Friday, April 6, 2012

New Voice Search Browser App for iPhone

iOS Device တွေဖြစ်တဲ့ iPhone, iPad, iPod touch တို့ မှာ Safari ကို default web browser တစ်ခုအနေနဲ့  အသုံးပြုကြပြီး third party web browsers များကိုတော့ loading time ကြာမြင့်မှု processing နှေးကွေးမှုတွေကြောင့် လိုအပ်ချက်ရှိမှသာ အသုံးပြုလေ့ ရှိကြပါတယ်။

သို့ သော် အခုတစ်လော နာမည်ကြီးနေပြီး လူကြိုက်များလာတဲ့ Web Browser App လေးတစ်ခုကိုတော့ မိတ်ဆက်ပေးလိုက်ပါရစေ...။

Dolphin Browser လို့  အမည်ရတဲ့ third party web browser လေး ကျော်ကြားလာတဲ့ အဓိက အကြောင်းအရင်း ကတော့ လတ်တစ်လောမှာ ထပ်ဖြည့်လိုက်တဲ့ လုပ်ဆောင်ချက် features အသစ်များကြောင့်ပဲဖြစ်ပါတယ်။ ယခုအချိန်ထိဆိုရင် Dolphin Browser App ကို App Store မှ download ရယူမှု အကြိမ်ပေါင်း ၁၀သန်း ကျော်သွားပြီ ဖြစ်ပါတယ်။

Features:

Dolphin Sonar
Voice Search နဲ့ သင်ရှာဖွေလိုသော website ကို ပြောလိုက်ရုံနဲ့  Dolphin က ရှာဖွေပေးပါလိမ့်မယ်၊ အခြားလုပ်ဆောင်ချက်တွေ အနေနဲ့  Search, Navigate, Share တို့ ကို လုပ်ဆောင်ပါလိမ့်မယ်။




Search: Just say what you want to search for.
Navigate: Just say browser functions like “new tab” or the name of a website like “BBC.”
Share: Just say “Share”

Gesture

မိမိသွားလိုတဲ့ site တစ်ခုရဲ့  လိပ်စာကို အမြဲတမ်း အစ အဆုံး ရိုက်ထည့်ပေးရန် မလိုပဲ screen ပေါ်မှာ အတိုကောက် ကြိုတင်ရေးခြစ်ထားဖြင့် လွယ်ကူစွာ သွားနိုင်ပါတယ်။ ဥပမာ google ကို သွားလိုလျှင် "G" ပုံစံရေးခြစ်လိုက်ရုံပါ။






ဒါ့အပြင် speed dial အနေနဲ့  site များကို မှတ်သားခြင်း၊ font size ကို အကြီးချဲ့ ခြင်း၊ Desktop mode, Night mode ပြောင်းနိုင်ခြင်း အပြင် အခြားသော လုပ်ဆောင်ချက် များစွာ ပါရှိပါတယ်။



Features အသေးစိတ်ကို Dolphin ၏ မူရင်း web site မှာ ဖတ်ရှုနိုင်ပါသည်။
http://dolphin-browser.com/features/iphone/

ကျွန်တော် အသုံးပြုကြည့်ရာတွင် ပုံမှန်အားဖြင့် connection မကောင်းတတ်သော နေရာတွင် Dolphin သည် safari ထက်ပင် ပိုမိုမြန်ဆန်သည်ဟု ခံစားမိပါသည်။
iPad version အတွက် voice search (Dolphin Sonar) မပါရှိပဲ၊ iPhone, Android phone များတွင်သာ ပါရှိပါသည်။

iPhone တွင် voice search သုံးရန် Gesture icon (လက်ညှိုးပုံ) ကို long press ဖိထားပါ၊ speaker ပုံလေးပေါ်လာပါမည်။

Apple Store နှင့် Android Market တို့ တွင် Free ရယူနိုင်ပြီး၊ voice search (Dolphin Sonar) ကိုလိုချင်ရင်တော့ $0.99 နဲ့  ဝယ်ယူရပါလိမ့်မည်။



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... မိုးသိကြား

1 comment :

  1. ကိုမိုးရေ..
    iPhone 4G အတွက် CallRecorder လေးများရှိရင်တင်ပေးပါလား
    iOS 5.1.1 မှာ သုံးချင်လို့ပါခင်ဗျ ကျေးဇူးပါဗျ

    ReplyDelete