iPhone ကို သုံးလာတာ အချိန်ကာလ ကြာမြင့် လာတာနှင့်အမျှ Battery Life က ပိုပြီး တိုတောင်းလာတယ်လို့  ခံစားရပါတယ် အနည်းငယ် သုံးရုံမျှနဲ့  Heat တက်လာတာကိုလည်း ကြုံချင်ကြုံဖူးကြမှာပါ။ ဒီလို Battery Life ပြဿနာကို အနည်းငယ် သက်သာ လျှော့ပါးစေတဲ့ နည်းအချို့ ကို တင်ပြပေးလိုက်ပါမယ်...
၁) iPhone Battery ကို လုံးဝ ကုန်စင်အောင် အသုံးမပြုသင့်ပါဘူး၊ 20% အောက်ရောက်ပြီ ဆိုရင် Charge လုပ်သင့်ပါပြီ၊ တစ်လမှာ အနည်းဆုံး တစ်ကြိမ်တော့ Fully Charge လုပ်သင့်ပါတယ်။
၂) iPhone ကို USB ကြိုးသုံးပြီး PC နှင့် ချိပ်ဆက်ကာ Charge လုပ်နေချိန်တွင် PC ကို လုံးဝ ON ထားရမှာ ဖြစ်ပါတယ်။ အကယ်၍ PC OFF (သို့ ) Sleep (သို့ ) Standby mode ဖြစ်နေပါက iPhone battery drain (အလဟသ ယိုစီး) နိုင်ပါတယ်။
၃) iPhone ကို Charge လုပ်စဉ် ဖုန်းအိမ် (အိပ်ခွံ) ကိုဖြုတ်ထားသင့်ပါတယ်၊ ဖုန်းအိမ်ကြောင့် Heat တက်နိုင်ပြီး ဖုန်းဘက်ထရီရဲ့  စွမ်းအားကိုလည်း ကျဆင်းစေနိုင်ပါတယ်။
၎) တတ်နိုင်သမျှ iPhone ရဲ့  firmware (iOS) ကို Update လုပ်ပေးပါ။ Apple ရဲ့  အင်ဂျင်နီယာများက ဘက်ထရီ သက်တမ်း ကြာရှည်ခံအောင် အမြဲ ကြိုးပမ်းလျှက် ရှိနေလို့ ပါ။
၅) Location Services ကို အထောက်အပံ့ပေးသော အချို့  App များ (Maps)စသည်တို့  ကလည်း ဘက်ထရီ သက်တမ်းကို လျှော့ကျစေပါတယ်၊ ဒါကြောင့် အသုံးမပြုတဲ့ အချိန်များမှာ Location services ကို "Off" ထားပေးပါ။
Settings >General > Location services > OFF
၆) အချို့  App များက Update အသစ်များ နှင့် သက်ဆိုင်ရာ ဝန်ဆောင်မှုများကို "Notifications" မှ အမြဲ နှိုးဆော် သတိပေးတတ်ပါတယ်၊ ဒါကလည်း ဘက်ထရီ သက်တမ်းကို တိုစေပါတယ်။ အသုံးမပြုဘူး ဆိုရင် ပိတ်ထားသင့်ပါတယ်
Settings >Notifications > OFF
၇) Fetch new data ကြောင့်လဲ ဘက်ထရီ သက်တမ်း လျှင်မြန်စွာ ကုန်စေပါတယ်.. လိုအပ်မှ သုံးရန် "Manually" တွင်ထားခြင်းဖြင့် ဘက်ထရီစား သက်သာစေပါတယ်။
Setting > Mail,Contacts,Calendars > Fetch New Data > Manually ကိုရွေးပေးထားပါ။
၈) မိမိဖွင့်ထားသော Mail Account များက အချိန်ပြည့် update လုပ်နေခြင်း ကလည်း ဘက်ထရီ အကုန်မြန်စေပါတယ်၊ Push ကို OFF ပေးထားခြင်းဖြင့် မိမိဖွင့်စစ်သော အချိန်မှသာ update ပြမှာဖြစ်လို့  ဘထရီစား သက်သာစေပါတယ်။
Settings >Fetch New Data >Push > OFF
၉) Wi-Fi ကို အချိန်ပြည့် ON ထားခြင်းကလည်း ဘက်ထရီ စားစေပါတယ်၊ Wi-Fi မမိတော့တဲ့ နေရာတွေမှာ OFF ပေးထားခြင်းဖြင့် ဘက်ထရီစား သက်သာမှုကို အထောက်ကူပြုပါတယ်။
Settings > Wi-Fi > OFF
၁၀) Bluetooth ကို အသုံးမပြုတဲ့ အချိန်မှာ OFF ပေးထားပါ။
Settings > General > Bluetooth > OFF
၁၁) iPhone တွင်ပါရှိသော iPod ရဲ့  Equalizer ကလည်း ဘက်ထရီ အလျှင်အမြန် ကုန်စေလို့  မလိုအပ်ရင် OFF ပါ။
Settings > iPod > EQ > Off
၁၂) iPhone ရဲ့  3G ကို OFF ထားပေးခြင်းဖြင့်လည်း ဘက်ထရီစား သက်သာစေပါတယ်။
Settings > General > Network > Enable 3G > OFF
0 comments :
Post a Comment