ယခုနောက်ဆုံးပေါ် Android phone အမျိုးစားဖြစ်တဲ့ Nexus S ဖုန်းကို Samsung ကထုတ်လုပ်လိုက်ပြီး Google က သူရဲ့  နောက်ဆုံးပေါ် App တွေနဲ့  အတူ ပူပေါင်း ပါဝင်ထားပါတယ်။ ထူးခြားချက်လေး တစ်ခုက Nexus S ရဲ့  မျက်နှာပြင်ဟာ တစ်ဖြောင့်ထဲ မဟုတ်ပဲနဲ့  မှန်ခွက် ပုံစံပြုလုပ်ထားပါတယ်၊ ဒါဟာ ဖုန်းပြောဆိုတဲ့ အချိန်မှာ အလွန်ထိရောက်ပြီး သက်တောင့် သက်သာ ရှိစေနိုင်မယ့် အနေအထားပါ။ Apple ရဲ့  iPhone5 ထွက်လာတဲ့ အခါမှာလဲ အခုလို မှန်ခွက် ဒီဇိုင်း နဲ့  ထွက်လာလိမ့်မယ်လို့  ထင်မြင်မိပါတယ်..
ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Apple နဲ့  Samsung တို့ ရဲ့  ပက်သက် ဆက်နွယ်မှုဟာ မထင်မှတ်လောက်အောက် အံ့သြစရာ ကောင်းလှပါတယ်.. ဒါကတော့ Samsung ဟာ Apple iPhone မှာပါဝင်တဲ့ အစိတ်အပိုင်း တော်တော်များများကို ထောက်ပံ့ပေးသော ကုမ္ပဏီဖြစ်နေလို့ ပါ။
ကျွန်တော့် မေလ်းထဲကို ရောက်လာတဲ့ အကြောင်းရာလေးကို ပြန်လည်မျှဝေလိုက်ပါရစေ၊ မည်သူ့ ကို credit ပေးရမည် မသိလို့  ပေးပို့ သူ " နတ်သား " ကိုသာ credit ပေးလိုက်ပါရစေ...
iPhone ကို အမေရိကန် Apple ကုမ္ပဏီတစ်ခုထဲက ထုတ်လုပ်တာ မဟုတ်။ Apple ကုမ္ပဏီက ဖုန်းထဲပါဝင်တဲ့ ပစ္စည်းအမယ်တွေ အတွက် ထုတ်လုပ်မှုလည်း မလုပ်သလို၊ အချောထည် ဖြစ်တဲ့အထိ တပ်ဆင်တာလည်း မလုပ်။
iPhone ဖုန်းထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းအများစုက နေရာပေါင်းစုံမှ လာတာဖြစ်ပြီး၊ ဖုန်းဖြစ်အောင် တိုင်ဝမ် Foxconn ကုမ္ပဏီက တပ်ဆင်ပေးသည်။ Foxconn က သူ့စက်ရုံကို တရုတ် စီချွမ်ပြည်နယ်မှာ ထားသည်။
ဈေးကွက်သုတေသနလုပ်တဲ့ iSuppli လုပ်ငန်းက၊ အေက်ပါပုံအတိုင်း iPhone ကို တစ်စစီ ဆွဲထုတ် ဖော်ပြထားသည်။ iPhone ဖုန်းကို ဘယ်သူတွေလုပ်သလဲ၊ ပါဝင်တဲ့ အစိတ်ပိုင်းအသီးသီးရဲ့ ဈေးနှုန်းတွေ ဘယ်လောက်ရှိသလဲ ဆိုတာကအစ အသေးစိပ် ဖော်ပြထားသည်။
ကိုရီးယား Samsung ကုမ္ပဏီက iPhone အတွက်အရေးကြီးတဲ့ အစိတ်အပိုင်းများ ပေးသွင်းသူ ဖြစ်သည်။ ဖုန်းတစ်ခုလုံး လည်ပတ်ဖို့ လိုအပ်တဲ့ processor, working memory or DRAM, music and operating software တို့ကို Samsung က ထုတ်လုပ်ပေးသည်။ iPhone တစ်ခုလုံးမှာ ပါဝင်တဲ့ ၂၆ ရာခိုင်နှုန်းကို Samsung ကုမ္ပဏီက ထုတ်လုပ်ပေးသည်။
