Sunday, April 1, 2012

iPhone, iPad, iPodTouch ကနေ မြန်မာကားများ ကြည့်ရှုနိုင်...

iPhone, iPad, iPod Touch တွေမှာ Flash movie တွေကို ကြည့်ဖို့ အတွက် Applications တွေရှိရင် ပြောပေးပါလို့  မကြာခဏ ကျွန်တော့်ထံ မေးလ်ပို့  ဆက်သွယ်လာကြပါတယ်။ အဲဒီလို မေးတိုင်းလဲ ကျွန်တော်က Skyfire, CloudBrowse နဲ့  iSwifter စတဲ့ App သုံးခုကို ညွှန်ပြပေးတတ်ပါတယ်။ ဒါပေမယ့် တစ်ကယ့်ပြဿနာက အင်တာနက် ကနေ မြန်မာကားတွေ တိုက်ရိုက် ကြည့်ချင်ကြတာပါ။

ကျွန်တော် စမ်းကြည့်သမျှဆိုရင် အပေါ်က App သုံးခုထဲက CloudBrowse တစ်ခုသာ မြန်မာဇာတ်ကားတွေ ကြည့်ရှုလို့  ရပါတယ် ဒါပေမယ့် အရမ်း အဆင်အပြေကြီး မဟုတ်ပါ။ နှေးတုန့်  နှေးတုန့် နဲ့  Connection မကောင်းရင် ပိုဆိုးပါတယ်။

အဲဒီလို Flash player support မလုပ်တာကိုက ဟုတ် ဟုတ်၊ မဟုတ် ဟုတ် iDevice ရဲ့  အားနည်းချက် တစ်ခုကြီးလိုဖြစ်နေပါတယ်။ အချို့  ကျွန်တော့် မိတ်ဆွေများက iPhone သာ သုံးနေပေမယ့်၊ iPad ဝယ်ဖို့ လိုလာပြီလဲဆိုရော Samsung Galaxy Tab 10.1 ကိုသာ ရွေးချယ် ဝယ်ယူသွားကြတာ တွေ့ ရပါတယ်။

အခု iPad 3 (New iPad) ထွက်ပြီလဲဆိုရော Flash player ရပြီလား...? တဲ့၊ မရရင် မဝယ်သေးဘူးတဲ့။
ကဲ... အဲဒါသာကြည့်ကြတော့ဗျာ။

Apple ကလဲ အားလုံးသိကြတဲ့ အတိုင်း Flash ရဲ့ အားနည်းချက်တွေကြောင့် HTML5 ကိုပဲ သွားချင်နေတယ်။ Internet ပေါ်က Website ၉၀% ကျော်လောက်ကလဲ Flash နဲ့  ရင်းနှီး ကျွမ်းဝင်လာကြတော့ HTML5 ကို တွင်တွင်ကျယ်ကျယ် မပြောင်းချင်ကြသေးဘူး။ အဲဒီ အဖြစ်ပျက်က ဘာနဲ့ သွားပြီး ဆင်တူနေသလဲဆိုရင် "ဇော်ဂျီ" နဲ့  "ယူနီကုဒ်" လိုပဲ၊ ကောင်းမှန်းတော့ သိတယ် ဒါပေမယ့် အကြာကြီး အကျွမ်းဝင်ခဲ့တော့ ပြောင်းပစ်လဲရမှာ ဝန်လေးနေတယ်၊ ဒီသဘောပါပဲ။

အဲဒီတော့ မြန်မာဇာတ်ကားတွေကို iDevice တွေကနေ ကြည့်ချင်တဲ့ သူတွေ အတွက် အဆင်ပြေအောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတာ ကျွန်တော်အတွက် တာဝန်ကြီး တစ်ရပ်လို စဉ်းစားလာမိပါတယ်။

ကျွန်တော်ကလဲ ရုပ်ရှင်ဆိုက် ထောင်ထားတာ မဟုတ်တော့ ကိုယ်ပိုင် မြန်မာဇာတ်ကားတွေလဲ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် YouTube ဆိုရင်တော့ iDevice က ကြည့်လို့ ရတာ ကျိမ်းသေပါတယ်။ အဲဒီအခါမှာ စဉ်းစားမိသွားတာက YouTube အသုံးပြုပြီး ရုပ်ရှင်တင်ပေးနေတဲ့ freemyanmarvcd.org ကို သတိရမိပါတယ်။

ဒီဆိုက်က ဇာတ်ကားတွေကို YouTube မှာ ပိုင်း, ပိုင်းပြီး တင်ထားတော့ တစ်စု တစ်စည်းထဲ ကြည့်နိုင်ဖို့  iDevice က လက်ခံတဲ့ Playlist တစ်ခု တည်ဆောက်ဖို့  လိုတယ် (သို့ မဟုတ်) HTML5 ပြောင်းပေးမလား ဆိုပြီး စဉ်းစားတော့ YouTube Playlist လုပ်ရတာ ပိုအဆင်ပြေနေတာကို တွေ့ ရပါတယ်။

ကျွန်တော့် ရည်ရွယ်ချက်က freemyanmarvcd.org ကို မေတ္တာရပ်ခံ ခွင့်တောင်းပြီး ကျွန်တော် နိုင်သလောက် လုပ်ကြည့်ပေးမလို့ ပါ (သို့ ) အကြံပေးမယ်ပေါ့။

ဒီလိုနဲ့  နမူနာ playlist လေးလုပ်ကြည့်ဖို့  မြန်မာဇာတ်ကား YouTube လင့်ခ် အချို့ ကို ယူဖို့ အတွက် freemyanmarvcd.org ကို ရောက်သွားတော့ အချို့ ဇာတ်ကားတွေ ကို အပိုင်း တစ်ပိုင်းထဲနဲ့  အစ/အဆုံး တင်ထားတာတွေ့ ရတော့ ဝမ်းသာသွားပါတယ်။

ဒါနဲ့ ပဲ မသင်္ကာလို့  iPad ကနေ ဝင်ကြည့်တော့မှ freemyanmarvcd က အရင်ကလို အဟုတ်တော့ပဲ iDevice တွေကပါ ကြည့်လို့ ရအောင် Embed code တွေ တစ်ပိုင်းခြင်း ဖြန့် ချပေးထားတာ တွေ့ ရလို့  ကျွန်တော်ကတောင် မေတ္တာရပ်ခံစရာ မလိုတော့အောင်ကို အဆင်ပြေသွားပါတယ်။



ကဲ... အခုဆိုရင် freemyanmarvcd.org ကနေ မြန်မာဇာတ်လမ်းတွေကို iPhone, iPad, iPodTouch ကနေ တစ်ဝကြီး ကြည့်ရှုလို့ ရပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
iDevice တွေ အတွက် အဆင်ပြေအောင် လုပ်ပေးတဲ့ freemyanmarvcd.org ကို ကျေးဇူးတင်ပါတယ်၊ ပိုမို အောင်မြင်ပါစေ...

ကျွန်တော့်ရဲ့  စမ်းသပ်ထားတဲ့ Playlist ကိုလဲ နမူနာ အဖြစ်တင်ပေးလိုက်ပါတယ်။ အပိုင်း တစ် ကနေ အပိုင်း နှစ်ကို ပြောင်းချင်ရင် Full screen mode ကိုပြောင်းလိုက်ပါ ဒီအခါမှာ Next, Previous, Volume တို့ ကို တွေ့ မြင်ရပါမယ်။

အချစ်လား လာထား




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား

Facebook Comments

0 comments :

Post a Comment