လူတိုင်း လူတိုင်းဟာ ဈေးကြီးကြီး ပေးဝယ်ထားရတဲ့ မိမိ အသုံးအဆောင်တွေကို တန်ဖိုးထားတတ်ကြပါတယ် အဲဒီ အထဲမှာ iPhone ဆိုတာလဲ မလွဲမသွေ ပါဝင်မှာပါ။ ဟိုတစ်လောက ကျွန်တော့် သူငယ်ချင်းတစ်ယောက် သူရဲ့  iPhone4 ကို ယုယုယယနဲ့  Jailbreak တောင် မချရက်ဘူး အဲဒီလောက်ထိ တန်ဖိုးထားတာ၊ ဒါပေမယ့် ဖြစ်ချင်တော့ အမြဲတမ်း သတိထားပါရက်နဲ့  တစ်နေ့  Public Area တစ်ခုမှာ မေ့ကျန်ခဲ့ပါလေရောလား... ချက်ခြင်း သတိရလို့  ပြန်သွားပေမယ့် မတွေ့ တော့ဘူး ဖုန်းခေါ်တော့လဲ မကိုင်တော့ဘူး၊ ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိပဲ iPhone4 တစ်လုံး ဆုံးလေသတည်းပေါ့....
ဒီလို အဖြစ်မျိုးတွေ ကျွန်တော့ သူငယ်ချင်းမှာမှ မဟုတ်ပါဘူး တော်တော်များများ ဖြစ်တတ်ကြပါတယ်.. ဒီလို ဖြစ်လာတဲ့ အခါ သင့် iPhone ထဲမှာ " iGotYa " ဆိုတဲ့ App လေးသွင်းထားခဲ့မိရင် ထိထိရောက်ရောက် ကူညီနိုင်လိမ့်မယ် ထင်ပါတယ်။
iGotYa App လေးက သူခိုးတွေ၊ မိမိ personal တွေကို စပ်စုချင်သူတွေကို လက်ပူးလက်ကျပ် မိအောင် ကာကွယ်ပေးနိုင်ပါတယ်။
သင်လုပ်ရမြှကတော့ iGotYa App ကို သင့်ဖုန်းမှာ Enable လုပ်ပြီး Unlock code ခံထားပေးရမှာဖြစ်ပါတယ်... အကယ်၍ တစ်ယောက်ယောက်က ဖုန်းဖွင့်ဖို့  ကြိုးစားစဉ် Unlock code မှားနှိပ်မိတဲ့အခါ iPhone ရဲ့  front Camera (iPhone 4) ကနေ ဓါတ်ပုံရိုက်ယူပြီး Location နှင့်တစ်ကွ သင့် e-mail ကိုပေးပို့ မှာ ဖြစ်ပါတယ်...
သင်ကိုယ်တိုင် Unlock code ကိုမှာယွင်းစွာ နှိပ်ပြီး iPhone ကို အသုံးပြုနိုင်ပါတယ် ဒါပေမယ့် သင့်ရဲ့  Personal Data ဖြစ်တဲ့ (Call History, Mail, SMS, Web History, etc) စတာတွေကို သင်မြင်တွေ့ နိုင်မှာမဟုတ်ပါဘူး ဒါ့အပြင် Springboard ပေါ်မှာ တက်လာမယ့် Alert Message မှာ သင့်စိတ်ကြိုက် ရေးသားထားနိုင်ပါတယ်... ဥပမာ " ငါ့ဖုန်းပြန်ပေး " :D စသည်ဖြင့်ပေါ့လေ..
iGotYa
Sunday, September 4, 2011
iPhone သူခိုးဖမ်းကြမယ်....
Note : Not Yet Test
Subscribe to:
Post Comments
(
Atom
)
Please do not used this app unless you buy it. I already used crack version, I lost everything, contact, SMS, photo, video...lucky I have back up. Not only me , I instrall this app to my wife. She lost also. After lost, even though you restrol and jail again cannot used this app anymore. Please do not used this app. If you want this kind of app ,please used find iPhone ,..it's 100% safe .....
