Sunday, August 26, 2012

Samsung က Apple ၏ မူပိုင်ခွင့်များကို ချိုးဖောက်

ကမ္ဘာပေါ်မှာ အကြီးဆုံး Smartphone ထုတ်လုပ်သော ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Apple နှင့် Samsung ဟာ ဈေးကွက်တွင်းမှာ ပြိုင်ဆိုင်မှုသာမကပဲ တစ်ဦးရဲ့ မူပိုင်ခွင့်တွေကို တစ်ဦးက ချိုးဖောက်ပါတယ် ဆိုပြီး တရားရင်ဆိုင် အမှုဖြစ်နေတာ တစ်နှစ်ကျော်ခန့် ရှိနေပါပြီ။

ယခုတော့ တရားရုံး ဂျူရီလူကြီးများက ၂၁ နာရီကြာ အဖက်ဖက်မှ စဉ်းစား နှိုင်းချိန်ပြီး နောက်ဆုံး အဆုံးအဖြတ် အမိန့် ကို ချမှတ်ခဲ့ပါတယ်....


အဲဒါကတော့ Samsung ဟာ Apple ရဲ့  မှုပိုင်ခွင့်တွေကို ချိုးဖောက်တဲ့ အတွက် အပြစ်ထင်ရှားတယ် လို့  ဆုံးဖြတ်ခဲ့ကြပါတယ်။
ထင်ရှားတဲ့ချိုးဖောက်မှုတွေ အဖြစ် တွေ့ ရှိရတာတွေကတော့....

- Apple ရဲ့  မူပိုင်ခွင့် (301) ဖြစ်တဲ့ (the bounce-back or rubber-band scrolling patent) တို့ ကို
Samsung ရဲ့  Galaxy Tab Wi-Fi, Continuum, Droid Charge, Exhibit 4G, Galaxy Ace, Prevail, S, 4G, S II, Galaxy Tab, The Gem Indulge, Infuse 4G, Mesmerie, Nexus S 4G, Replenish and Vibrant တွင် အသုံးပြုထားသည်။

- Apple ရဲ့  မူပိုင်ခွင့် (163) ဖြစ်တဲ့ (Tap to Zoom)
Droid Charge, Epic 4G, Exhibit 4G, Fascinate, Ace, Prevail, Galaxy X, Galaxy S 4G, S II AT&T, i9100, S II T-Mobile, Galaxy Tab, Tab 10.1, Infuse 4G, Mesmerize and Replenish တွင် အသုံးပြုထားသည်။

- Apple ရဲ့  Design မှုပိုင်ခွင့် (677) အရ
Fascinate, Galaxy S, S 4G, S 2 ATT, S2 i9100, S2 Tmobile, S 2 Epic 4G touch, Skyrocket, Showcase, Infuse 4G, Mesmerize, and Vibrant တို့ တွင်တွေ့ ရှိရသည်။

- Apple ရဲ့  Design မှုပိုင်ခွင့် (087) အရ S i9000, S 4G, and Vibrant တွင် တွေ့ ရသည်။

- Apple ရဲ့  Design မှုပိုင်ခွင့် (305) အရ
Captivate, Continuum, Droid Charge, Epic 4G, Fascinate, Galaxy S i9000, S 4G, Showcase, Gem, Indulge, Infuse 4G, Mesmerize, and Vibrant

- Apple ရဲ့  မှုပိုင်ခွင့်တွေဟာ မခိုင်လုံ၊ တရားမဝင်ပါဟု Samsung က သက်သေမပြနိုင်ပါ

အထက်ပါ အချက်အလက်တွေကြောင့် ဂျုရီလူကြီးများက Samsung တွင် ပြစ်မှုထင်ရှားကြောင့် ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအတွက် Samsung က Apple ကို ဆုံးရှုံးနစ်နာကြေး $1,051,855,000/ ပေးရန်ရှိပါတယ်။
ယင်းတန်ဖိုးများကို အောက်ပါအချက်တွေပေါ်မှာ တွက်ချက်ပေးလိုက်တာပါ...

- ပျံနှံ့ နေတဲ့ Samsung handset များအတွက် $57 မီလီယံကျော်
- Mesmerize အတွက် $44.8 မီလီယံ
- Replenish အတွက် $3.3 မီလီယံ
- Transform အတွက် $1 မီလီယံ



Apple အနေနဲ့  ဆွဲချက်တွေတိုင်းမှာတော့ အနိုင်ရရှိခဲ့တာ မဟုတ်ပါဘူး သို့ ပေမယ့် အထက်ပါ အကြောင်းကစ္စများက အဓိက စွဲချက်တွေဖြစ်နေပါတယ်။ ဒီဇိုင်းပိုင်းဆိုင်ရာ မှုပိုင်ခွင့်များကို တရားဝင်ကြောင်း သက်သေပြနိုင်ခဲ့တဲ့ အချက်က အနာဂါတ်မှာ ဒီဇိုင်းတုပလာမယ့် အဖြစ်အပျက်တွေကို ပြန်လည် ချေပနိုင်ဖို့ အတွက် အခွင့်ကောင်းတစ်ခုဖြစ်စေပါတယ်။
အခုလိုအခြေအနေမျိုးမှာ Apple ရဲ့  idea တစ်ခုခုကို သင့်ရဲ့  ထုတ်ကုန်မှာ တုပသုံးစွဲမယ်လို့  စိတ်ကူးလေးများ ကူးထားခဲ့ရင် အကောင်းဆုံးက "ခုချက်ချင်း မေ့ပစ်လိုက်ပါ" .....

