အရေးကြီးသော စာရွက်စာတန်းများ၊ ဓါတ်ပုံများ အစရှိသော မှုရင်းစာရွက်စာတမ်းများကို Digitise ပြုလုပ်ပြီး သိမ်းဆည်းထားပါက ပျောက်ပျက်မှာ မပူပင်ရတော့ပါဘူး။
iConverter လို့ အမည်ရပြီး iPad အတွက် သီသန့် ဒီဇိုင်းပြုလုပ်ထားတဲ့ Scanner အမျိုးအစား တစ်ခု မကြာမီ ဈေးကွက် အတွင်းဝင်ရောက်လာပါလိမ့်မယ်။
သင်၏ မူရင်းစာရွက် စာတမ်းများကို JPEG format သို့ ပြောင်းလဲပေးပြီး iPad ထဲသို့ တိုက်ရိုက် သိမ်းဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ အလွန်အရေးကြီးသော စာရွက် စာတမ်းများအတွက် instant e-copy ထုတ်ပေးနိုင်ပါလိမ့်မည်။
အလွန် သေးငယ်ပြီး ထိရောက်တဲ့ iConvert scanner က high-resolution နဲ့ scan ဖတ်ပေးနိုင်ပြီး သူရဲ့ ဒီဇိုင်းက iPad dock အဖြစ်ရှိနေလို့ စာဖတ်သော အချိန်များမှာလဲ အသုံးတည့်ပါသေးတယ်။
300dpi high quality ရရှိနိုင်မှာဖြစ်ပြီး JPEG format ပြောင်းလဲပေးမှာမို့ scan ဆွဲပြီး Document ကို တိုက်ရိုက် e-mail ပို့နိုင်ပါပြီ။ ပေါ့ပါးပြီး နေရာတစ်ကာ အလွယ်တစ်ကူ သယ်ဆောင်သွားနိုင်ပါတယ်။
အခုလာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့လောက်မှာ စတင် တင်ပို့မှာ ဖြစ်ပြီး ဈေးနှုန်းမှာ $149.99 ကျသင့်နိုင်ပါတယ်။
အကိုရေ... အကိုရဲ့ ဘလော့ကို ဝင်ရောက်ကြည့်ခဲ့တဲ့ ကျေးဇူးကြောင့် ကျွန်တော့်ရဲ့ Ipad2 3g လေးလဲ... jailbreak လုပ်ပြီး သွားပါပြီ...
ReplyDeleteမြန်မာဖေါင့်လဲ သွင်းထားပါတယ်... ရေးလို့ မရသေးတာ တခုပါပဲ...
အားလုံး ဖတ်လို့ ရပါပြီ.... အစစ အရာရာ အတွက်ကျေးဇူး တင်ပါတယ်...
နေ့စဉ်နဲ့ အမျှဆို သလို အကို့ ဆိုဒ်ထဲကို ရောက်ဖြစ်ပါတယ်...
ပြောရင်နဲ့ပဲ အကူအညီ တခုလောက်တောင်းပါရစေဦးနော်...
ipad နဲ့ online ပေါ်က မြန်မာ ဗွီဒီယိုတွေ ကြည့်ဖို့ အတွက်
flash player လိုနေပါတယ်.... ကျွန်တော် youtube မှာ ဝင်ရှာပြီး..
လုပ်ကြည့်တာ လဲ မရဘူး... ဖြစ်နေတယ်...
အကိုမြှး သိမလားလို့ မေးကြည့်တာပါ....
သိရင်လဲ ကူညီပါဦး.... ပြီးတော့
မြန်မာစာ ကီးဘုတ်လေး ရရင် တင်ပေးပါဦးနော်....
ခင်မင်လေးစားစွာဖြင့်
မိုးစက်.......( မလေးရှား)
အားလုံး အဆင်ပြေတယ် ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ Flash player ရုပ်ရှင်တွေ ကြည့်ဖို့ဆိုရင်တော့ SkyFire ဆိုတဲ့ App ရှိပါတယ်။ ဒါပေမယ့် iPhone version သာထွက်လို့ iPad မှာ ကြည့်ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ Install တော့လုပ်လို့ရပါတယ်။
Deleteမြန်မာကီးဘုတ် ကတော့ ကျွန်တော် ဘာမှ မတတ်နိုင်ပါဘူး၊ ကိုစေတန် update လုပ်ပေးမယ့် အချိန်ကိုသာ စောင့်ရပါလိမ့်မယ်။