Samsung ရဲ့ လုပ်ဆောင်မှုကလည်း ထူးခြားသည်။ ကိုယ်တိုင်က စမတ်ဖုန်းတွေ၊ တက်ဘလက် ကွန်ပျူတာတွေ ထုတ်လုပ်ရောင်းချနေရင်း၊ ပြိုင်ဘက် Apple ကုမ္ပဏီကြီးကို ဖုန်းရဲ့အစိတ်အပိုင်းများ ပံ့ပိုးပေးနေခြင်း ဖြစ်သည်။ Apple က Samsung ရဲ့ အကြီးမားဆုံး ဖောက်သည်ဖြစ်သလို၊ Samsung က Apple အတွက် အဓိက ဖုန်းအတွင်းပစ္စည်းများ ပံ့ပိုးပေးနေသူ ဖြစ်သည်။
စိတ်ဝင်စားစရာက Samsung ရဲ့ စီးပွားရေး လုပ်နည်း မော်ဒယ်ပုံစံ ဖြစ်သည်။ အခြားသူအတွက် အရည်အသွေးမှီ အစိတ်အပိုင်းများ ပံ့ပိုးဖို့ ထုတ်လုပ်ပေးပြီး၊ ကိုယ့်ကုမ္ပဏီကတော့ ဈေးချိုတဲ့ ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်း ဖြစ်သည်။
Apple ကုမ္ပဏီကတော့ အခြားကုမ္ပဏီတွေက သူ့ဖုန်းရဲ့ အတွင်းအစိတ်အပိုင်းတွေ ထုတ်လုပ် တပ်ဆင်ပါစေ ဆိုပြီး လွှတ်ထားသည်။ သေသပ်လှပတဲ့ ဒီဇိုင်း၊ hardward နဲ့ software အလွယ်တကူ ပေါင်းစပ် အသုံးချမှု၊ ၀န်ဆောင်မှု လုပ်ငန်းတွေကိုသာ ကိုင်ထားသည်။
ဂရပ်ပုံရဲ့ ဒုတိယပိုင်းမှာ ထုတ်လုပ်မှုစရိတ်ထက် မတန်တဆ ကျော်လွန်ပြီး၊ ဈေးကွက်ထဲ ဒေါ်လာ ၅၆၀ နဲ့ ရောင်းချတဲ့ iPone ကို စိတ်ဖြာပြထားသည်။ သို့သော် သုတေသနပြုခ၊ သယ်ယူပို့ဆောင်ခ၊ ထုတ်ဖိုးခများကိုတော့ ဘေးဖယ်ထားသည်။
ဂရပ်ပုံရဲ့ တတိယပိုင်းမှာ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ထဲမှ ကုမ္ပဏီများရဲ့ အချိုးအစားကို ဖော်ပြထားသည်။ Apple က ဈေးကွက် ပထမနေရာမှာ ဗိုလ်စွဲပြီး၊ Samsung က ဒုတိယနေရာ လိုက်သည်။
အချုပ်အားဖြင့် Apple ကုမ္ပဏီက iPhone ကို ကိုယ်တိုင် မလုပ်သော်လည်း၊ ၄င်းဖုန်းမှ အမြတ်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ရရှိလျက် ရှိပါကြောင်း။
တော်တော်နောက်တဲ့ iPhone ပဲ
ReplyDeletehttp://www.maukkha.org/index.php?option=com_content&view=article&id=1749:apple-iphone-samsung-&catid=120:2010-10-11-07-37-22&Itemid=374 အဲဒီမှာလဲ တင်ထားတာတွေတယ်။
ReplyDelete