" Multiflow " ဒီအမည်လေးကို ကြားတာနဲ့  သိပြီးတဲ့လူတွေက သိပြီးနှင့်လောက်ပါတယ်။ ဒီ Tweak လေးက ပေါ်လာတာ တော်တော်ကြာခဲ့ပါပြီ။ မသိသေးတဲ့သူများ အတွက် ရည်ရွယ်ပြီး ပြန်လည်တင်ပေးလိုက်တာပါ၊ ယခင်က Sinfuliphonerepo မှာ တိုက်ရိုက် Source ထည့်ပြီး ရယူနိုင်ခဲ့ပေမယ့် အခု Sinfuliphonerepo က ဘာဖြစ်မှန်းမသိ Source ထည့်ရင် Error ပြနေပါတယ်.. ကျွန်တော့် အထင် Server ပြဿနာလားမသိ၊ မသေချာပါ...
Multiflow ရဲ့  အသုံးဝင်ပုံလေးကတော့ App တစ်ခုကို သုံးနေရင်က အခြား App တစ်ခုကို တစ်ပြိုင်ထဲ ပြောင်းသုံးချင်တယ် (ဥပမာ။ ။ Safari ကြည့်နေရင်က SMS ပို့ ဖို့ လိုလာတယ်) ဆိုကြပါစို့  ဒီအခါမှာ မိမိလိုချင်တဲ့ App ဖွင့်ဖို့  Home Screen ကို ပြန်သွားကြတဲ့ အခါမှာ Home Button ကို နှိပ်ကြရပါတယ် (ဒီတော့) ကြာလာရင် Home button က နာလာတော့တာပေါ့၊ အဓိက ကတော့ Home button ကိုညှာနိုင်အောင်ပါ။
ကျွန်တော် Screen Shot လေးတွေနဲ့ ပြသွားပါမယ်..
Setting လုပ်ထားတာကတော့ Status Bar (အပေါ်ထိပ်ဆုံးနေရာ) ကို နှစ်ချက်ထိလိုက်တာနဲ့  ဖွင့်ထားသမျှ App တွေ Minimize ဖြစ်သွားပြီး Screen တစ်ခုထဲမှာ အားလုံးတွေ့ ရမယ်၊ အဲဒီ အထဲကမှ မလိုချင်တာကို ပိတ်နိုင်မယ် လိုချင်တာကို ရွေးချယ် ဖွင့်နိုင်မယ်၊ Home Button တစ်ချက်မှ နှိပ်စရာမလိုပါ..
Multiflow ကို Install လုပ်ပြီးရင် Setting ထဲမှာ ရှာတွေ့ နိုင်ပါလိမ့်မယ်..
Activation Method ကိုနှိပ်ပြီး Status Bar ကိုရှာပြီး ပုံပါအတိုင်း Setting ချပါ။
Switcher Style ကတော့ Expose (or) Card စိတ်ကြိုက်ရွေးပါ။
Multiflow ထဲကမှ Icon Overlays ကို ပုံပါအတိုင်း Setting ချပါ။
နှစ်သက်ကြလိမ့်မည် ထင်ပါတယ်..
Multiflow 2.1.6-1
Installation GUIDE
Share ပေးတဲ့အတွက်ကျေးဇူးပါ။
ReplyDeleteMultifl0w ကိုရှာရင်း Multicleaner ကိုပါထပ်တွေ့တယ်။
အဲဟာမှာ switcher bar icon လေး ပါတယ်။
minimize လုပ်ထားတဲ့ app တွေကို အဲဒီ switcher bar icon ထဲကနေပြီး ပြန် maximize လုပ်လို့ရတယ်။ သုံးရတာ ပိုမိုက်သလိုပဲ :)
Activator/Anywhere/status bar မှာ swipe down ကော
Swipe right ကိုပါ ရွေးထားရင် ဂိမ်းတွေဆော့နေရင်းနဲ့တောင် swipe right လုပ်ပြီး minimize လုပ်လို့ရတယ်။
ကျနော် စမ်းကြည့်မိတာလေးကို ပြန် share တာ သက်သက်ပါ။
အခု အလကား မရေတာ့ပဲ
ReplyDeleteဝယ်ခိုင်းနေတာလား မသိဘူး
အရင်က သုံးနေရာကနေ ဖုန်းကို restore လုပ်ပီးလို့ ဂျေးဘရိတ် ချပီး ပြန်သွားဒေါင်းတော့
အလကား မရတော့ဘူး
း(
ဘယ်လို လုပ်ရမလဲဗျာ.. ဝယ်လဲ မဝယ်တက်ဘူး
အရမ်းသဘောကျနေပါတယ်ဆိုမှ...