New York Times သတင်းစာမှာ ဖော်ပြထာတဲ့ လတ်တစ်လော သတင်းတစ်ပုဒ်ကြောင့် iPhone ထုတ်လုပ်မှုကို တရုပ်နိုင်ငံမှာ ဘာကြောင့် ပြုလုပ်ခဲ့သလဲ...? ဆိုတာရယ်
iPhone 2G ကို စတင် ထုတ်ရောင်းတော့မယ့် စဲစဲမှာ Steve Jobs က ဘာတွေကို မွမ်းမံပြင်ဆင်ခဲ့လဲ ဆိုတာတွေ အသေးစိပ် သိခဲ့ရပါတယ်...။
သတင်းမှာ ဖော်ပြခဲ့တာကတော့ Apple က သူတို့ရဲ့ ထုတ်လုပ်မှုကို ဘာကြောင့် နိုင်ငံရပ်ခြားမှာ ရွေ့ပြောင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ရတယ်ဆိုတာကို အကြောင်းအရာ တော်တော်များများနဲ့ တန်ဆာဆင်ဖော်ပြခဲ့ပါတယ်။
ဒီအထဲက စိတ်ဝင်စားစရာ အကောင်းဆုံး အကြောင်းရာ တစ်ခုကို တင်ပြရရင် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ Silicon Vally မှာ ကျင်းပပြုလုပ်ပြီး အမေရိကန်သမ္မတ "Obama" ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ညစာစားပွဲ ကပဲ စရပါလိမ့်မယ်။
ဒီပွဲမှာ Silicon Valley က ထိပ်တန်းအရာရှိတွေ အများအပြား အပါအဝင် Steve Jobs နဲ့ Mark Zuckerberg (FaceBook စတင်သူ) တို့ပါ တက်ရောက်ခဲ့ကြပါတယ်။
သမ္မတ အိုဘားမား နဲ့ အရာရှိတွေ အပြန်လှန် မေးမြန်း ပြောဆိုကြနဲ့ပေါ့။ ဒီလိုနဲ့ Steve Jobs က ပြောဆိုနေတဲ့ အချိန်မှာ သမ္မတ အိုဘားမား ကစကားဖြတ်ပြီး စူးစမ်းလိုတဲ့ သဘောနဲ့ Steve Jobs ကို "United States မှာ iPhone တွေ လုပ်ရင် ဘာဖြစ်မှာမို့လို့လဲ...? " လို့ မေးလိုက်ပါတယ်..
မကြာသေးခင် အချိန်က Apple က သူရဲ့ ကုန်ပစ္စည်းတွေ အမေရိကမှာ ထုတ်လုပ်တာကို ဂုဏ်ယူခဲ့ပါသေးတယ်။ ယနေ့တော့ အနည်းငယ် ထုတ်လုပ်တာကလွဲရင် ယမန်နှစ်က ရောင်းချခဲ့ရတဲ့ iPhone အလုံး သန်း ၇၀၊ iPad သန်း ၃၀ ကျော်နဲ့ အခြားပစ္စည်း ၅၉ သန်းတို့ဟာ နိုင်ငံရပ်ခြားတိုင်းပြည်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
"ဒီလုပ်ငန်းတွေ ဘာကြောင့် အမိမြေကို ပြန်မလာနိုင်ရတာလဲ...?" လို့ အိုဘားမားရဲ့ အမေးကို
Steve Jobs ရိုးရှင်းစွာပဲ....
