တစ်ခါတစ်ရံမှာ အသုံးဝင်နိုင်ပြီး လွယ်ကူပေမယ့် မသိသေးသူများအတွက် Conference Call ခေါ်ဆိုပုံလေးကို တင်ပြပေးချင်ပါတယ်။ အကယ်၍သင်ဟာ ဖုန်းပြောနေစဉ်မှာ အခြားတစ်ယောက်ရဲ့  ဖုန်းကို ထပ်မံခေါ်ဆိုလိုပါက လက်ရှိပြောနေတဲ့ Call ချပစ်စရာ မလိုပဲ ခတ0x081တခဏ Hold လုပ်ထားပြီး second call အနေနဲ့  ထပ်မံခေါ်ဆိုနိုင်ပါတယ်။
iPhone 4 မှာဆိုရင် “Mute button” ကိုနှိပ်ပြီး “Hold” ကိုနှိပ်ပါ၊ iPhone 3,3Gs မှာတော့ “Hold button” ကိုနှိပ်ပါ ပြီးနောက် “Add Call button” ကိုနှိပ်ပါ ဒါဆိုရင် contact list ထဲကိုရောက်သွားပြီး ခေါ်ဆိုလိုသူ ကိုရွေးပြီး ခေါ်ဆိုနိုင်သလို Keypad ကနေ နံပါတ်နှိပ်ပြီးခေါ်ဆိုနိုင်ပါတယ်။ (ပုံ-၁)
Making Instant Conference Calls
လက်ရှိဖုန်းခေါ်ဆိုနေစဉ်မှာ အခြားသူတစ်ဦးအား ထပ်မံခေါ်ဆိုပြီး သုံယောက် တစ်ပြိုင်တည်း (conference call)အနေနဲ့  ပြောလိုပါက “Add Call button” ကိုနှိပ်ပြီး မိမိထပ်မံခေါ်ဆိုလိုသူ contact ထဲမှသော်လည်းကောင်း နံပါတ်နှိပ်၍ သော်လည်းကောင်းရွေးပေးလိုက်ပြီး ထပ်မံခေါ်ဆိုလိုက်ပါ (ဤကဲ့သို့  ခေါ်ဆိုနေစဉ် လက်ရှိပြောနေသူမှာ ခတ0x081တ Hold ဖြစ်နေပါမည်) တစ်ဖက်မှ ဖုန်းကိုင်လိုက်ပါက Screen တွင်ပေါ်လာသော “Marge Call button” ကိုနှိပ်ပေးလိုက်ခြင်းဖြင့် သုံးယောက် တစ်ပြိုင်ထဲ စကားပြောနိုင်မှာဖြစ်ပါတယ်။ (ပုံ-၁ -၂)
0 comments :
Post a Comment