Firmware တွေအသစ် ထွက်လာလိုက်ကြ jailbreak tools တွေအသစ် ထွက်လာလိုက်ကြနဲ့ ၊ jailbreak လုပ်ပြီး ပြန်တော့လည်း Unlock က လိုလာပြန်ရော.. iPhone4,3Gs iOS 4.3.2 ကို Unlock လုပ်နိုင်မယ့် နည်းလေးကို တင်ပြလိုက်ပါတယ်။ ဒီတစ်ခါတော့ "ultrasnOw Fixer" ဆိုတဲ့ App ကိုသုံးပြီး unlock လုပ်ကြရပါလိမ့်မယ်..
သူမှာလည်း Baseband သတ်မှတ်ချက်လေးတွေ ရှိပါတယ်။ Unlock လုပ်ဖို့  လိုသူများ Jailbreak ချရာတွင် "RedsnOw" ကို အသုံးမပြုဖို့  သတိပေးပါရစေ..
UltrasnOw Fixer နှင့် အဆင်ပြေမည့် Baseband များကတော့ (01.59.00 / 04.26.08 / 05.11.07 / 05.12.01 / 05.13.04 / 06.15.00) တို့ ဖြစ်ပြီး..
အဆင်မပြေတဲ့ Baseband များကတော့ (02.10.04 / 03.10.01 / 04.10.01 / 05.14.02 / 05.15.04 / 05.16.02) တို့ ပဲဖြစ်ပါတယ်..
iPhone 3Gs အတွက် Unlock ချနိုင်ဖို့ အတွက် Baseband 06.15.00 ဖြစ်ရန်လိုအပ်ပါတယ်..
iPhone 3Gs အတွက် Baseband 06.15.00 ပြောင်းနည်းကို ဒီမှာ ဖတ်ပါ။
Unlock ပြုလုပ်ရန်
အဆင့်(၁)
ပထမဦးစွာ iOS 4.3.2 ကို Jailbreak ချပါ။ ဒီမှာ ဖတ်ရှုပါရန်...
အဆင့်(၂)
Jailbreak လဲချပြီးပြီ Baseband လဲကိုက်ညီမှု ရှိပြီဆိုပါက
၁) "Cydia" ကိုဖွင့်ပါ
၂) "Manage" ကိုသွားပါ
၃) "Sources" တွင် "Edit" ကိုနှိပ်ပြီး "Add" ကိုနှိပ်ပါ
အောက်ဖော်ပြပါပုံအတိုင်း URL နေရာတွင် "http://djayb6.com" ကိုရိုက်သွင်းပြီး "Add Source" ကိုနှိပ်ပါ။
Cydia ကအလိုလျှောက် update လုပ်သွားပါလိမ့်မည်။
အဆင့်(၃)
"Cydia" ထဲမှ "search" တွင် “ultrasn0w fixer for 4.3.2” ဟုရိုက်ရှာပြီး Install လုပ်ပေးလိုက်ပါ။
Install လုပ်ပြီးပါက ဖုန်းကို "Reboot" လုပ်ပေးလိုက်ပါ၊ အခုဆိုရင် သင့်ဖုန်း Unlock ဖြစ်သွားပါပြီ။
မိုးသိကြား
အကို အခုမေးမှာက Unlock နဲ့တော့ မဆိုင်ပါဘူး ကျတော့်ဖုန်းမှာလေ bluetooth မရလို့ ဘယ်လိုလုပ်ရမလဲ မသိဘူး ဖြစ်နေတယ် cydia.xsellize.com ကနေ ibluetooth ဖြစ်ဖြစ် ibluenova ဖြစ်ဖြဟ် ဒေါင်းလုပ်ချပီး လုပ်တာ အဲ့တာ ဒေါင်းလုပ်ချပီ Install လုပ်ပီးတဲ့အထိ အဆင်ပြေသေးတယ် အဲ့ program လေးကို သုံးမယ်ဆိုတော့ ဖွင့်လိုမရဘူး ဖြစ်နေတယ် ပြန်ပြန် ပိတ်သွားတယ် သူက တချက်လောက်ရှင်းပြပေးစေချင်ပါတယ် လေးစားစွာဖြင့်