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... မိုးသိကြား

8 comments :

  1. ကိုမိုးသကြား ခင်ဗျားကလည်း ရေးလိုက်ရင် I Device အကြောင်းပဲရေးနေတယ်။ မြန်မာနိုင်ငံက ခင်ဗျားလို သူဋ္ဌေး ရှားတယ်ဗျ။
    အားလုံးနီးပါးက Android ပဲ ကိုင်နိုင်တာပါ။တစ်ဖက်သက်တော့ မရေးပါနဲ့ဗျာ။ခင်ဗျားရဲ့ဆိုက်က အများအတွက် ဆိုရင် Android အကြောင်းလည်း ရေးကောင်းပါတယ်။ ကျွန်တော်က အကြံပေးတာပါ။ နောက်တစ်ခေါက်လာလည်ပါ့မယ်။

    ReplyDelete
    Replies
    1. Android က open source ဗျ။ သူကအများသုံးနိုင်အောင် စီစဉ်ထားတာပဲ။ အဲဒါကြောင့်အများသုံးနေတာဘာဆန်းလဲ။ ငွေကြေးကြောင့် မြန်မာပြည်မှာ မကိုင်နိုင် တာဆိုရင်တော့ အလုံးစုံမမှန်ပါဘး။ အင်တာနက်ကွန်နက်ရှင်လိုတယ် iTune နဲ့ချိတ်ဆက်ရမယ် ဆိုတော့နောက်ထပ်ကွန်ပြူတာ တစ်လုံးလိုအပ်လာတယ်။ ဖုန်းပဲသုံးချင်တယ် ကွန်ပြူတာ မရှိဘူး ရှိတယ် ကွန်ပြူတာ မသုံးတက်တဲ့ သူတွေအတွက် နည်းနည်း ကသီတယ်။ ဒါတွေလည်းပါတယ်ဗျ။ iOs ကသူ့လမ်းကြောင်းပေါ်မှာသူသွားနေတယ်။ လူတစ်ယောက်ရဲ့ life style တစ်ခုအဖြစ် ရပ်တည်လို့နေနေတယ်။ သူဌေးမှမဟုတ်ပါဘူး သူ့ကို crazy ဖြစ်တဲ့သူတွေအတွက် သူကတန်ရာတန်ကြေးပြန်ပေးပါတယ်နော်။ ကိုယ်ကျင်လည်ရာ ပါတ်ဝန်းကျင်အကြောင်းလေးရေးတာ သူလည်းလွပ်လပ်စွာ ရေးပါစေ။

      စိတ်မဆိုကြေး
      ကိုသန့်

      Delete
  2. samsung ကတကယ့်သူခိုးအကြီးစားပဲပြောင်ခိုး ပြောင်ငြင်း ပြောင်တု ဒါနဲ့များ နံပါတ်တစ်ဖြစ်ချင်သေးတယ် ဖြစ်ပါတယ်ခိုးတဲ့နေရာမှာလေ

    ReplyDelete
  3. ကိုမိုးသိကြား က....သူနားလည် တတ်ကျွမ်းတာ....ဝေမျှတာ...သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။စေတနာနဲ့ အချိန်ကုန်ခံ...ငွေကုန်ခံ...သူဝေမျှတာ ကို...ကျေးဇူးတောင် တင်သင့်ပါတယ်.....သူ့နေရာမှာ...ကိုယ်ဆိုရင်ရော...သူ့လို သူများ ကို..အသိပညာပေးရအောင်...ဗဟုသုတ နဲ့...အချိန်ရှိရဲ့လား..ဆိုတာ ပြန်လည်ဆန်းစစ်ဖို့လိုပါလိမ့်မယ်။ သူတင်ပြတဲ့....သတင်း က...လုပ်ကြံဖန်တီးထားတဲ့...သတင်းလဲ မဟုတ်ပါဘူး...တကမ္ဘာလုံး သိတဲ့...အတိုင်းအတာနဲ့ပါ။ ကျနော်တို့ မြန်မာတွေ....စိတ်သဘောထားတွေ...မြင့်ဖို့ လိုနေပြီလို့...ထင်ပါတယ်။

    ReplyDelete
  4. amaung344 ထောက်ခံတယ်(iTune နဲ့ချိတ်ဖို့ ID Account ဖွင့်ဖို့အထွက် MasterCard ရှိမှ)ဟီးးးးး

    ReplyDelete
    Replies
    1. အနော့်မှာ ID အကောင့် ကိုယ်ပိုင် မရှိဘူး..
      လုပ်ရတာ ဟိုဟာဒီဟာ တောင်းတာတွေ နားမလည်လို့...
      ဖွင့်ပေးတဲ့ လူကျတော့ ကိုးရီးယား အကောင့် ဖြစ်နေလို့ သုံးရတာ အဆင်မပြေဘူး..
      အဲဒါ သူငယ်ချင်း တစ်ယောက်က ငါ့မှာ စလုံး အကောင့် ရှိတယ် ဆိုလို့ သူ့အကောင့်နဲ့ ကပ်သုံးနေတာ ၁ နှစ်ကျော်လာပီ..
      ကိုမိုး အချိန်ရရင် အကောင့် လွယ်လွယ်ဖွင့်နည်းနဲ့.. ဘယ်လိုလုပ်ရင် ပိုအဆင်ပြေတယ်ဆိုတာလေးတွေ မျှဝေပါဦးဗျ

      Delete
    2. no need Master Card now!
      Apple ID can be sing up free!!!!!!
      here is a little trick, open iTunes and visit iTunes Store, click on any free application, when ask for sign in choose to create account.
      There u can select payment option as none.
      :D

      Delete
  5. ဘလော့စရေးကထဲက ပြောထားတယ်လေ..
    တက်တာ မျှဝေပါသတဲ့ဆိုမှ..

    ReplyDelete