"ဒီလုပ်ငန်းတွေက အိမ်မပြန်တော့ဘူး" ဟု ပြန်ဖြေခဲ့ပါတယ်။
တရုပ်နိုင်ငံမှာ ထုတ်လုပ်ရတဲ့ အကြောင်းရင်းက ကုန်ထုတ်မှုစရိတ် လျှော့ချလိုမှု အကြောင်းရင်း တစ်ခုထဲကြောင့် မဟုတ်ပါဘူး၊ U.S က အလုပ်သမားတွေထက် ပိုမိုမြန်ဆန် သွက်လက်တဲ့ အလုပ်သမားများ အလွယ်တစ်ကူ ငှားရမ်းနိုင်ပါတယ်။ အလုပ်သမား ၃၀၀၀ ကျော်ကို ညလုံးပေါက် အလုပ်လုပ်ဖို့ ငှားရမ်း နိုင်ခဲ့ပါတယ်။
U.S မှာ အခုလို ငှားရမ်းနိုင်ဖို့ မလွယ်ပါဘူး လို့ Apple ရဲ့ Worldwide Supply Demand Manager Jennifer Rigoni က ပြောဆိုခဲ့ပါတယ်။
Apple ရဲ့ အခြား ထိပ်တန်းအရာရှိ တစ်ယောက်ကလဲ "ခုဆိုရင် အထောက်အပံ့ ပစ္စည်းထုတ်လုပ်မှု တစ်ခုလုံးက တရုပ်ပြည်မှာ ဖြစ်နေပြီ" "ဘာလိုချင်လဲ ရာဘာ ဂက်စကတ် လိုချင်လား...? " "ဘေးက စက်ရုံမှာ ရတယ်" "စကူတွေ သန်းချီပြီးလိုချင်လား...?" "နောက်တစ်ဘလောက်က စက်ရုံမှာရှိတယ်"
"ဘာလဲ... ဒီဆိုဒ်ထက်နဲနဲကြီးတဲ့ စကူလိုချင်တာလား...?" "သုံးနာရီပဲစောင့်... ရမယ်"
iPhone 2G ကို စတင် မိတ်ဆက်ဖို့ ရက်သတ္တပတ် အနည်းငယ် မတိုင်မီမှာပဲ Steve Jobs က Phone screen ကို ပလပ်စတစ် ကနေ မှန် အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီလိုပါ။
၂၀၀၇ ခုနှစ်၊ iPhone ကို ဈေးကွက်ထဲပို့ရန် လပိုင်းလောက် အလို Jobs တစ်ယောက် အလုပ်တွေရူပ်နေချိန် သူရဲ့ iPhone ဖြစ်လာမယ့် ရှေးပြေး Device လေးကို သူအမြဲ ဝတ်နေတဲ့ ဂျင်းဘောင်းဘီအိပ်ထဲ ထိုး ထိုး ထည့်ပြီး သွားနေတာပေါ့၊
ဒီလိုပဲ သွားနေတာ တစ်ပတ်လောက်ကြာပေါ့....
တစ်နေ့တော့ ဘောင်းဘီအိပ်လေးထဲ သူ့ iPhone လေးကို ထုတ်ကြည့်ပြီး တော်တော် စိတ်ဆိုးသွားပါတယ်၊ ဒီအခြင်းအရာကို မြင်ရင် ဘယ်သူမဆို သူ့လိုပဲ စိတ်ဆိုးကြမှာပဲလေ... Phone screen မှာ အခြစ်ရာတွေဆိုတာ နည်းမှ မနည်းပဲ...
နောက်ထပ် ဂျင်းဘောင်းဘီအိပ်ထဲက ဆွဲထုတ်လိုက်တာ ကားသော့ တစ်ချောင်း....
သူစဉ်းစားတယ်.. ဖုန်းဆိုတာ အိပ်ကပ်ထဲထည့်ပြီး သယ်သွားရတဲ့အရာ...၊ ဒီလိုပဲ ကားသော့ ကိုလည်း လူတွေက အိပ်ကပ်ထဲထည့်ပြီး ယူကြမှာပဲ "ဟာ... ဒီလိုဆို မဖြစ်ဘူး မဖြစ်ဘူး ငါ့ရဲ့ ကုန်ပစ္စည်းကို ဒီလို အစင်းတွေထင်တတ်ရင် ဘယ်လိုသွားရောင်းမလဲ.." ဆိုပြီး စိတ်မသက်မသာဖြစ်ကာ...
"ဒါကို ဖြေရှင်းဖို့ နည်းလမ်းက အစင်းမထင်တဲ့ မှန်နဲ့လဲပေးမှဖြစ်မယ်" ဆိုပြီး Screen အားလုံးကို ဈေးကွက်ထဲ ဖြန့်ဖို့အမှီ ရက်သတ္တခြောက်ပတ် အတွင်း အပြီး မှန်တွေလဲဖို့ ညွှန်ကြားလိုက်ပါတော့တယ်...။
ဒီလိုနဲ့ပဲ အခုကျွန်တော်တို့ရဲ့ iPhone screen တွေဟာ မှန်တွေဖြစ်လာပါတော့တယ်..
New York Times နဲ့ ဒီနေရာက ဆောင်းပါးလေးကို ဆီလျှော်အောင် တင်ပြပေးလိုက်ပါတယ်...
ကိုမိုးသိကြားရေ. ကူညီပါအုံးဗျာ ကျွန်တော်အိုင်ပက်၂ က game တွေအားလုံးကအသံမပါဘူးဗျာ ဘယ်လိုလုပ်ရမလဲကူညီပါဗျာ.
ReplyDelete