Friday, September 7, 2012

iPad အတွက် Personal Hotspot

Personal Hotspot ဆိုတာကိုတော့ 3G နှင့် iDevice သုံးစွဲသူ တော်တော်များများ ရင်းနှီး သိရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ယခင် "Internet Tethering" ဆိုတဲ့ အခေါ်အဝေါ်ကို iOS 5 နောက်ပိုင်းမှာ "Personal Hotspot" လို့  ပြောင်းလဲခဲ့တာဖြစ်ပြီး iPhone တွေမှာသာ ပါရှိတဲ့ Apple ရဲ့  Feature တစ်ခုပါ။
Personal Hotspot ရဲ့  လုပ်ဆောင်ချက်ကတော့ Internet connection 3G SIM အသုံးပြုနေသော iPhone မှတစ်ဆင့် အခြား device များကို Internet သုံးစွဲနိုင်ရန် WiFi အနေနဲ့  ပြန်လည် ထုတ်လွတ်ပေးပြီး USB / Bluetooth တို့ နှင့် ချိပ်ဆက်၍ အသုံးပြုနိုင်ပါတယ်...

Personal Hotspot ဟာ iPhone မှာသာပါဝင်တာမို့  iPad သုံးသူများ အနေနှင့် ယနေ့  ထိ အသုံးပြုလို့  မရနိုင်သေးပါဘူး။ ယခုတင်ပြမယ့် အကြောင်းအရာကတော့ Personal Hotspot ကို iPad မှာ သုံးလို့ ရအောင် တင်ပြပေးမှာဖြစ်ပါတယ်။

အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ရန် သင်၏ iPad သည် Jailbreak ဖြစ်ရန် လိုအပ်ပါသည်။

အဆင့် ၁)
ဦးစွာ ပထမ Cydia တွင် Source ထည့်ပါ။
Cydia -> Sources -> Edit -> Add တွင် "http://cydia.xsellize.com" ဟုရိုက်ထည့်ပါ။


အဆင့် ၂)
xSellize တွင် အောက်ပါပုံ အတိုင်း "TetherMe" ကို ရှာပြီး Install လုပ်ပါ။



အဆင့် ၃)
Install လုပ်နေစဉ်တွင် အောက်ပါပုံအတိုင်း message ပေါ်လာပါမည်၊ "OK" သာနှိပ်ပါ။
ထိုနောက် Springboard Restart လုပ်ခိုင်းပါလိမ့်မည်။ Restart လုပ်ပါ။


အဆင့် ၄)
Setting ထဲရှိ Extensions အောက်တွင် TetherMe ကို တွေ့ ရပါလိမ့်မည်။ Personal Hotspot ကို "ON" ပြီး အသုံးပြုနိုင်ကြပါပြီ...



မှတ်ချက်။ ။ လက်ရှိ TetherMe 2.3-9 version သည် iPhone 1G မှာ အလုပ်မလုပ်ပါဘူး။ iPad 2 အတွက် USB တစ်မျိုးနှင့်သာ ချိပ်ဆက် အသုံးပြုနိုင်ပြီး Bluetooth နဲ့ တော့ ချိပ်ဆက်နိုင်မှာ မဟုတ်သေးပါဘူး။ iOS3.xx, iOS4.xx, iOS5.xx များမှာ အသုံးပြုနိုင်ပါလိမ့်မည်။

Jailbreak ပြုလုပ်ခြင်း၏ အားသားချက်တစ်ခု ဖြစ်ပါတယ်...
Special Thanks to "Ko Thant".

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား


4 comments :

  1. ကျေးဇူးပါ ကိုမိုးသိကြားရေ

    ReplyDelete
  2. အကိုရေ..
    ကျနော်တို့ သူငယ်ချင်း တစု i Phone 4 ကိုယ်စီ ဝယ်ပီးတော့
    apple ID ကို တခုထဲ မျှသုံးနေတယ်ဗျာ.. လွန်ခဲ့တဲ့ ၁ နှစ်ကျော် ကထဲကပဲဗျာ
    ကိုယ်ပိုင်ဖွင့်ထားတဲ့ အကောင့်တွေက ကိုးရီးယားအကောင့်တွေဆိုတော့ app တွေက သိပ်ပီး ကောင်းကောင်း မစုံဘူး
    သူငယ်ချင်းတစ်ယောက်ကတော့ စင်္ကာပူအကောင့် ငါ့မှာ ရှိတယ်ဆိုလို့ သူ့အကောင့်ပဲ ဝိုင်းသုံးနေကြတယ်..
    အခု သုံးရတာ အဆင်မပြေတာလေးတွေ ရှိလာတယ် အကိုရေ..
    iCloud ကနေ ဖြစ်တာလား မသိဘူး
    ကိုယ် မထည့်ထားတဲ့ ဓာတ်ပုံတွေ ရောက်နေတယ်..
    iCloud မှာလဲ Storage က တက်နေတယ်..
    ကိုယ်ပိုင်အကောင့် တခု လုပ်မယ် ဆိုပီး ဖွင့်လိုက်တော့ အကောင့်က ရသလိုလိုနဲ့ မရ ဖြစ်နေတယ်
    Gift codes ဆိုလား အကိုရေ..
    အဲနေရာမှာ တစ် နေတော့တာပဲ
    apple ID အတွက် အကို အသေးစိတ် ပို့တခု ရေးတင်ပေးပါဦး
    တင်းထားတယ် ဆိုရင်လဲ လမ်းညွှန်ပါဦးအကို..
    အခက်ခဲ ဖြစ်နေတာရယ် ကိုယ်ပိုင်လေး ရှိချင်တာရယ်ကြောင့်ပါ..
    စောင့်နေမယ် အကို

    ReplyDelete
    Replies
    1. နွယ်နီ... http://www.moethagyar.info/2010/12/itune-account_11.html မှာ အသေးစိတ်လေး ရေးပေးထားခဲ့ပါတယ် ဖတ်ကြည့်လိုက်ပါ...

      Delete