Apple ရဲ့ Smart phone တစ်ခုဖြစ်တဲ့ iPhone 4S က US Market မှာ Android phone တွေကို အလဲထိုးခဲ့ပြန်ပါပြီ။ မနေ့က သတင်းထုတ်ပြန်ချက်အရ လက်ရှိ iPhone 4S အသုံးပြုနေသူများရဲ့ ၃၉% သည် iOS မဟုတ်သော အခြား platform ကို သုံးစွဲခဲ့ကြသူများ ဖြစ်ကြောင်း သိရှိရပါသည်။
ယခုလို ပြောင်းလဲ သုံးစွဲခဲ့ကြတဲ့ အဓိက အကြောင်းများက သူမတူအောင် မြန်ဆန်မှု၊ စွဲဆောင်မှုကောင်းသော Voice Assistant (Siri)၊ သေသပ်ပြီး ပုံစံကျတဲ့ iPhone 4 ရဲ့ ဒီဇိုင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
နောက်ဆုံး သုံးလပတ် ရောင်းရတဲ့ စာရင်းကို Apple က ထုတ်ပြန် ကြေငြာခဲ့ရာတွင် iPhone 4S ကို ၃၇ မီလီယံကျော် ရောင်းချခဲ့ပါတယ်လို့ ဖော်ပြခဲ့ပါသည်။
ဤကဲ့သို့ ကြီးမားတဲ့ ရောင်းအား ပမာဏက Android phone ပြုလုပ်သူတွေဖြစ်တဲ့ HTC, LG, MOTOROLA တို့ရဲ့ နည်းပါးလှတဲ့ နောက်ဆုံး သုံးလပါတ် စာရင်းကို အလဲထိုးနိုင်သွားပါတယ်။သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Kantar Worldpanel ComTech ရဲ့ စစ်တမ်း အရ နောက်ဆုံး သုံးလပတ် စာရင်းပေါ် အခြေပြု၍ Android market ရဲ့ ရှယ်ယာများ ၅၀% မှ ၄၄.၈% ထိကျဆင်းသွားပြီး Apple market ရဲ့ ရှယ်ယာများ ကတော့ ၄၄.၉% မြင့်တက်သွားကြောင်း သိရပါတယ်။
"Apple ရဲ့ ရောင်းအားက US, UK, Australia တို့မှာ Christmas ရာသီအတွင်းမှာ အလွန် အရှိန်ကောင်းကောင်းနဲ့ ရောင်းချခဲ့ရပါတယ်"
"အားလုံးကို ခြုံကြည့်မယ် ဆိုရင် ကျွန်တော်တို့ လက်လှမ်းမီတဲ့ နိုင်ငံ ကိုးနိုင်ငံ မှာ Android နဲ့ယှဉ်ရင် Apple ရဲ့ ရောင်းအားက တစ်ဟုန်ထိုးကို မြင့်တတ်လျှက်ရှိပါတယ်" လို့ သုတေသန အဖွဲ့ရဲ့ Global consumer insight director “Dominic Sunnebo” က ပြောကြားလိုက်ပါတယ်။
Windows phone များရဲ့ အခြေအနေကတော့ US market မှာ ၂% ထိ အားပျော့ ကျဆင်းနေပါတယ်။
0 comments :
Post a Comment