ReplyDeleteကိုမိုးသိကြားခင်ဗျား ကျွန်တော်တစ်ခုလောက်မေးပါရစေ။ ကျွန်တော်ရဲ့ဖုန်း(iPhone4, iOS 4.3.1, Baseband 03.10.01) ကိုတစ်နည်းနည်းသောအားဖြင့် Unlock လုပ်လို့ရနိုင်ပါသလား။ ကျွန်တော်ဆိုလိုတာက Downgrade (or) Upgrade နည်းဖြင့်လုပ်လို့ရနိုင်မလား။ ဒါမှမဟုတ် Dev-Team က Ultrasn0w ကို Update လုပ်မည့်ရက်ကိုဘဲစောင့်ရမလား။ အကယ်၍ကိုမိုးသိကြားအတွက်အပန်းမကြီးဘူးဆိုရင် ကျေးဇူးပြုပြီး Reply လုပ်ပေးပါ။ (Because, GEVEY SIM Adaptor ကိုကျွန်တော်မဝယ်နိုင်လို့ပါ။) နောက်ထပ်ကျွန်တော်မေးချင်တာတစ်ခုကဗဟုသုတအတွက်ပါ။ iPhone ရဲ့ Home Screen မှာရှိတဲ့ Setting>>>> General>>>> About>>>> Regulatory ရဲ့ Page မှာရှိတဲ့နိုင်ငံတကာများရဲ့ Logo (ကျွန်တော်အထင်နော်)ကဘာကိုရည်ညွှန်းခဲ့တာလဲ။ ကျွန်တော်၏ဆိုလိုရင်းက အဲဒါ Unlock နဲ့တစ်မျိုးတစ်ဖုံပတ်သက်နေပါသလား။ Please, Reply for me........ ကိုမိုးသိကြားကိုအမြဲလေးစားလျက်...............
ReplyDeleteiPhone4, iOS 4.3.1 အတွက် Unlock ချဖို ့ဒီနည်းလေးကို သုံးကြည့်ပါလားဗျာ.. http://www.moethagyar.info/2011/04/iphone-4-baseband-ios-431-upgrade.html
ReplyDeleteRegulatory နဲ ့ပက်သက်ပြီး သေချာမသိသေးလို ့ ပြောမပြေနိုင်သေးပါဘူး ...
Thank million for reply, My Brother............
ReplyDeleteကိုမိုးသိကြား ကျွန်တော်ဖုန်းက iOS 4.3.5 အကိုပြောသလို 4.3.4 နဲ
ReplyDeleteကျွန်တော် jailbreak ချပါတယ် အာလုံးအဆင်ပြေပါတယ် ဒါပေမဲ
cydia မှာကျွန်တော် theme တခုကို install လုပ်ပါတယ် ပြီးတော့
reboot ကိုနိှပ်လိုက်တာနဲ့ ဖုန်းကျပြီး ပြန်တက်မလာတော့ဘူး apple
မှာပဲရပ်နေတယ် အဲတာဘယ်လိုပြန်လုပ်ရလဲ ကိုမိုးသိကြား ကျွန်တော်မလုပ်တက်တော့ဘူး ကျွန်ကိုပြန်ရှင်းပြပေးစေချင်ပါတယ်
လေးစားစွာဖြင့် ကျေးဇူးတင်ပါတယ်
မျိုးသူအောင် : အောက်ကလင့်ခ် မှာဖတ်ပြီး ပိုစ့်ရဲ ့ အောက်ဆုံး အပိုဒ် (အပြာရောင် စတား အောက်က) ကို ညီလေး လုပ်ဆောင်ရမှာဖြစ်ပါတယ်...
ReplyDeletehttp://www.moethagyar.info/search/label/Jailbreak
ကျွန်တော်မေးစရာရှိလို့ပါ..jailbreakနှင့်unlockကဘာကွာလဲသိပါရစေ..
ReplyDeletejailbreakလုပ်ပြီunlockမလုပ်ရင်ရောရသလားဗျ...
လေးစားစွာဖြေကြားပေးစေချင်ပါတယ်ဗျာ
သိတဲ့လူများ လေးစားစွာ ဖြေကြားပေးလိုက်ကြပါဗျာ...
ReplyDeleteကိုမိုးသိကြား
ReplyDeleteကျွန်တော့်ဖုန်းက3GSပါအကို။IOS5ကိုupdateလုပ်လိုက်မိပြီးသုံးလို့မရလို့IOS4.3.2ကိုdowngradeပြန်လုပ်လိုက်တာunlockလုပ်လို့မရတော့လို့ပါ။ကျွန်တော့်ကိုဘယ်လိုလုပ်ရမလဲဆိုတာတစ်ချက်လောက်ကူညီပြီးပြောပေးပါဦးအကို။အကိုပြောထားတဲ့အတိုင်းလုပ်ကြည့်တာမရလို့ပါအကို။