Monday, March 12, 2012

iOS 5.1 Tethered Jailbreak With snOwbreeze

iH8snOw က snOwbreeze 2.9.2 ကို iOS 5.1 အသုံးပြုထားသော iDevices များအတွက် Tethered Jailbreak လုပ်နိုင်ရန် ထုတ်ပေးလိုက်ပါပြီ။ လွန်ခဲ့သော ရက်အနည်းငယ်က redsnOw ကလည်း jailbreak tool တစ်ခု ထုတ်ပေးထားလို့ iOS 5.1 jailbreak လုပ်လိုသူများအတွက် နှစ်သက်ရာ Tool ကိုအသုံးပြုနိုင်ကြပါပြီ။
redsnOw, snOwbreeze နှစ်မျိုးလုံးကတော့ လောလောဆယ်မှာ Tethered Jailbreak ပဲ လုပ်ပေးနိုင်ပါသေးတယ်။

UltrasnOw နှင့် Unlock လုပ်ရန် လိုအပ်သူများ iOS 5.1 ကို iTunes မှ တိုက်ရိုက် Update မလုပ်ကြဖို့ အထူးသတိပေးပါရစေ...
ယခုအထိတော့ UltrasnOw သည် iOS 5.1 ကို unlocked လုပ်ပေးနိုင်ခြင်းမရှိသေးပါ။ Update ကို စောင့်ကြရပါဦးမည်။ (သို့သော်) Baseband Preserve လုပ်ရန်လိုပါသည်။
မိမိ၏ လက်ရှိ Baseband သည် unloack-able baseband ဖြစ်နေပါက snOwbreeze သုံးပြီး iOS 5.1 baseband preserve ဦးစွားပြုလုပ်ပြီးမှ Update လုပ်ကြပါရန် တိုက်တွန်းပါသည်။

Download

>> iOS 5.1 for all iDevices
>> snOwbreeze 2.9.2 (Windows)

မှတ်ချက်။ ။ snOwbreeze 2.9.2 သည် A5 Device များဖြစ်ကြသော iPhone 4S, iPad 2 မှလွဲ၍ အခြား iDevices များအတွက် tethered jailbreak ပြုလုပ်ပေးနိုင်သည်။

ထူးခြားချက်မှာ iPhone 3GS old bootrom အတွက် Untethered jailbreak ပြုလုပ်နိုင်ပါသည်။

snOwbreeze နှင့် Jailbreak ပြုလုပ်ခြင်းကို ကျွန်တော့် စာဖတ်ပရိဿတ် ကျွမ်းကျင်နေလောက်ပြီ ဖြစ်၍ အသေးစိတ် မဖော်ပြေပေးတော့ပါ။

နမူနာအနေနှင့် ဤနေရာတွင် လေ့လာနိုင်ပါသည်။

11 comments :

  1. အကိုရေ..
    ကျွန်တော့် ipad 2 က 5.0.1 ပါ.. jailbreak လုပ်ပြီးသားပါ...
    အခု ipad ရဲ့ setting ထဲ software update ပြနေတယ်...
    အဲ့ဒါက အကိုပြောတဲ့ 5.1 ဆိုတာလား။
    တကယ်လို့ update လုပ်လိုက်ရင် ဘာဖြစ်နိုင်လဲ... jailbreak က ပျက်သွားပြီး
    jailbreak အသစ် လုပ်ရမဲ့ အနေအထားကို ရောက်သွားနိုင်လား..။
    ကျေးဇူးပြု၍ ရျင်းပြပေးပါဦးနော်...
    လေးစားစွာဖြင့်
    မိုးစက်....
    မလေးရှား

    ReplyDelete
  2. Just leave the message to update iOS 5.1, because no jailbreak available for ipad 2 iOS 5.1 yet.

