Sunday, August 7, 2011

Recovery VS DFU mode


Jailbreak လုပ်မယ့်သူများ အနေနဲ့  DFU mode နဲ့  Restore mode ဆိုတာကို ကွဲကွဲပြားပြား သိစေချင်တဲ့ ဆန္ဒနဲ့  သိရှိ မှတ်သား ထားတာလေးကို ရေးသားပေးလိုက်ပါတယ်။ အမှန်ကတော့ အစောကြီးထဲက ဒီလိုမျိုးကို ရေးသင့်ပေမယ့် လူတိုင်းသိရှိ နားလည်ပြီးသား ဖြစ်လိမ့်မယ် ထင်ပြီး မရေးသားဖြစ်ခဲ့တာပါ။

Recovery mode နဲ့  DFU mode တို့ ရဲ့  အဓိက ကွာခြားချက်ကတော့ iBoot ပါပဲ။
Recovery mode ဆိုတာကတော့ iPhone,iPad,iPod Touch တို့ ကို restoring, upgrading တွေအတွက် iBoot ကစစ်ဆေးပြီး လုပ်ဆောင်ပေးပါတယ်။

DFU mode ကတော့ iBoot ကို bypasses ကျော်သွားနိုင်လို့  လက်ရှိ iOS (Firmware) ကို Downgrade ချနိုင်ရန် (သို့ ) Custom firmware တွေသွင်းလို့ ရသွားပါတယ်။

iBoot ရဲ့  လုပ်ဆောင်ချက် ကတော့ firmware version ကို လက်ရှိ version ထက် မြင့်လား (သို့ ) လက်ရှိ ဗားရှင်းဆိုတာ ကိုစစ်ဆေးတာပါ။ အကယ်၍ မကိုက်ညီရင် ရှေ့ ဆက်ပြီး လုပ်ဆောင်ခွင့် မပေးပါဘူး။ ဆိုလိုတာကတော့ Version အမြင့်ကနေ အနိမ့်ကိုဆင်းခွင့် မပေးတဲ့ သဘောပါ။

ဒါ့ကြောင့် Downgrade ချနိုင်ဖို့  (သို့ ) Custom IPSW တွေသွင်းဖို့  အတွက် iBoot ကိုကျော်ဖို့  DFU mode ပြောင်းကြရတာပါ။
 

Recovery mode ကိုတော့ firmware ကို upgrade,restore လုပ်ဖို့ အတွက် Standard mode လို့ ပဲ နားလည်နိုင်ပါတယ်။ Downgrade နဲ့  Custom firmware တွေကို ခွင့်မပြုပါဘူး။
DFU mode ကိုတော့ Special mode လို့ သာ ဆိုလိုချင်ပါတယ်။


Recovery mode ပြောင်းရန်
၁. Device ကို မည်သည့် အရာနှင့်မျှ ချိပ်ဆက်ထားခြင်းမပြုပဲ Power ကို လုံးဝ OFF ထားပါ။
၂. Home button ကို ဖိနှိပ်ထားပါ။
၃. Home button ကို ဖိနှိပ်ထားလျှက် USB cable အသုံးပြုပြီး computer နဲ့ ချိပ်ဆက်ပါ။
၎. Home button ကို CD နှင့် USB cabel ချိပ်ဆက်ရန် ပြသောပုံ screen မှာ ပေါ်လာသည်အထိ နှိပ်ထားပါ။ ပေါ်လာပါက Restore mode သို့ ရောက်နေပါပြီ။

DFU mode ပြောင်းရန်
၁. iDevice ကို computer နဲ့ ချိပ်ဆက်ပါ။
၂. iDevice ကို Power OFF ပါ။
၃. Power + Home button ကို တွဲလျှက် ၁၀စက0x081ကန့်  နှိပ်ထားပါ။
၎. Power button ကို လွှတ်လိုက်ပါ Home button ကိုတော့ PC မှ အချက်ပေးသံ ထွက်လာသည်အထိ ဆက်လက်ဖိထားပါ ( ၁၀စက0x081ကန့် မျှ)။ Black screen သာပေါ်နေပါမည်။
၅. အချိန်အနည်းငယ် အကြာမှာ iTunes က Device ကို Detect သိပါလိမ့်မည်။


2 comments :

  1. Hi bro, my Iphone 3gs firmware4.0 is stuck in recovery mode. Already with iReb,QuickPwn and tinyumbrella. Still the same. Please help me.

    ReplyDelete
  2. bro ကျွန် iphone 4s ကို jailbreak လုပ်လိုက်တာ apple logo ကနေပြီးမတက်ဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်၇မလည်းဆိုတာပြောပြပါ

    ReplyDelete