ReplyDeleteJohnny : အခုလို အတွေ ့အကြုံလေးကို Share ပေးတာ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်ကလည်း ခုနောက်ပိုင်း ပိုစ့်တွေမှာ မစမ်းရသေးဘူးဆိုရင် အောက်မှာ Note : Not Yet Test လို ့ အသိပေးဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော် Tweaks တွေ မပေးချင်ပါဘူး ဘာကြောင့်လဲ ဆိုတော့ အခန် ့မသင့်ရင် ဒုက္ခတွေ ့တတ်လို ့ပါ။ ဒါကြောင့်လဲ အရင်ထဲက Tweaks တွေကို တင်ပေးလို ့ရပေမယ့် မရေးခဲ့တာပါ။
ReplyDeleteမေးလွန်းမက မေးကြလို ့ မဖြစ်မနေ စုံသွားအောင် တင်ပေးလိုက်တာပါ။
အခုလို သုံးဖူးပြီးသားသူက Comment လေးထပ်ဖြည့်တော့ ကျွန်တော့်ဘက် က Safe ဖြစ်တာပေါ့ဗျာ... ချွင်းချက်လေး အနေနဲ ့ အချို ့ အဆင်မပြေမှုတွေက Tweak App Version ပေါ်မှာလဲ မူတည်တတ်ပါတယ်...
အခြားသူများလဲ အတွေ ့ကြုံလေးများရှိရင် ရေးပေးကြပါလို ့ ဖိတ်ခေါ်ပါတယ်..
ကျွန်တော်သုံးကြည့်တာတော့ အဆင်ပြေနေတုန်းပဲ.. photo လဲရတယ်၊
ReplyDeleteအခုထိတော့ error မကျသေးဘူး၊ သူငယ်ချင်း phone တွေကို လုပ်ပေးနေတာ ၃ လုံးတောင်ရိြှပီ။ အခုလိုအသိပေးတာ ကျေးဇူးတင်ပါတယ်
This post has been removed by the author.
ReplyDeleteအင်း ကျွန်တော် သုံးကြည့်တာတော့အဆင်မပြေဘူးဗျ .. photo လဲ မရိုက်ဘူး မေးလ်ထဲကိုလဲ မပို့ဘူး .. ဖြစ်ပုံကဒီလိုဗျ အထူးအဆန်းဆိုပြီး သုံးကြည့်ချင်တာ ကလိ ချင်တာပေါ့ . ဖုန်းထဲသွင်းပြီးတော့ အားလုံးကို enable ပေးပြီး ကိုယ့်ဖာသာကိုယ်ပဲ မှားနှိပ်လိုက်တယ် 2 ခါ ပေါ့ ပြီးတော့ အမှန်ပြန်နှိပ်ကြည့်တော့ ဟုတ်ပါတယ် တက်လာတာပေါ့ ကိုယ်ရိုက်ထားတဲ့ စာလေ ဖုန်းလေးပြန်ပေးပါပေါ့... ပြီးတော့ ko Johnny ပြောသလိုပဲ ကိုယ့်ရဲ့ Personal data တွေ ဘာမှကို မပေါ်လာတော့ဘူး ကြည့်လို့မရတော့ဘူး ဖုန်းထဲဝင်လဲ ဗလာ sms ထဲဝင်လဲ ဗလာ နဲ့ပေါ့ အားလုံးနီးပါးပဲ ဘာမှကို သိပ်မကျန်တော့တာပါ ပြန်ဖြုတ်ချမယ်ဆိုလဲ cydia လဲမရှိတော့ဘူး ကုန်ကုန်ပြောရရင် setting icon တောင် မရှိတော့ဘူး အဲ့တော့ လူလဲ ထူပူနေတာပေါ့ ဘယ်လိုပြန်ပြင်ရမှန်းမသိတော့ဘူး restore ပြန်လုပ်ရမယ် jailbreak ပြန်လုပ်ရမယ် ဆွဲထားတဲ့ဟာတွေကနည်းတာမဟုတ်ဘူး အစကပြန်လုပ်ရမယ်ပေါ့(တွေးနေတာ) .. ဒါပေမယ့် နောက်ဆုံး ဟိုကြံဒီကြံနဲ့ SBSettings ကို သွားသတိရတယ် သူကအလုပ်လုပ်သေးတယ် .. အဲဒီ့ထဲက power setting ထဲကနေ safe mode ကိုရွေးလိုက်တယ် အဲ့တော့ ဖုန်းက jailbreak လုပ်ထားသမျှ အကျုံးမဝင်တော့ဘူးပေါ့ အကုန်လုံးပြန်ပေါ်လာပါတယ် ပြီးတော့မှ cydia ထဲကိုဝင်ပြီး iGotYa App လေးကို ဖြုတ်ချလိုက်ပါတယ် ထို့နောက် အောင်မြင်စွာ နဲ့ အားလုံး အကုန် ပြန်ပေါ်ပြီး အလုပ်လုပ်ပါတယ်ဗျာ ... ဒါပေမယ့် Springboard မှာ ကိုယ် နေရာချထားသလိုတော့ ဖြစ်မနေတော့ဘူး ကိစ္စမရှိပါဘူး ဒါလောက်တော့ နော့် ညီအစ်ကိုတို့ရေ ...Comment ရေးရခြင်းက ညီအစ်ကိုတို့ အသုံးပြုမယ်ဆိုရင် အရင်ဆုံး SBSettings ဆိုတာကို cydia ကနေ အရင် install လုပ်ထားပြီးမှ စမ်းသပ်ကြပါလို့ အကြံပြုပါရစေ .. ဒါဆို သိပ်ပြီးတော့ ဒုက္ခမရောက်တော့ဘူးပေါ့ app တွေက အခုလိုမျိုး တြွေဖစ်လာတဲ့အခါ safe mode ကိုရွေးပြီး ပြန်ဖြုတ်ချဖို့ လွယ်ကူအောင်ပါ ... အစ်ကို မိုးသိကြားရေ SBSettings ကို Post တစ်ခုအနေနဲ့ အကျယ်တဝင့် ရှင်းလင်းရေးသားပေးစေချင်ပါတယ်ဗျာ ...
ReplyDeleteKo Theinlay,
ReplyDeleteYou are lucky to get back your data. As for me, i lost everything and even though go to safe mode and reinstall IGotYa from cydia,.i can't recover nothing. So suggest ,please back up (sync) your phone by itune all the time,....
ဟုတ်ကဲ့ ko Johnny ကျွန်တော် နေ့တိုင်းနီးပါး မဟုတ်ရင်တောင် အသစ်အသစ် အပြောင်းအလဲ လုပ်ထားပြီးရင် back up လုပ်ထားတတ်ပါတယ် အကြံပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် .. အစ်ကို က iGotYa ကို reinstall လုပ်တာလား remove လုပ်တာလားဗျာ reinstall ဆိုရင်တော့ ဘယ်ရမလဲ အစ်ကိုရ အစ်ကို့ device ထဲမှာ အဲ့ဒါရှိနေရင်တော့ data တြွေပန်ရမှာမဟုတ်ဘူးလေ တစ်ခါတည်း remove လုပ်တယ်ဆိုရင်တော့ ပြန်ရကောင်းရမယ်ထင်တယ် .. သူ့ရဲ့လုပ်ဆောင်ချက်က data တွေကို ဖွက်ထားတာပဲလေ ဖျက်လိုက်တာမဟုတ်ဘူးလို့ထင်တာပဲအစ်ကိုရ .. ပြန်လည် ဆွေးနွေးခြင်းသာဖြစ်ပါတယ် အစ်ကို ...
ReplyDeleteအစ်ကို ကျေးဇူးပြု၍ 4。3。4or 4.3.5 ကို unlock လုပ်ချင်တာ ရ မရ လုပ်ပုံ လုပ်နည်း လေးသင်ကြားပြောပြပေးစေချင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ
ReplyDelete5471168359 ရေ 4.3.4/4.3.5 Tethered Jailbreak အတွက် software Unlock လုပ်၍ မနိုင်ရသေးပါ။ Gevey SIM သုံးရင်တော့ ရနိုင်ပါတယ်.. http://www.moethagyar.info/2011/04/sim-unlock-iphone-4-ios-431-43-421-41.html
ReplyDelete