Tuesday, February 15, 2011

Unlock နှင့် ပက်သက်၍ . . .


မေး ။ ။ အကိုကျွန်တော်က အခု အိုင်ဖုန်3းGS ကိုင်ပါတယ်။ မနေ့ကunlock လုပ်ချင်လို့ RedsnOw 0.9.6b5 ကိုသုံးပြီး jailbreak လုပ်ပြီး baseband ကိုလည်း06.15.00 ပြောင်းဖို့အတွက်လုပ်ပါတယ် အကုန်လုံးအဆင်ပြေပါတယ် ဒါပေမဲ့အိုင်ဖုန်းက reboot ကျပြီးပြန်တက်လာတော့ နာနတ်သီးပုံမှာတင်ရပ်နေပါတယ် အဲ့ဒါနဲ့ itunes နဲ့ restore လုပ်တော့လည်း itunes error 1015 ဆိုပြီး restore လုပ်လို့လည်းမရပါဘူး။ အကိုပြထားတဲ့ နည်းအတိုင်း itunes error 1015 နဲ့ရှင်းတာလည်းမရပါဘူး အဲ့ဒါနဲ့ပဲနောက်ဆုံး greenpoison နဲ့ run လိုက်တော့ iphone က ပြန်တက်လာပါတယ် jailbreak လည်းဖြစ်သွားပါတယ်။ baseband ကလည်း 06.15.00 နဲ့ပြပါတယ် ဒါနဲ့ပဲ cydia ကနေ ပြီးတော့ ultrasnOw 1.2 ကို install လုပ်တာအဆင်ပြေပြေ သွင်းလို့ရပါတယ်။ ဒါပေမဲ့ကျွန်တော်သိချင်တာက RedsanOw 0.9.6b5 နဲ့jailbreak လုပ်တာမပုာတ်ပဲနဲ့ greenpoision နဲ့ လုပ်ထားတာဆိုတော့ အဲ့ဒီဖုန်းက unlock ရ မရသိချင်လို့ပါ ကျွန်တော့်ဖုန်း က အခု iphone 3gs version 4.2.1 baseband 06.15.00 ပါ အခုလက်ရှိလည်းသုံးနေပါတယ် အကယ် လို့ unlock ရတယ်ဆိုရင်လည်းဘယ်လိုနည်းနဲ့စမ်းလို့ရနိုင်ပါသလဲကျွန်တော့်မှာက တခြား simcard လည်းမရှိတော့ ဘယ်လိုစမ်းရင်အဆင်ပြေလဲ unlock ဖြစ်လဲဆိုတာသိချင်လို့ပါ အကိုအပန်းမကြီးဘူးဆိုရင်ဖြေပေးစေချင်ပါတယ်။

ဖြေ ။ ။ ကိုဝင်းအောင် ကြုံတွေ့ ခဲ့ရတဲ့ ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့  အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့လို့  ဂုဏ်ယူမိပါတယ်.. ကိုဝင်းအောင် မရှင်းလို့ မေးထားတာတွေကို တစ်ချက်ခြင်း
ကြိုးစားပြီး ဖြေပေးသွားပါ့မယ်..

ပထမဦးစွာ iPhone ကို RedsnOw 0.9.6b5 သုံးပြီး Jailbreak ချလိုက်တယ် Reboot တက်လာတော့ နာနတ်သီးပုံလေးမှာ ရပ်နေတယ်လို့  ဆိုပါတယ် အမှန်တစ်ကယ် ရပ်နေတာလဲ ဖြစ်နိုင်သလို Boot တက်တာကြာနေတာလဲ ဖြစ်နိုင်ပါတယ် ဒါပေမယ့် တစ်ကယ်တမ်းကျတော့ RedsnOw က iPhone ရဲ့  Baseband ကိုပြောင်းပြီးနေပါပြီ Boot မတတ်နိုင်တာပဲ ဖြစ်နေတာပါ ဘာကြောင့်လဲဆိုတာကတော့ အကြောင်းအမျိုးမျိုးဖြစ်နိုင်ပါတယ်...

ဒုတိယ ကတော့ ဒီလို Boot မတက်လို့ ဆိုပြီး ကြံရာမရ iTunes မှာ ချိပ်ပြီး ပြန် Restore လုပ်ဖို့  ကြိုးစားရာမှာ iTunes error တက်လာပါလေရော
 

ဘာကြောင့်လဲ...? iPhone ရဲ့  Baseband ကို RedsnOw က 06.15.00 (unlockable baseband) အဖြစ်အသေပြောင်းပြီးသွားပြီလေ...
 

ကျွန်တော်သတိပေးခဲ့ပါတယ်နော် RedsnOw 0.9.6b5 နဲ့  Jailbreak လုပ် baseband ပြောင်းတာဟာ နောက်ကြောင်းပြန်လှည့်လို့ မရတဲ့ အပြင် ရှေ့ လျှောက်မှာလဲ Apple ရဲ့  Stock firmware တွေကို update လုပ်လို့ မရပဲ custom firmware တွေကိုသာလျှင် update လုပ်လို့ ရမယ်ဆိုတာ.. ပြန်ဖတ်ကြည့်ရင်သိနိုင်ပါတယ်
ဒီလိုဆိုတော့ iTunes က error တက်တာ မဆန်းသလို error ဖြေရှင်းနည်းနဲ့ လည်း ရှင်းလို့ မရတာပါပဲ..

တတိယအနေနဲ့  greenpoison နဲ့  run ရာမှာ ပြန်တက်လာဆိုတာ ဟုတ်ပါတယ် Redsnow နဲ့  jailbreak လုပ်ပြီးသားကို ထပ်မံ Jailbreak ချပေးလိုက်တာပါ။
baseband က တော့ 06.15.00 (unlockable baseband) (ဘယ်တော့မှ မပြောင်းတော့ပါ) ပဲဖြစ်နေတဲ့ အတွက် Unlock ဖြစ်ဖို့  85% သေချာနေပါတယ်၊ Unlock သေချာရန် စမ်းသပ်နည်းကလဲ အခြား SIM ထည့်ပြီး စမ်းတဲ့နည်းကသာ ပိုသေချာပြီး ခုထိတော့ အခြားနည်းလမ်း မတွေ့ သေးပါဘူး

အတတ်နိုင်ဆုံးကြိုးစားပြီးရှင်းပြထားလို့  ကျေနပ် လက်ခံလိမ့်မယ်လို့  မျှော်လင့်ပါတယ်..

မိုးသိကြား 



ကျွန်တော့်ထံ ဆက်သွယ်မေးမြန်းချက်လေးများထဲမှ အများအတွက် ပြန်လည် အသုံးတည့်မယ်လို့  ယူဆရတဲ့ မေးမြန်း ဖြေကြားချက်များကို စေတနာသန့် သန့် ဖြင့် ပြန်လည် ဖော်ပြပေးအပ်ပါတယ် ခင်ဗျား...

Facebook Comments

0 comments :

Post a Comment