Thursday, September 8, 2011

iOS 4.3 အထက် အဆင်ပြေဆုံး မြန်မာဖောင့်သွင်းနည်း

iOS4.3.3/ 4.3.4 /4.3.5 တို့ မှာ မြန်မာဇော်ဂျီဖောင့် ထည့်သွင်းရာတွင် iPhone,iPod အတွက် အသစ်ထွက်ရှိလာသော New Keyboard နှင့် အဆင်မပြေ နေကြတယ်လို့  မကြာခဏ ကြားသိရပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့  နည်းလမ်းဟောင်း လေးကိုပဲ ပေါင်းစပ်သုံးပြီး ဖြေရှင်းလို့  ရနိုင်ပါတယ်။

Jailbreak လုပ်သူများ အနေနဲ့  မြန်မာ ဇော်ဂျီဖောင့် ထည့်သွင်းတာ အလွန်ကျွမ်းကျင်ပြီးသား ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်၊ ဒါပေမယ့် ယခုမှ စပြီး ထည့်သွင်းမယ့် သူများ အတွက်ပါ စာမျက်နှာ မကူးရအောင် စ/ဆုံး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၁) Home screen ရှိ Cydia ဖွင့်ပါ။

၂) Cydia --> Manage --> Sources --> Edit --> Add

၃) Add တွင် "cydia.macforus.com" ဟုရိုက်ထည့်ပေးလိုက်ပြီး Add Source ကိုနှိပ်ပါ။ ပြီးရင် Done ကိုနှိပ်ပါ။

၎) cydia.macforus.com --> Zawgyi Keyboard iPad 4.2 ဆိုတာကို Install လုပ်ပါ။

၅) ပြီးရင် zawgyi font package for >= 3.2 ကိုပါ ထပ်မံ Install လုပ်ပါ။

၆) Home screen ရှိ Settings ကိုသွားပါ။

၇) Settings --> General --> Keyboard --> International Keyboards -->Add New Keyboard --> Myanmar ကိုရွေးပေးလိုက် ရင်ရပါပြီ။

အခုဆိုရင်တော့ မြန်မာဖောင့် အတွက် စိတ်အနှောင့်ယှက် ဖြစ်ရန် မလိုတော့ပါဘူး။

8 comments :

  1. အားလုံးတော့လုပ်လို့ရပါတယ် ..ဒါပေမဲ့ keyboard မှာစာလုံးတွေမပေါ်ပဲ ???? တွေပဲပေါ်နေတယ် ..ရိုက်ရင်တော့မြန်မာလိုမြင်ရတယ် ..စာလုံးတွေပေါ်အောင်ဘယ်လိုလုပ်ရမလဲဟင်..ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ဖောင့်ကိုအရင်အင်စတောလ်လုပ်ရတယ်ဗျ။ပြီးမှကီးဘုတ်ကိုအင်စတောလုပ်...
    ဒါဆိုရင်ရမှာပါ။removeလုပ်ပြီးအစကပြန်လုပ်ကြည့်ပါ

    ReplyDelete
    Replies
    1. ios 4.3.2 ပါရလာမသိဘူး ခင္ဗ်ာ..

      Delete
  3. ကူညီကြပါအုံးဂျ cydia.macforus.com ကို add လိုက်တာနဲ့
    Verification Error A server with the specified
    hostname could not be found ဆိုတဲ့ box လေးဘဲဲပြ
    နေတယ် ဘာဖြစ်သွားတာလဲလို့ သိရင်ပြောပြကြပါ ကျေးဇူး....

    ReplyDelete
  4. မရဘူးဗျ....ညွှန်းတဲ့အတိုင်းလုပ်တာဘဲဗျ..ကီးဘုတ်ရွေးတဲ့အထိ အဆင်ပြေတုန်းဘဲ...ဒါပေမယ့်.စာရိုက်ရင်
    ENG / KOREA ၂ခုဘဲပေါ်တယ် ကီးဘုတ်...မြန်စာစာတော့ ဖတ်လို့ရသွားတယ်
    ကူပါဦးဗျို့

    ReplyDelete
  5. Hi, ko moe, I've been jailbreaks my iPhone 4s bro, it's ok for all. Now I want to get zawgyi keyboard for 4s bro. Pls help me. Thanks a lot for all ko moe.

    ReplyDelete
  6. Hi, ko moe, I've been jailbreaks my iPhone 4s bro, it's ok for all. Now I want to get zawgyi keyboard for 4s bro. Pls help me. Thanks a lot for all ko moe.

    ReplyDelete