Tuesday, February 15, 2011

ဖုန်းပြန်ဖွင့်လို့ မရတော့ပါ


မေး ။ ။ အကို jailbreak လုပ်ပြီး... မြန်မာ font သွင်းပါတယ်... ပြီးတော့ power off လိုက်ပြီး ပြန်ဖွင့်တာ မပွင့်တော့ ဘူး .. ကူညီပါဦး .. အမေဆူတော့မယ် အကို ရယ်... 1 လပဲရှိသေးတယ် ၀ယ်ပေးတာ... ကယ်ပါဦးနော်

ဖြေ ။ ။ အစ်ကို့ ကို iPhone 4,3Gs,3G လားဆိုတာရယ် iOS version ရယ်ပြောဦးလေ..

ဒါဆို လောလောဆယ်တော့ Jailbreak လုပ်ဖို့ အသာထားလိုက်ပြီးတော့ iPhone ကို Power + Home ကိုတစ်ပြိုင်ထဲ ပန်းသီးပုံလေး တက်လာတဲ့ အထိနှိပ်ထားလိုက် တစ်ခါမရရင် နောက်တစ်ခါ ကြိုးစားကြည့်နော်

ပန်းသီးတက်လာရင် လွှတ်ပေးလိုက် ဒါမျိုးက ဖြစ်တတ်ပါတယ်.. Crash ဖြစ်သွားတဲ့ သဘောပါ အရေးကြီးတာက iPhone ပြန်တတ်လာဖို့  ပဲပြန်တက်လာပြီဆိုမှ လိုအပ်ရင် Original firmware ကို iTune နဲ့ ချိပ်ပြီး Restore လုပ်လိုက်ပါ။

ခုထိတော့ iOS 4.2.1 က untethered jailbreak ဆိုပေမယ့် အချို့ သူတွေက ဖုန်းကို power off လို့ မရဘူး Off လိုက်ရင် ပြန်တက်မလာတော့ပဲ Restore mode မှာတင်ရပ်နေတယ်လို့  ပြောကြပါတယ်။

ဒါဆိုရင် PC နဲ့ ပြန်ချိပ်ပြီး Jailbreak tool ကို ပြန်သုံးမှ တတ်လာတတ်တယ်...

အဆင်ပြေတဲ့ နည်းကိုသုံးပေါ့ ... ကြိုးစားကြည့်ပါ

မိုးသိကြား

အကို အဆင်ပြေသွားပါပြီ။ restore လုပ်လိုက်တာ iTune ကနေ လုပ်လိုက်တယ် ။
အကို့ကို ကျေးဇူးတင်ပါတယ်။ jailbreak လည်း ပြန်လုပ်လိုက်ပါပြီ ရသွားတယ် ဒီတခါတော့ powerမပိတ် ရဲတော့လို့ ဒီတိုင်း ထားလိုက်တယ် ။ မြန်မာစာလည်း အကို့ဆိုက် ကနေ ကြည့်ပြီး လုပ် လိုက်တာ ok တယ်။ ifunbox မသုံး ဘဲ တခါတည်းရတယ် ။ zawgyi keyboard iPad for iOs4.2 ကို ရွေးလိုက်တာ ရိုက်လို့လည်း ရကြည့်လို့်လည်း ရသွား ပါတယ်။ ဝိုင်း ဖုန်း က iphone4 ပါ ။ iOS4.2.1 ပါ ။

Facebook Comments

0 comments :

Post a Comment