Friday, April 22, 2011

တောင်းပန်ပါရစေ...

သကြင်0x081န်မတိုင်မီထဲက "မိုးသိကြား" တောက်လျှောက် အလုပ်တွေရှုပ်နေတာ... ၂၀.၀၄.၁၁ စင်ကာပူနိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ ဓါတ်တော်တိုက်ဆရာတော် ဦးစီးသော "မဟာသင်္ကြန်" အလှူတော်မဂင်0x081လာ၊ သက်ကြီးပူဇော်ပွဲ၊ သွေးလှူဒါန်းပွဲ၊ စတုဒိသာ အကျွေးမွေးနဲ့  ဖျော်ဖြေရေး စတဲ့ နေရာတွေမှာ အကျွေးမွေး၊ ဖျော်ဖြေရေး နှင့် မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူရေးတွေမှာ ကျွန်တော်တို့  အဖွဲ့ က တစ်ဒေါင့်တစ်နေရာက တာဝန်ယူဆောင်ရွက် ပေးခဲ့ကြပါတယ်..

အကျွေးအမွေး အတွက် ညလုံးပေါက် ချက်ပြုတ်ကြရင်း သံချပ်ဖျော်ဖြေရေး အတွက်လဲ သီချင်းတွေစပ်ကြ၊ သီချင်းတွေတိုက်ကြ၊ အတော်လေးတော့ ပျော်ဖို့ ကောင်းပါတယ်.. ကိုယ်စီပင်ပန်းထားကြပေမယ့် ပွဲကျင်းပတဲ့ နေ့ မှာလဲ တစ်နေလုံး မနေမနားပါဝင် လှုပ်ရှားကြပါတယ် တစ်နှစ်တစ်ခါမှသာ ကျင်းပပြုလုပ်နိုင်တဲ့ ဘာသာရေးပွဲလေးမှာ ပါဝင်ကူညီခွင့်ရလို့  ဝမ်းသာမဆုံးပါ။

စကားပလ္လင်ခံတာ များသွားပြီဗျာ.. ပြောချင်တာကတော့ ဒီရက်ပိုင်းလေးတွေမှာ "မိုးသိကြား" ပိုစ့်တင်ပေးတာ နည်းသွားခဲ့ရင် နားလည်ပေးကြပါလို့  အသိပေးချင်တာပါ၊ ကင်မရာ လေးလုံးနဲ့  ရိုက်ခဲ့တဲ့ video clip တြွေကားမှာ Editing လုပ်ရင်း "မိုးသိကြား" ခေါင်းနစ်နေလို့ ပါ...

ပထမဆုံး စပြီးဆက်ဖြစ်တဲ့ Video Clip လေးကို အပျော်သဘောနဲ့  တင်ပေးလိုက်ပါရစေ..



မိုးသိကြား

10 comments :

  1. -ကျနော် iPhone ကဝယ်ကတည်းက iPhone 4.2.1ပါ။
    -RedsnOw 0.9.6b5 သုံးပြီး Jailbreak ချလိုက်ပါတယ်။ အဆင်မပြေပါဘူး။
    -ဒါနဲ့ဒုတိယအကြိမ် greenpoisoncr5 နဲ့ ထပ်ချလိုက်ပါတယ်။ ဒါနဲ့ အဆင်ပြေသွားပါတယ်။ဒီလိုနဲ့ ရှိသမျှ softwareတွေကို download ပါတယ်။အဲ့ဒီလို သုံးရင်းကနေ တရက်ကျတော့ App Store က software တွေကို download လုဎ်တာ download လုဎ်လို့မရတော့ဘူး။ ဒါနဲ့ အရင် download လုဎ်ထားတဲ့ ကျနော်ရဲ့ အရင်downloadလုဎ်ထားတဲ့ itunes ထဲက applications တွေကို ပြန်ထည့် တာလဲ ပြန်ထည့် လို့မရတော့ဘူး။ ဒါနဲ့လူတတ်ကြီးလုဎ်ပြီး iPhoneကို 4.3.1 ကို update လုဎ်ပြီး Jailbreak လုဎ်မယ်လို့စဉ်းစားပြီး update လုဎ် လိုက်တာ၊ update လုဎ်လို့မရဘဲ itunes မှာ error လာပြပါတယ်။
    -ဒီလိုနဲ့ ဖတ်ဖူးတာတခုကို သွားပြီး သတိရပါတယ်။ အဲဒါက RedsnOw 0.9.6b5 နဲ ့ Jailbreak လုပ် baseband ပြောင်းတာဟာ နောက်ကြောင်းပြန်လှည့်လို ့မရတဲ့ အပြင် ရှေ ့လျှောက်မှာလဲ Apple ရဲ ့ Stock firmware တွေကို update လုပ်လို ့မရပဲ custom firmware တွေကိုသာလျှင် update လုပ်လို ့ရမယ်ဆိုတာ..အဲ့ဒါနဲ့
    -ဒီလိုလုဎ်လို့မရတာနဲ့ အရင် greenpoisoncr5 ကိုပြန်သုံးပြီး Jailbreak ပြန်ချမယ်လို့ လုဎ်တော့လဲ မရတော့ပါဘူး။
    -အခုက ရိုးရိုး Phoneတောင် ဆက်လို့ မရတော့တဲ့ အခြေအနေဖြစ်နေလို့ ကူညီပါအုံး။

