Tuesday, September 20, 2011

iPhone 4 နဲ့  Car park လုပ်နိုင်မယ့် App

iPhone 4 လေးသုံးပြီး မိမိရဲ့ ကားလေးကို James Bond 007 ရုပ်ရှင်ထဲကလို အဝေးထိန်း စနစ်နဲ့  Parking အထုတ်/အသွင်း မလုပ်ချင်ကြဘူးလား...? အတိုက် အခိုက်မရှိ စနစ်တစ်ကျ parking ထိုးနိုင်ဖို့  Park4U App လေးက စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် Valeo's Park4U technology အသုံးပြုထားတဲ့ sensors စနစ်တွေ ကားရဲ့  ပတ်ချာလည်မှာ တပ်ဆင်ထားဖို့ တော့ လိုပါလိမ့်မယ်။ Lincoln, Ford, Audi, and Volkswagen တို့ လို ကားများမှာတော့ အဲဒီနည်းပညာကို တွေ့ မြင်နိုင်ပါပြီ။ ဒီလို တပ်ဆင်ထားပြီးရင်တော့ Park4U App ကို သုံးပြီး iPhone 4 ကနေ ကားကို အရှိန် အနှေး/အမြန် နှင့် ဘရိတ်တို့ ကိုအဝေးထိန်း စနစ်နဲ့  ထိန်းချုပ်ပြီး Parking လုပ်နိုင်ကြပါပြီ။

မကြာခင်မှာ Park4U App လေး App Store မှာရရှိနိုင်ပါလိမ့်မယ်။



Facebook Comments

0 comments :

Post a Comment