ကျွန်တော်ရဲ့ NOKIA BH-505 Bluetooth Headset ရဲ့ ဘယ်ဘက်ခြမ်းက အသံပုံမှန် မဟုတ်ပဲ ခပ်တိုးတိုးလေးပဲ လာနေတာကြာပြီ ဒါနဲ့ ကျွန်တော်လဲ Warranty အများကြီးလိုသေးတာပဲဆိုပြီး မအားတာနဲ့ ဆိုင်မပို့ဖြစ်ခဲ့ဘူး။
ဒီလိုနဲ့ Vivo City က NOKIA Care မှာ ပြီးခဲ့တဲ့လက သွားပြကြည့်တော့ Accessories တွေဆိုရင် မပြင်ဘူး၊ အသစ်ပဲလဲပေးတယ်လို့ ပြောတော့ ပျော်သွားတာပေါ့...
ဒါနဲ့ပဲ သုံးတာ ဘယ်လောက်ကြာပြီလဲ မေးပါတယ်၊ ကျွန်တော်က (၇)လ လောက်တော့ရှိပြီပြောတော့ ဒါဆိုရင် Warranty က Expire ဖြစ်သွားပြီတဲ့၊ ကျွန်တော်ကလဲ ဝယ်ယူခဲ့တဲ့ဆိုင်က Warranty (၁)နှစ်လို့ ပြောတယ်ဆိုတော့....
NOKIA ရဲ့ mobile Accessories တွေအားလုံး (ချွင်းချက်။ အခိျု့ကလွဲရင်) (၆)လပဲ Warranty ပေးပါတယ်လို့ပြောပါတယ်။ ကျွန်တော့် Headset ကလဲ (၆)လ စာရင်းထဲမှာ ပါဝင်နေလေတော့...
ကျွန်တော်သိတယ် ပျက်သွားရတဲ့ အကြောင်းရင်း... ဒီကောင်က ခေါင်းကိုနောက်မှီပြီး နားထောင်လို့ မရဘူးဗျ နောက်ကိုမှီလိုက်ရင် သူ့ရဲ့ ကိုင်းတံကြီးက ထောက်ထောက်နေတယ် အဲဒါကို တစ်ခါတစ်လေ ဇွတ် ခေါင်းလေးကို လျှောပြီး မှီနားထောင်မိတယ်။ အဲဒီ အားနည်းချက်က ကျွန်တော် ဝယ်ပြီးမှ သိလိုက်ရတာ ကျွန်တော် ဒီနေရာမှာ ရေးခဲ့ပါသေးတယ်။ နောက်တစ်ခုက Skype သုံးရင် ဒီကောင် အလုပ်မလုပ်တော့ဘူး iPhone speaker ကပဲ အသံထွက်တော့တယ်။
ဒီနှစ်ချက်ပေါ့လေ...
ကျွန်တော် ကလမ်းသွားရင်း သီချင်းနားထောင်တတ်တော့ Bluetooth Headset ကသာ ကျွန်တော့ အတွက် ပိုအဆင်ပြေတယ် ကြိုးနားကျပ်က ရှုပ်လွန်းလို့ဗျာ။ ခုတော့ နားမထောင်ရတာ (၁)လ လောက်ရှိနေပြီ။
နောက်ထပ် ထပ်ဝယ်ဖို့ကလဲ အထက်ပါ အားနည်းချက်တွေကင်းတဲ့ နားကျပ်မျိုး ဖြစ်ရမယ်၊ ဈေးနှုန်း ချိုသာရမယ်၊ အသံ quality အသင့်အတင့် ကောင်းရမယ်...
တွေ့တော့ တွေ့တယ် (၃) မျိုးလောက် Jabra, Philips, Platronics.. ဈေးက မကပ်နိုင်ဘူး ဝယ်နိုင်တဲ့လူ ဝယ်ကြပေါ့ အားပေးပါတယ်။ သူငယ်ချင်း အခိျု့က တိုက်တွန်းတယ် "Beat" တဲ့ ကောင်းလိုက်တဲ့ အသံ quality ဈေးကတော့ အားလုံးသိပြီးသားနော်..
