Monday, November 28, 2011

iPad ကနေ ဖုန်းခေါ်ဆိုကြမယ်

သင့်ရဲ့ iPad ကို iPhone တစ်လုံးကဲ့သို့  ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ ခြင်းများ လုပ်ဆောင်နိုင်ရန် အတွက် iPhoneIslam က ရောင်းချတဲ့ PhoneIt-iPad App ကို $19.99 နဲ့  ယခုပင် ဝယ်ယူနိုင်ပါပြီ။ ဒီ App လေးကို ဝယ်ယူ download လုပ်ပြီးပါက သင့် iPad ရဲ့  serial number ကို online မှာ ဖြည့်သွင်းပြီး Activate လုပ်ရမှာ ဖြစ်ပါတယ်။ One device per purchase system နဲ့  Activate လုပ်လိုက်တဲ့ device မှာသာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။



PhoneIt-iPad App ကို မဝယ်ယူခင် သိသင့် သိထိုက်တာလေးတွေကိုလည်း ဖတ်ရှုစေချင်ပါတယ်။

ပထမအချက် အနေနဲ့  PhoneIt-iPad App အသုံးပြုဖို့ ဆိုရင် Jailbrek လုပ်ဖို့ လိုအပ်ပြီး 3G အသုံးပြုနိုင်တဲ့ Original iPad မှာသာ အလုပ်လုပ်ပါလိမ့်မယ်။

ဒုတိယ အနေနဲ့  Data အတွက် သီးသန့်  တစ်ခုထဲသာ အသုံးပြုလို့  ရတဲ့ SIM card နှင့် အလုပ်မလုပ်ပါ။
Mobile service ပါသော SIM card နှင့်သာ အလုပ်လုပ်ပါမည် (ဆိုလိုသည်မှာ) ယင်း SIM card ကို ဖုန်းထဲသို့ ထည့်ပါက ဖုန်းခေါ်ဆိုနိုင်ရပါမည်။

တတိယ ကတော့ iPad သည် Cydia Store ကို access လုပ်နိုင်ရန် Jailbreak ဖြစ်ရပါမည်။ ဒါမှသာ Cydia မှ တစ်ဆင့် Source ထည့်ပြီး App download ယူနိုင်ပါမည်။
iPad 2 အတွက်တော့ အလုပ် မလုပ်သေးပါ။

အသေးစိတ် အချက်အလက်များကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

>> PhoneIt-iPad App ကို Setup လုပ်ရန်

အဆင့် (၁)

ဦးစွာ သင့် iPad ရဲ့  Serial number ကို Setting -> General -> About -> တွင်ရှာပြီး မှတ်သားပါ။

အဆင့် (၂)

PhoneIt-iPad App ကို ဒီနေရာတွင် ကွန်ပျုတာမှ တစ်ဆင့် ဝယ်ယူပါ၊ လိုအပ်သော Serial number တောင်းပါက ထည့်ပေးပါ။

အဆင့် (၃)

iPad ရဲ့  Cydia -> Sources -> Add မှ တစ်ဆင့် http://apps.iphoneislam.com ကိုသွင်းပေးပါ။ ပြီးရင် "PhoneItiPad" ကို install လုပ်ပါ။

အခုဆိုရင် သင့် iPad ကို iPhone တစ်လုံးသဖွယ် အသုံးပြုလို့ ရသွားပါပြီ၊ ဗွီဒီယိုလေးလဲ အောက်မှာ ကြည့်ပါဦး။



2 comments :

  1. YGN က sim card နဲ့ ကော သုံးလို့ရလား, bro.

    ReplyDelete