျေးဇူးတင်ပါသည် သို့ပေမဲ့ MMKeyboard ကိုလဲဝယ်ပြီးသားဖြစ်နေပြီ စောစောသာ သိခဲ့ရင်.......

    ReplyDelete
  3. but MMkeyboard doesn't need internet :)

    ReplyDelete
  4. ကျေးဇူးပြုပြီးversion 4.3.3 အတွက်direct မြန်မာလို chat နိုင်မဲ.keyboard လေးရှိရင်တင်ပြပေးစေချင်ပါတယ်...အခုလက်ရှိသုးံနေတဲ.mmkeyboardကdirect ရေးလို.မရဘူးဖြစ်နေပါတယ်ခင်ဗျား...copy paste နဲ.သုးံနေရတဲ.အတွက်သိပ်အဆင်မပြေပါဘူူး....keyboard အသစ်တွေပေါ်လာရင်တင်ပြပေးပါနော်...thz alot

    ReplyDelete
  5. JB လုပ်ပြီးသားဆိုရင် Zawgyi for iPad 4.2 တစ်ခုကိုသာ Install လုပ်ပေးလိုက်ပါ ဒါပေမယ့် mmkeyboard သွင်းထားလို ့ အဆင်ပြေမပြေ မသိပါဘူး အဆင်မပြေရင် mmkeyboard ဖြုတ်လိုက်ပါ။

    ReplyDelete
  6. 4.3.3 မှာkeyboard ကစာရိုက်လို့ရပြီး .keyboard စာလုံးတွေမမြင်ရဘူး..နော်

    ReplyDelete
  7. ကျွန်တော်လည်းမရလို့ပါ...mmkeyboardဖြုတ်လိုက်လည်းမရဘူးဗျ။
    ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါဦးခင်ဗျာ...4.3.3japanဗားရှင်းပါ။JBလုပ်
    ထားပါတယ်။

    ReplyDelete
  8. ကျွန်တော်လည်းမရလို့ပါ...mmkeyboardဖြုတ်လိုက်လည်းမရဘူးဗျ။
    ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါဦးခင်ဗျာ...4.3.3japanဗားရှင်းပါ။JBလုပ်
    ထားပါတယ်။

    ReplyDelete
  9. ကျေးဇူးပြုရွေipad2မှာမြန်မာလိုbamatodayဖတ်လိုမရပါ။ဘယ်လိုလုပ်ရမလဲ။သိချင်ပါတယ်။လမ်းညွန်းပေးပါ။ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. Burmatoday.net က MM unicode font သုံးထားတယ်လို ့ ထင်ပါတယ်၊ ဒါကြောင့်ဖတ်မရတာပါ...

    ReplyDelete
  11. ကျေးဇူးပါနော် မျှဝေပေးလို့...

    ReplyDelete