ကိုယ်က မဝယ်နိုင်တော့ အရှက်ပြေ ဘုတောတယ် "ဟေ့ကောင်တွေ မင်းတို့ အသံဘယ်လောက် ကောင်းတယ် ပြောပြော၊ music ဖန်တီးသူတွေ အနုစိတ်ထားတဲ့ အသံတွေက သာမန် နားကျပ်မှာ မကြားနိုင်ဘူး 'Beat' နဲ့မှပဲ ပြည့်ပြည့် ဝဝ ခံစားလို့ရတယ်ပြောပြောကွာ..."
"ငါ နားထောင်မှာက "တွံတေးသိန်တန်" သီချင်းတွေကွ" လို့ ဘုကျလိုက်တယ်။ ဟုတ်တယ်လေ... ပိုက်ပိုက်မရှိလို့ဆို အောက်တာပေါ့နော...
ကဲ..ထားပါတော့ဗျာ
အခုတော့ ပေါ့ ချောင် ကောင်းBluetooth Headset လေးတွေ့လို့ Online က မှာလိုက်တာ တစ်ပါတ်ကျော်လောက် စောင့်လိုက်ရတယ်...
ဒီနေ့တော့ရောက်ပါပြီ...
Sport Bluetooth Stereo Headset တဲ့ ထုံးစံအတိုင်း တရုပ်ပေါ့ဗျာ (ပေါမှတော့)
NOKIA BH-505 တုန်းက ကြုံခဲ့တဲ့ ပစ်ချက် နှစ်ခုလုံးရှင်းတယ်....
- အိပ်နေရင်းနားထောင်နိုင်တယ်၊ Skype ကို Headset ကနေပဲ နားထောင်လို့ ပြောလို့ရတယ်။
- iDevice, Mobile Phone, PSP, Skype, PC အားလုံးနဲ့ Compatible ဖြစ်တယ်။
- ၁၀ မီတာ အကွာဝေးထိ လက်ခံတယ်
- Music Time 6 hrs
- Talk Time 10 hrs
- Charge Time 3 hrs
- Stand By 135 hrs
အစမ်းနားထောင်ကြည့်ပြီးပါပြီ Sound quality : acceptable ပါ၊ အလွန်ပေါ့ပါးပြီး နားရွက် မနာပါဘူး (Over Ear Type)
Online က မှာတော့ Warranty None ပဲ စောင့်ကြည့်ရသေးတာပေါ့.. ဒီညနေက စပြီး Bluetooth Headset အသစ်နဲ့ လန်းပြီကွာ....
သတိ။ ။ ဈေးနှုန်း စုံစမ်းခြင်း သီးခံပါ။ မှာကြားလိုသူများ ဆက်သွယ်နိုင်ပါတယ် (စင်ကာပူ မြို့တွင်းသာ)
I would like to the the price for that device if possibel. If the price is enough for me i would like to buy that one. Pls kindly help me , thanks.
ReplyDeletePrice is reasonable for bluetooth headset.
DeleteKo Moe Thagyar,
ReplyDeleteI want to buy this device.
How can I contact to you?
Contact to moethagyar@gmail.com
Deleteko moe tha gyar , i mostly use google chrome,i can not see font, only can see IE , how should i do , ple help me bro.thank u for u r support
ReplyDeleteကိုမိုးရေ safari download manager က မရဘူးဗျ iPhone 4s 5.0.1မှာ ဘယ်လိုလုပ်ရမလဲဗျာ
ReplyDeleteကိုမိုးရေအဲဒီလိုမျိုးပျောတော့ဝယ်ပေးချင်စိတ်တောင်ပေါက်လာပြီး
ReplyDeleteကိုမိုးအများအတွက်အကျိုးရှိပြီးတော့ကိုမိုးအတွက်အခက်ဖြစ်နေတာကိုတော့စိတ်မကောင်းပါဘူး
ReplyDeleteကိုမိုရဲ့ဝက်ဆိုက်ကိုလေ့လာခွင့်ရတဲ့အတွက်ကိုမိုးကိုအထူးကျေးဇူးတင်ပါတယ်
ReplyDeleteHello Ko Moe Tagyar, I want to buy that but can you email me that one of price. Because my budget is less than S$50 only. So pls email to me if possible. thanks
ReplyDeletemy email is newlifeats@gmail.com