လွန်ခဲ့သော ရသတ္တပါတ် က ဂျူရီလူကြီးများက Samsung ရဲ့  Device တွေဟာ Apple ရဲ့  မူပိုင်ခွင့်များနဲ့  ငြိစွန်းနေတဲ့ အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ကြပြီး နစ်နာကြေး ဒေါ်လာ ၁ဘီလီယံ၊ Apple ကို လျှော်ကြေးပေးရန် Samsung အပေါ် စီရင်ချက်ချခဲ့ပါတယ်။
သို့ ပေမယ့် Apple ကတော့ Samsung အပေါ် ယခုထက် ပိုမိုတဲ့ နောက်ထပ် အရေးယူမှုတွေ ပြုလုပ်ဖို့  အတွက် ဖော်ဆောင်နေပါတယ်....
အဲဒါကတော့ Galaxy S, SII မော်ဒယ်လ်များ အပါအဝင် Samsung ရဲ့ ဖုန်းတွေကို US မှာ ရောင်းချခွင့် ပိတ်ပင်ပေးဖို့  အတွက်ပဲဖြစ်ပါတယ်...
Apple က USA မှာ ရောင်းဝယ်ခွင့် ပိတ်ပင်ပေးဖို့  တင်ပြထားတဲ့ Samsung Device (၈)မျိုးကတော့..
1. Galaxy S 4G
2. Galaxy S2 (AT&T)
3. Galaxy S2 (Skyrocket)
4. Galaxy S2 (T-Mobile)
5. Galaxy S2 Epic 4G
6. Galaxy S Showcase
7. Droid Charge
8. Galaxy Prevail တို့ ဖြစ်ပါတယ်....
ပြဿနာများ ပေါ်ပေါက်ပြီးနောက် US တွင် အထက်ပါ Device များကို ယနေ့ အချိန် ရှာဖွေဝယ်ယူရန် ခက်ခဲနေပါပြီ။ Verizon မှာ Contract နှင့် free ရရှိနေသေးသော်လည်း ပစ္စည်းပြတ်နေပါတယ်။ Apple က ဒီတစ်ခါလဲ ထပ်နိုင်သွားရင်တော့ Samsung အနေနဲ့  ရောင်းဝယ်ခွင့် အပိတ်ခံရမှာဖြစ်ပါတယ်။
ယခင် အမှုမှာ Apple အနေနဲ့  အနိုင်ရရှိခဲ့သော်လည်း US မှာ Samsung ရဲ့  အထက်ပါ ပစ္စည်းများ ဆက်လက်ရှိနေပါက Apple အတွက် လုံးဝအစားထိုးမရနိုင်တဲ့ ထိခိုက်နစ်နာမှုများ ရှိနေဦးမှာဖြစ်ကြောင်း သက်သေပြ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ Apple အနေနဲ့  ယခုတစ်ခါ ရင်ဆိုင်ရမယ့် ကိစ္စက ယခင် အနိုင်ရခဲ့တဲ့ အမှုထက် ပိုမိုလွယ်ကူနိုင်ပြီး Samsung ကို US မှာ နောင်ကျဉ်သွားအောင် အပြုတ်တိုက်ဖွယ်ရာရှိပါတယ်...
နောက်ဆုံး Update သတင်းအရ "Samsung" ဟာ သူ့ ရဲ့  Smartphone ရောင်းချခွင့်ကို US မှာ အပိတ်ခံရနိုင်ဖွယ်ရာ ရှိတယ်လို့  Samsung နဲ့  Apple အမှုကို ကိုင်တွယ်ခဲ့သူ ကယ်လီဖိုးနီးယား ဂျုရီအဖွဲ့ ခေါင်းဆောင် "Vel Hogan" က "Bloomberg TV" မှာ အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်...
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
0 comments :
Post a Comment