Sunday, October 10, 2010

Limera1n Jailbreak Tool For iPhone 4 (iOs4.1)


iPhone 4(iOS4.1)အပါအဝင် 3G,3Gs,4G တို့ ကို jailbreak လုပ်နိုင်သော LimeRa1n အမည်ရှိတဲ့ Jailbreak Tool အသစ် (window user) များအတွက် ဒီနေ့  (၁၀.၁၀၂၀၁၀) ထွက်လာပါပြီ...

သတိထားရမှာတွေ ကတော့

iPhone ကို unlock လုပ်ရန်လိုအပ်သူများ အနေနဲ့  ဒီ Tool ကို မသုံးကြပါနဲ့  Dev Team ကဆက်လက် ထုတ်ပေးမယ့် Pwnage Tool ကိုစောင့်ပေးကြပါ (သို့ ) Tiny Umbrella အသုံးပြုပြီး SHSH blobs ကို Backup လုပ်ပေးကြပါ။ Backup လုပ်နည်းကို ဒီမှာ ဖတ်ပါ။


Mac user များအတွက် ကတော့ LimeRa1n နဲ့  Jailbreak လုပ်ရန် bootcamp လိုအပ်ပါတယ်

Required Software

1> LimeRa1n (window)



လုပ်ငန်းစဉ်

၁) Limera1n ကို သင့် Desktop မှာ Folder တစ်ခုဆောက်ပြီး အရင် Download ဆွဲပါ။
iOS4.1 ကို iTune မှတစ်ဆင့် Update လုပ်ပါ...

၂) သင့် Device ကို PC နှင့် ချိပ်ဆက်ထားပါ။ (iTune တက်လာလျှင် ပိတ်လိုက်ပါ)

၃) Limera1n ကို Run ပေးပါ။

၎) make it ra1n ဆိုတာကို နှိပ်ပါ။



၅) သင့် Device ဟာခုဆို Recovery mode ကိုရောက်နေပါပြီ

၆) ယခု Device မှ Home + Power button ကို ပြိုင်နှိပ်ပြီး DFU mode ပြောင်းရန် ညွှန်ကြားသည့် အတိုင်း
လုပ်ဆောင်ပါ...

ရ) အခုဆိုရင် သင့်ရဲ့  Device screen မှာ Limera1n ရဲ့ ပုံလေးတက်လာပါပြီ

၈) စက0x081ကန့် အနည်းငယ်ကြာတဲ့ အခါမှာ Limera1n က ပြီးစီးပါကြောင်းပြောပါ လိမ့်မယ်




၉) Device Reboot ပြန်တတ်လာချိန်မှာ Limera1n icon လေးကို Home screen မှာ တွေ့ ရပါလိမ့်မယ်၊
ဖွင့်လိုက်ပါ။

၁၀) Limera1n ကိုဖွင့်ပြီး Cydia ရွေးပြီး Install လုပ်ပါ

၁၁) Install ပြီးလုပ်ပြီးပါက Cydia ကို Home Screen မှာ မတွေ့ ရပါက Device ကို Reboot ပြန်လုပ်လိုက်ပါ။


၁၂) ပြီးစီးသွားပါပြီ။


မိုးသိကြား

6 comments :

  1. ကိုမိုးသကွား

    ကျွန်တော် အောင်အောင်မြင်မြင်နဲ့ Jailbreak ချလိုက် နိုင်ပါတယ်၊
    ပထမ Cydia ကို ထည့်တော့ Error တစ်ခုတက်လာသေးတယ်ဗျ၊ ဒါပေမယ့် Reset တစ်ခေါက်ချအပြီးမှာတော့ အိုကေသွားတယ်၊ မြန်မာဖောင့်ကိုတော့ Zawgyi-one-old Font ကိုပဲ ပြန်ထည့်ထားတယ်၊ ကျန်တာက အဆင်မပြေလို့ပါ။ အခုတော့ အားလုံးအဆင်ပြေနေပါပြီ။ 4.1 blobs ကိုလည်း backup လုပ်ထားပြီ ခင်ဗျ ...။
    အထူးကျေးဇူးပါလို့ ...

    ခင်မင်စွာဖြင့်
    အိပ်မက်ရှင်

    ReplyDelete
  2. အောင်မြင်ကြောင်းသိရလို ့ ဂုဏ်ယူပါတယ် ။ မယုံကြည်နိုင်လောက်အောင်ကို Jailbreak လုပ်တာ အလွန်မြန်ပါတယ်..
    Jailbreak လုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဒီတစ်ခါ အမြန်ဆုံးပဲလို ့ပြောလို ့ရတယ်ဗျ။

    ReplyDelete
  3. တစ်ခုလောက် သိချင်တယ်။ အဲဒါ ဘာအတွက် သုံးတာလဲ။ ဘာတွေကောင်းတာလဲ။ မသိလို.ပါနော်။ ဖြေပေးစေချင်ပါတယ်။

    ReplyDelete
  4. I phone 4 ထဲမှာ မြန်မာလို. ဘယ်လိုရိုက်ရမလဲ။ နောက်ပြီးတော့ မြန်မာ font ကို ဘယ်လို download လုပ်ရမလဲလည်း သိချင်တယ်။

    ReplyDelete
  5. မြန်မာလိုရှင်းပြပေးထားတဲ ့အတွက်
    ကျေးဇူးပါ..
    DFU mode လေးကိုအဆင်ပြေအောင်လုပ်နိုင်ရင်..
    ခဏလေးပါပဲ..
    အရင် Jailbreak တွေထက်စာရင်
    အရမ်းလွယ်ကူပါတယ်..

    ReplyDelete
  6. အကိုကြီး ရေး ကျွန်တော်ကတော့ မအောင်မြင်ဘူးခင်ဗျ.. :(
    အပေါ်က ပြထားတဲ့ message box ၂ ခုစလုံးအောင်မြင်စွာ နဲ့ကျပါတယ် ဒါပေမယ့် Device Reboot တတ်လာချိန်မှာ Limera1n icon loading လုပ်ပြီ ပိတ်သွားတယ် ဘာမြှပန်မတက်လာဘူး ပြန်ဖွင့်လိုက်ရတယ် Power ကို ပြီးတော့ အရင်အတိုင်းပဲ Limera1n လဲမတွေ ့ရဘူး ဘာကြောင့်လဲအကို တို ့ရယ်?? ကူညီကြပါအုံး
    Thanks
    M John

    ReplyDelete