    ReplyDelete
  2. ကျွန်တော် နားလည်းမိတာက အဓိက ကတော့ iTunes error တက်တေတယ်လို ့ထင်ပါတယ် iTunes error ဖြေရှင်းနည်းကို http://www.moethagyar.info/2010/11/itune-error-0xe8000065.html မှာ ဖတ်ရှုပါလို ့။ ပြီးတော့ Baseband အသေပြောင်းတဲ့ နည်းက iPhone 3Gs အတွက်ပါ iPhone 4 ဆိုရင်တော့ ခေါင်းထဲမထည့်ပါနဲ ့။

    ReplyDelete
  3. ကျွန်တော်က အခုမှ iphone စကိုင်တဲ့ user တစ်ယောက်ပါ။ ကျွန်တော့်ဖုန်းက iphone 4 , ios 4.3 ပါ။ jailbreak တွေရော Baseband တွေရော ဘာတစ်ခုမှနားမလည်ပါဘူး။ jailbreak လုပ်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို အသေးစိတ်သိချင်ပါတယ်။ ဘာတွေလဲဆိုတာ နည်းနည်းရှင်းပြပါလား ကိုမိုးသကြား။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. ကိုမိုးသကြားပြန်ပြီးအိပ်ပျော်သွားပါပြီ.....မေးခွန်းများကိုဖြေဖို့သည်းခံပြီးခဏစောင့်ပါ......:):)

    ReplyDelete
  5. ကိုကို Anonymous.. Jailbreak ဆိုတာ ထောင်ဖောက်တာပေါ့ဗျာ အဓိက ကတော့ Apple Store ကရောင်းတဲ့ App တွေကို Free အသုံးပြုလို ့ ရသွားမယ်၊ မြန်မာစာ ရေးလို ့ဖတ်လို ့ရမယ်ဗျာ တစ်ခြား ကောင်းတာတွေလဲ အများကြီးရှိပါသေးတယ်.. Baseband ကတော့ ဖုန်းကို Unlock လုပ်တဲ့ ကိစ္စနဲ ့ အများကြီးသက်ဆိုင်နေပါတယ်..
    http://www.moethagyar.info/2010/07/iphone-unlocking.html မှာဖတ်ကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ်..

    ReplyDelete
  6. ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုမိုးသကြား။ apple က free app တွေအများကြီးပေးပါတယ်။ ဒါပေမယ့်ဝယ်သုံးရတဲ့ app တွေ free ရမှာလား။ တကယ်လို့ ကျွန်တော် jailbreak လုပ်ရင် illegal ဖြစ်မှာလား။ apple နဲ့ သို့မဟုတ် AT&T service provider နဲ့ ပြသနာရှိနိုင်မလား။
    ကျေးဇူးပြုပြီး ပြန်ဖြေပေးပါဦးနော် ကိုမိုးသကြား thanks

    ReplyDelete
  7. iphone မှာ adobe flash player မရတော့ တစ်ချို့ video တြွေကည့်မလို့မရပါ။ flash player ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာသိချင်ပါတယ် ကိုမိုးသကြား။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  8. Jailbreak လုပ်ပြီး flash ကိုကြည့်လို့ရအောင်လုပ်နိုင်ပါတယ်...ဒါပေမဲ့ original လောက်တော့မကောင်းဘူးပေါ့..

    ReplyDelete
  9. Flash video တွေအတွက် App Store မှာ "Skyfire" ဆိုတဲ့ App ကိုဝယ်သုံးရင် ကြည့်နိုင်ပါတယ်၊ JB သမားတွေကတော့ Installous မှာ Free Down ဗျာ..
    တစ်လက်စထဲဗျာ ကိုယ့်ဖုန်းကို ကိုယ်ကြိုက်သလိုလုပ်နိုင်တာပဲ ဘာပြဿနာမှ မရှိပါဘူး အဓိက က သုံးရတာ အဆင်ပြေဖို ့ပဲ မဟုတ်လား။

    ReplyDelete
  10. အကို အခုမေးမှာက Unlock နဲ့တော့ မဆိုင်ပါဘူး ကျတော့်ဖုန်းမှာလေ bluetooth မရလို့ ဘယ်လိုလုပ်ရမလဲ မသိဘူး ဖြစ်နေတယ် cydia.xsellize.com ကနေ ibluetooth ဖြစ်ဖြစ် ibluenova ဖြစ်ဖြဟ် ဒေါင်းလုပ်ချပီး လုပ်တာ အဲ့တာ ဒေါင်းလုပ်ချပီ Install လုပ်ပီးတဲ့အထိ အဆင်ပြေသေးတယ် အဲ့ program လေးကို သုံးမယ်ဆိုတော့ ဖွင့်လိုမရဘူး ဖြစ်နေတယ် ပြန်ပြန် ပိတ်သွားတယ် သူက တချက်လောက်ရှင်းပြပေးစေချင်ပါတယ် လေးစားစွာဖြင့်

    ReplyDelete