    ReplyDelete
  3.့အကို မိုးသိကြား ရေကျွန်တော် IPHONE 4 ကအရင်က 5 0 1 ပါအဒါ Jailbreak အရင်ကလုပ်ထားပါတယ် ဟိုနေ့က 5 1 ရောက်လာတာကိုမသိလို့ update လုပ်လိုက်မိပါတယ် အဒါ 5 0 1 ပြန်လုပ်လို့ရမလားလား ဖြေပေးပါအုန်း အကိုရာ ကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. Downgrade ဆင်းလို့ ရပါလိမ့်မယ်လို့  sn0wbreeze ဖန်တီးရှင်က သူ့ ရဲ့  Twitter မှာဖော်ပြသွားပါတယ်၊ 5.0.1 ရဲ့  SHSH blobs တော့ လိုပါလိမ့်မယ်။ လုပ်ငန်းစဉ် အသေးစိတ်တော့ မသိရသေးပါဘူး။ အရင်လို ပုံစံ အတိုင်း ဆင်းလို့  ရ မရ မသေချာပါ။

      Delete
  4. IPhone 4S အ တွ က် IOS 5.1 Jailbreak မ ပေါ် သေး ဘူး လား ခင် ဗျာ...

    ReplyDelete
  5. အစ်ကိုရေ....ကျွန်တော်ဖုန်းက jail brake လုပ်ပြီးသား iphone-4g...ဗားရှင်းက (4.3.3) ပါ။ တစ်ချို့game တွေကိုကျွန်တော် i tune နဲ့ချိတ်ပြီးတစ်ခြား ဖုန်းတွေကိုထည့်ပေးတာအဆင်ပြေပြီးတော့ ကျွန်တော့်ဖုန်းမှာတော့အဆင်မပြေဘူးဖြစ်နေတယ်အစ်ကို။ဖုန်းကလည်းနဲနဲလေးနေတယ်..ဗားရှင်းကို 5.0 လောက်မြင့်ရင်ကောဘယ်နေမလဲအစ်ကို...မြင့်ဖို့လိုမယ်ဆိုရင်တော့ ဗားရှင်းမြင့်နည်းလေးလဲပြောပေးပါအစ်ကို။ကျွန်တော်တို့ကရေထဲမှာနေရတော့ဆိုင်လဲပြလို့မရလို့ပါခင်ဗျာ...
    အမြဲအားပေးလျှက်...ကျေးဇူးတင်လျှက်....

    ReplyDelete
    Replies
    1. ဘယ်လို အဆင်မပြေတာလဲ ဆိုတာ သိမှ အဖြေရှာနိုင်ပါလိမ့်မယ်၊ အခုချိန်မှ update လုပ်မယ်ဆိုရင်တော့ 5.1 ဖြစ်သွားပါလိမ့်မယ်။

      Delete
  6. This comment has been removed by the author.

    ReplyDelete
  7. Iphone 4S original 5.1 iOS version ပါ.. jailbreak လုပ်ချင်ပါတယ်..link လေးများရှိရင်.. ပြော ပြပေးပါ, jailbreak လုပ်လိုက်ရင် apple store က download ဆွဲထားတဲ့ application တွေ ပျက်သွားမှာလား သိချင်ပါတယ်

    ReplyDelete
    Replies
    1. 5.1 Jailbreak လုပ်နည်းရေးထားတဲ့ page ထဲမှာ ဘယ် link များလိုချင်တာပါလဲ... Jailbreak မလုပ်ခင် iTunes နဲ့  Sync လုပ်ပါ၊ ဒါဆိုရင် App တွေအားလုံး iTunes Library ထဲမှာ ရှိနေပါလိမ့်မယ်..

      Delete
  8. အလွယ်ဆုံး link ပဲလိုချင်တာပါခင်ဗျာ...၀ယ် ပြီး ကတည်းက iOS 5.1(9B179) ကို update လဲ မလုပ်ရသေးပါဘူး။ update လုပ်ပြီးမှ jailbreak လုပ်လို့ ရမယ်လို့ ပြောလို့ ပါ... အားလုံးကို ကျေးဇူးပြု ပြီးပြောပြပေးပါ

    ReplyDelete