iOS 6 ကို လက်ရှိမှာ Apple က Developer တွေအတွက် ရည်ရွယ်ပြီး Beta version တွေနဲ့  ထုတ်ပေးထားပါတယ်၊ သာမန် User များအတွက် iOS 6 ကို Stock Firmware အနေနဲ့  update ပေးမထားသေးပါဘူး။ ယခုလက်ရှိ စာရေးနေချိန်အထိ နောက်ဆုံး version က iOS 5.1.1 သာဖြစ်ပါတယ်။ သို့ သော် ရည်ရွယ်ချက် အမျိုးမျိုးကြောင့် မိမိရဲ့  iPhone 4S, 4, iPad 2, 3(New iPad), iPodTouch 4G, 3G တို့ မှာ iOS 6 (Beta 1) ကို တင်ထားမိသူများ အတွက် iOS 5.1.1 ကို Downgrade ပြန်ဆင်းနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
Downgrade ဆင်းဖို့ လိုအပ်တဲ့ သက်ဆိုင်ရာ iDevice ၏ iOS 5.1.1 ကို ဦးစွာ download လုပ်ပါ။
>> iOS 5.1.1 Download Here
လုပ်ငန်းစဉ်
- iDevice ကို USB အသုံးပြု၍ PC နဲ့ ချိပ်ဆက်ပြီး iTunes ကို ဖွင့်ပါ။
- iDevice ကို DFU mode ပြောင်းပါ။
DFU mode ဝင်ရန် Power + Home button ကို တွဲနှိပ်ပါ၊
၁၀ စက္ကန့် ကြာရင် Power button ကို လွှတ်ပြီး Home button ကို (iTunes က Pop-up message တက်လာသည်ထိ) ဆက်လက်နှိပ်ထားပါ။
- iTunes ၏ sidebar မှ Device ကိုရွေးပြီး Shift key (Window), Alt key (Mac) နှင့် တွဲ၍ Restore button ကိုနှိပ်၍ အပေါ်တွင် download ယူခဲ့သော iOS 5.1.1 ကို ရွေးချယ်ပေးလိုက်ပါ။
- iTunes မှ iOS 5.1.1 ကို ပြန်လည် Restore လုပ်နေပါပြီ....
Video Tutorial
>>iOS 5.1.1 ကို Jailbreak လုပ်ရန် ဤနေရာတွင် ဖတ်ရှုပါ...
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
မိုးသိကြား
New iPad iOS 6 ကို iOS 5.1.1 ပြန်ဆင်းရာမှာ firmware error ဆိုပြီး restore button click လုပ်တဲ့ အခါပေါ် လာပါတယ်။ အဆင်ပြေ မဲ့နည်းလမ်း ရှိရင်ပြော ပြပေးပါ။
ReplyDeleteကျွန်တော် စာပြန်ပြီးသွားပြီနော်... တစ်ခါ ထပ်ရေးပေး လိုက်မယ်...
DeleteFirmware iOS 5.1.1 restore.ipsw က မိမိ Device အတွက် ဟုတ် မဟုတ်ကို အရင်ပြန်စစ်ပါ။ နောက်တစ်ခုက Download ချစဉ်မှာ file အပြည့်အစုံ ပါမပါ စစ်ဆေးပါ။
နောက် တစ်ခုက iOS 5.1.1 မှာ iPhone 4 အတွက် ဆိုရင် _9B206 နဲ့  _9B208 နှစ်မျိုးရှိပြီး (784 MB) လောက်ရှိပါတယ်။ တစ်ခေါက်ပြန် စစ်ကြည့်ပါ။
နောက်တစ်ခုက အပေါ်က ပိုစ့်သည် iOS 6.0 Officially ထွက်မလာမီ Developer တွေ အတွက် ထုတ်ပေးထားတဲ့ Beta 1 version ဖြစ်နေတဲ့ အတွက် အပြောင်းအလဲ အများကြီး ရှိနိုင်ပါတယ်....
Deleteကျွန်တော့် ဖုန်းလေးကို ios 6 တင်လိုက်တာ သုံးလို့မရလောက်အောင်ဖုန်းကဟန်းနေတယ်။ အခုဒီပို့စ်မှာ ပြောပြထားသလိုလုပ်ကြည့်တာ အားလုံးအဆင်ပြေပေမယ့် နောက်ဆုံးကျမှ error ဆိုပြီး လုပ်လို့မရဖြစ်နေတယ် ဗျာ။ ဖုန်းက iphone 4 ပါ။ ios 5.1.1 လေးပြန်ရအောင် ကူညီပါအုံးဗျာ။
ReplyDeleteiPhone 4 မှာ iOS 6 ကို Upgrade သွားလုပ်လိုက်တာ တော်တော်လေး လေးနေပါတယ်...တစ်ခြားပြသနာတွေလဲ ကြုံနေရပါတယ်...
ReplyDeleteအဲဒါ iOS 6 ကနေ iOS 5.1.1 ကို Downgrade လုပ်လို့ရမဲ့ အဆင်ပြေပြေနဲ့ အလွယ်ကုဆုံး နည်းလေးတွေကို ပြောပြပေးစေချင်ပါတယ်...
Thanks...
အဆင်အပြေဆုံး ဆိုတာတော့ ခုထိ မရှိသေးပါဘူး။ ကျွန်တော် user တွေကို အမြဲသတိပေးပါတယ် update ပေးတိုင်း အရမ်း မစမ်းသင့်ပါဘူး၊ ခုလို iPhone model အမြင့်နဲ့  တွဲထွက်လာတဲ့ iOS ဆိုရင် ပိုပြီး သတိထားရပါတယ်။ ကျွန်တော်တို့  စောင့်ကြည့်ပြီး အသံတွေကို နားစွင့်ဖို့ လိုပါတယ်....
