iOS 5.0.1 ကို RedsnOw, Corona တို့နဲ့ Untether Jailbreak ပြုလုပ်နည်းများကို ရေးခဲ့ပြီးပါပြီ။ ယခုအကြောင်းအရာကတော့ မိမိရဲ့ iPhone မှာ unlock ပြုလုပ်နိုင်သော Unlockable baseband ရှိနေသေးပါက ယင်း baseband ကို unlock ပြုလုပ်နိုင်ရန် ထိန်းသိမ်းထားပြီး baseband မပြောင်းပဲ iOS 5.0.1 ကို Untether Jailbreak ပြုလုပ်နိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ် ဒါပေမယ့် Mac user များအတွက်သာ ဖြစ်ပါတယ်...
ယခုလိုပြုလုပ်နိုင်ဖို့ Pwnage Tool 5.0.1 က အပြည့်အဝ စွမ်းဆောင်ပေးပါလိမ့်မယ်၊ သူရဲ့ အဓိက ရည်ရွယ်ရင်းကတော့ UltraSnow သုံးပြီး unlock လုပ်နိုင်ဖို့ baseband ကိုထိန်းသိမ်းပေးမှာဖြစ်ပါတယ်။
>> Download Pwnage Tool 5.0.1
>> Download iOS 5.0.1 IPSW
လုပ်ငန်းစဉ်
အဆင့် - ၁ : Pwnage Tool 5.0.1 ကို Run ပါ။
အဆင့် - ၂ : မိမိပြုလုပ်မည့် iDevice ကိုရွေးပါ။
အဆင့် - ၃ : Pwnage Tool က iOS 5.0.1 firmware ကို အလိုလျှောက်ရှာပေးပါလိမ့်မည်။ အကယ်လို့ ရှာမတွေ့ပါက Expert mode ကိုရွေးပြီး PC ထဲမှ အထက်တွင် Download လုပ်ခဲ့သော IPSW ကို လမ်းကြောင်း ရှာပေးလိုက်ပါ။
ပြီးစီးသွားပါက သင့် Device အတွက် Custom IPSW တစ်ခု ရရှိလာပါလိမ့်မည်။ (ထို IPSW နှင့် နောက်အဆင့်တွင် Restore လုပ်ရပါမည်)
အဆင့် - ၄ : သင့် Device ကို DFU mode ပြောင်းပြီး iTunes နှင့် custom IPSW Restore လုပ်ရန် Pwnage Tool ကလုပ်ဆောင်ပါလိမ့်မည်။
အဆင့် - ၅ : DFU mode ထဲရောက်သွားပြီး iTunes နှင့် Option + Restore လုပ်ရန် (အဆင့် - ၃) တွင် တည်ဆောက်ခဲ့သော custom IPSW ကိုရွေးပါ။ မှားယွင်းသွားခဲ့ပါက သင်၏ baseband upgrade ဖြစ်သွားနိုင်ပါသည်။
အဆင့် - ၆ : Restore ပြီးသွားပါက သင့် Device သည် baseband ကို ထိန်းသိမ်းထားသော iOS 5.0.1 untether jailbreak ဖြစ်သွားပါပြီ။
အဆင့် - ၇ : Unlock ပြုလုပ်ရန် Cydia ထဲမှ UltrasnOw ကို Install လုပ်နိုင်ပါပြီ။
ယခုဖော်ပြခဲ့သော နည်းသည် Gevey SIM အသုံးကပြုသူများ အတွက်ပါ အလုပ်လုပ်ပါသည်။
UltraSnOw နှင့် Unlock လုပ်နည်း (အဆင့် ၆ မှစတင် ပြုလုပ်ပါ)
This comment has been removed by the author.
ReplyDeleteကျေးဇူးအများကြီးတင်ပါတယ်ကိုမိုးသိကြား.. =)
ReplyDelete