Wednesday, March 14, 2012

Unlock A4 Device on iOS 5.1 with Ultrasn0w Fixer

iOS 5.1 ထွက်လာခဲ့ပြီးနောက်၊ A4 Device များဖြစ်ကြသော iPhone 4, 3GS တို့တွင် Update လုပ်မိသူများအတွက် ခတ္တယာယီ Unlock ပြုလုပ်နိုင်ရန် အတွက် Ultrasn0w Fixer ကို Cydia တွင် ရယူအသုံးပြုနိုင်ကြပါပြီ။

Ultrasn0w Fixer ကို အသုံးပြုနိုင်ဖို့ သင်၏ Baseband ဟာ (01.59.00, 04.26.08, 05.11.07, 05.13.01, 05.12.01, 06.15.00) ဖော်ပြပါများ အနက်မှ တစ်ခုခုဖြစ်ရန် လိုအပ်ပါတယ်။

နောက်တစ်ခုကတော့ သင့် Device ဟာ iOS 5.1 Jailbroken ဖြစ်နေရပါလိမ့်မယ်။ မဖြစ်သေးပါက ဤနေရာတွင် (RedsnOw / snOwbreeze) ဖတ်ရှုပြီး လုပ်ဆောင်ပါ။



Ultrasn0w Fixer အသုံးပြုနည်း

အဆင့် ၁) Ultrasn0w Fixer အတွက် Repo ကို ဦးစွာသွင်းယူရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ။
Cydia -> Manage -> Sources -> Edit -> Add မှတစ်ဆင့် http://repo.iparelhos.com ဟုရိုက်သွင်းပါ။

အဆင့် ၂) Repo ကို အောင်မြင်စွာ သွင်းယူပြီးနောက် "iParelhos.com" အောက်တွင် 'ultrasn0w fixer for 5.1" ကိုတွေ့ပါလိမ့်မည်။ Install လုပ်ပေးလိုက်ပါ။

အဆင့် ၃) Fixer ကို အောင်မြင်စွာ Install လုပ်ပြီးနောက် သင့်တွင်ရှိပြီးသား "Ultrasn0w" ၏ Latest version ကို Install / Update ပြုလုပ်ပါ။ (Cydia/Telesphoreo) အောက်တွင် ရှိပါသည်။
မှတ်ချက်။ ။ Ultrasn0w အတွက် Repo မသွင်းရသေးပါက "http://repo666.ultrasn0w.com" ကို Sources တွင် Add လုပ်ပါ။

ဒါဆိုရင် အဆင်ပြေသွားပါပြီ.....

အရေးအကြီးဆုံး သတိထားဖို့က iOS 5.1 Jailbreak သည် Tethered Jailbreak ဖြစ်သည့်အားလျှော်စွာ Device ကို Reboot ပြန်လုပ်ပါက PC နှင့် ပြန်လည် ခေါ်ယူရသောကြောင့် သတိပြုလုပ်ဆောင်ကြပါရန် ထပ်လောင်း သတိပေးပါရစေ။
မှတ်ချက် အနေနှင့် ကျွန်တော် ကိုယ်တိုင် မစမ်းသပ်ရသေးသဖြင့် အာမခံနိုင်ခြင်းမရှိပါ။ တွေ့ရှိဖြစ်ပေါ်လာသော အဆိုး အကောင်း၊ အကျိုး အကြောင်းများကို Comment အနေနှင့် ပေးစေလိုပါသည်။

Facebook Comments

0 comments :

Post a Comment