ReplyDeleteyah...i also update 6.no good for iphone4.very very slowly...now i also want downgrade..pls help me bro....we doing like that post...?????give me idea bro...pls :(
Deletebro...ur file iPhone3,1_5.1.1_9B208_(or) 9B206 Restore.ipsw ALL error...the error is....The iPhone "iPhone" could not be restore.An unknow error occurred(3194)..
ReplyDeleteအကိုရေ ကျနော် ဖုန်းက iphone 4 ios 6 ပေါ့နော် ၀ယ်ကတည်းကအဲ့အတိုင်းဖြစ်နေတာ.. ကျနော် downgrade ဆင်းရင် log ပြည်သွားနိုင်လား ... ပြည်သွားမယ်ဆိုရင်ကော ပြန်လုပ်လို.ရလား ကူညီပါအုန်းဗျာ ios6က သုံးရတာလေးလွန်းနေလို.ပါ။
ReplyDeleteကျွ်တော့်ကို မေးလ်နဲ့  လှမ်းမေးထားတဲ့ သူနဲ့  အတူတူပဲလားတော့ မသိဘူး၊ မေးထားတာကတော့ တစ်ပုံစံထဲပါပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ထပ်ပြောလိုက်ပါ့မယ်...
Deleteဘယ်နိုင်ငံမှာ သုံးနေတာပါလဲ.. နောက်ပြီး ဖုန်းကို တစ်ဆင့်ပြန်ဝယ်ထားတယ်ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ iPhone 4 တို့  iPhone 4S တို့ က iOS 6 နဲ့ လာစရာအကြောင်းမရှိပါ။ သုံးထားခဲ့တဲ့သူက iOS 6 ကို update လုပ်ထားတာဖြစ်နိုင်ပါတယ်။ iOS 6 မှာလဲ Unlock လုပ်လို့  မရသေးပါ..
ဒီတော့ iPhone 4 iOS 6 ကို မြန်မာပြည် ဖုန်းလိုင်းနဲ့  သုံးနေတာ ဖုန်းပြောနိုင်တယ် ဆိုရင်တော့ Locked ဖုန်း မဟုတ်တာ သေချာပါတယ်...
IOS 6 nat pat that yin tot , a tu tu pal byor
ReplyDeleteကိုမိုးသိကြား ကျွှန်တော် အိုင်ပေါ့ 3g ကိုဘယ်လိုဆက်လုပ်ရမလဲခင်ဗျာ အရင်က 4.0 ထဲကဘာရှင်းကို အသစ်ပေးတဲ့ဘာရှင်း 5.0 ကိုတင်တာ ဘာမှလဲတက်မလာတော့ဘူး လုပ်ဒင်းအဝိုင်းလေးဘဲပေါ်တယ်ဗျ itune နဲ့ချိတ်တော့လဲ အယ်ရာတက်တယ် ပါတ်ကုတ်ခံထားတယ်တဲ့ နှိပ်စရာလဲဘာမှမပေါ်ဘူးဗျ ပန်းသီးလိုဂိုနဲ့ လုပ်ဒင်းအဝိုင်းလေးနဲ့ တီ တီ နဲ့အသံဘဲမြည်နေတယ် ဘယ်လိုလုပ်ရင်ရလောက်လဲခင်ဗျာ ကျွှန်တော်လဲ မလုပ်ဘဲထားလိုက်တာ ၆ လလောက်ဖြစ်နေပြီ ဒီနေ့ပြန်လုပ်တာလဲအဲအတိုင်းဘဲဖြစ်နေလို့ အဆင်ပြေမဲ့နည်းလမ်းလေးရှိရင် ပြောပြပေးပါအုန်းနော်
ReplyDelete3G တွေက ဂိတ်ဆုံးသွားပြီလေ ညီလေး.. iPhone 3G ဆိုရင် iOS 4.2.1 မှာတင် ဂိတ်ဆုံးသွားပြီ၊ Hardware နိမ့်နေတဲ့ အတွက် iOS အမြင့်တွေကို တင်ခွင့်မရှိတော့ပါဘူး...
Deleteios 6.0 1 to 5.1.1 iphone 4s downgrade ပြန်ဆင်းချင်းတယ် ဘရိုရော ကူညီပါအုံး SHSHရှိတယ် 4s အတွက်၇ှာလို့ကိုမတွေ ဘူး 4 တွေပါရှိတာလားမသိဘူး ဗျာ ကူညီပါအုံး ခင်ဗျာ
ReplyDeleteအစ်ကိုပြောသလို့ဆင်းတာပဲမ၇ဘူး အစ်ကိုေ၇ Software လဲမှန်ပါတယ် error code 3194 ပဲပြနေတယ် အစ်ကို ရေ.
ReplyDeleteအောက်မှာနဂါး အလယ်မှာဘုရား iphone မှာ မိုးသကြားဟုတက်စားလောက်သော အစ်ကိုမိုးသာကြား ကျွှန်တော်သည် အထက်ပါနည်းအတိုင်း iphone4 ios 6.1.3 မှ ios 5.1.1သို့အောင်မြင်စွာ downgrade ဆင်းနိုင်ခဲ့သဖြင့် ကျေးဇူးအနန္တတင်ပါသည်။
ReplyDelete